ရန်ကုန်တိုင်းအစိုးရက မူလခွင့်ပြုထားတဲ့ အထပ်အရေအတွက်ထက်
လျှော့ချဆောက်လုပ်ဖို့ ညွှန်ကြားထားတဲ့ အထပ်မြင့်ကွန်ဒို ၁၂ လုံးထဲမှာ
၈လုံးဟာ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ဆောက်လုပ်ထားတာဖြစ်တဲ့အတွက်
တိုင်းအစိုးရအနေနဲ့ ပြန်လည်စဉ်းစားသင့်ကြောင်း ရန်ကုန်တိုင်း လွှတ်တော်ရဲ့
ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ က တိုင်းအစိုးရထံ တင်ပြထားပါတယ်။
ကွန်ဒို ၈လုံးရဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ကွန်ဒိုအခန်းကြိုတင်ဝယ်ယူထားသူတွေက
သူတို့ရဲ့ နစ်နာမှုတွေကို တင်ပြလာတာကြောင့် စစ်ဆေးတဲ့အခါမှာ စည်းကမ်းမဲ့
ဆောက်လုပ်ထားခြင်း မဟုတ်တာကို တွေ့ရှိခဲ့တာကြောင့် တိုင်းအစိုးရထံ
သုံးသပ်ချက်ပြန်တင်ပြပေးတာဖြစ်တယ်လို့ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့
စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျ က ပြောပါတယ်။
အဲဒီအထပ်မြင့်ကွန်ဒို ၈လုံးဟာ မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက်၊
မရမ်းကုန်းမြို့နယ် ပြည်လမ်းမ၊ အလုံမြို့နယ် သစ်တောရပ်ကွက်၊ တာမွေမြို့နယ်
နတ်မောက်ရိပ်သာလမ်း၊ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်း၊
ရန်ကင်းမြို့နယ် စိမ်းလဲ့အောင် ကွန်ဒို၊ ကမာရွတ်မြို့နယ် ဂိုးဒင်းဒဂုံ
ကွန်ဒိုနဲ့ ဗိုလ်တစ်ထောင်မြို့နယ် ကုန်သည်လမ်းမှာ ဆောက်လုပ်နေတဲ့
အဆောက်အအုံတွေ ဖြစ်ပါတယ်။
အထပ်လျှော့ဖို့ ညွှန်ကြားခံရတဲ့
ကွန်ဒိုအများစုဟာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ကွန်ဒိုတွေဖြစ်ပြီး
အိုးအိမ်နဲ့ စည်ပင်ဌာနတို့က ကန်ထရိုက်ယူဆောက်လုပ်နေတာတွေကိုလည်း
စီစစ်ပေးဖို့ တင်ပြထား တယ်လို့ ဦးကျော်ဇေယျ က ပြောပါတယ်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ အထပ်မြင့်အဆောက်အဦ ဆောက်လုပ်ခွင့်ဆိုင်ရာ
ညွှန်ကြားချက် အသစ်ကြောင့် အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော်
နစ်နာဆုံးရှုံးနေတယ်လို့ ရန်ကုန်မြို့အခြေစိုက် ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ
ပြောခဲ့ပါတယ်။
အထပ်မြင့်အဆောက်အဦ ၁၈၅ လုံးကိုလည်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့အင်္ဂါရပ်နဲ့ ညီ မညီ ပြန်စီစစ်ဖို့
ဆိုပြီး ပြီးခဲ့တဲ့မေလထဲက လုပ်ငန်းရပ်နားခိုင်းထားတဲ့အတွက် ဆောက်လုပ်ရေး
လုပ်သား သောင်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်နေတယ်လည်း လုပ်ငန်းရှင်တွေက
ပြောပါတယ်။
Photo: Myo Zaw Ko/ RFA (ရန်ကုန်မြို့က
No comments:
Post a Comment