| ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကို ဇူလိုင်လ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တွေ့ရစဉ် |
လွှတ်တော်ဥက္ကဌ ခွင့်မပြုရင် မသွားရတဲ့သဘောဖြစ်သွားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေနဲ့ လိုက်နာဖို့ အခက်အခဲရှိကြောင်း ရခိုင်အမျိုးသားပါတီ မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန် က ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းဖြစ်စေ လွှတ်တော်ကဖွဲ့စည်းထားတဲ့ ကော်မတီတွေကိုဖြစ်စေ ဖိတ်ကြားလာမယ်ဆိုရင် ဖိတ်ကြားတဲ့ အဖွဲ့အစည်းတွေ ကို ပြည်သူ့ လွှတ်တော်ဥက္ကဌထံ လိပ်မူပြီး ဖိတ်ကြားစေလိုကြောင်း ပြန်လည်ပြောကြားဖို့ လွှတ်တော်ရုံး ကြေညာချက်မှာ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ခန်းမအတွင်းကို လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ကိုယ်ရေးအရာရှိတွေ မ၀င်ထွက်ကြဖို့လည်း ပါရှိပါတယ်။
လွှတ်တော်ကိုယ်စားလှယ်အဖြစ် အစည်းအဝေးတွေ ပြန်လည်တက်ရောက်နေကြတဲ့ ဒုတိယ သမ္မတဟောင်း ဦးဥာဏ်ထွန်းနဲ့ ၀န်ကြီးဟောင်းတွေ၊ တပ်မတော်က အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ကြီး တွေရဲ့ ကိုယ်ရေးအရာရှိတွေဟာ ပြည်သူ့လွှတ်တော်ခန်းမအတွင်းကို လိုက်ပါကြတာဖြစ်ပါတယ်။
RFA Burmese
No comments:
Post a Comment