Monday, July 25, 2016
လိပ်ကျွန်းအယူခံဝင်မှုနှင့်ပတ်သက်၍ ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံးအထူးအဖွဲ့မှ တာဝန်ရှိသူတို့ ယခုလ ၂၈ ရက်တွင်တွေ့ဆုံ၍ အယူခံတင်သွင်းမှုနှင့်ပတ်သက်ပြီး တွေ့ ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဟု မြန်မာသံရုံးအထူးအဖွဲ့မှ သိရသည်။ ''အယူခံနဲ့ပတ်သက်ပြီး ထိုင်းတရားရုံးရဲ့ သုံးသပ်ချက်တွေရယ်၊ ရှေ့ဆက် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာနဲ့ ပတ် သက်ပြီး အစည်းအဝေးလုပ်ဖို့ရှိပါတယ်''ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေး နေသည့် ရှေ့နေဦးအောင်မျိုးသန့်ကပြောသည်။ အယူခံတင်သွင်းမှုပြီးသည့်နောက် ပထမဆုံးအကြိမ် အ ဖြစ် တွေ့ ဆုံဆွေးနွေးမှုဖြစ်ကြောင်း သိရသည်။
လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံ သားနှစ်ဦးကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ကော့စမွေခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ သားနှစ်ဦး ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ထိုင်းရှေ့နေများကောင်စီက အယူခံတင်သွင်းနေခြင်းဖြစ်ကြောင်းသိရသည်။ ဗြိတိန်နိုင်ငံသားနှစ်ဦး သေဆုံးမှုကြောင့် တရားခံအဖြစ် စွပ်စွဲခံရ သူ ကိုဝင်းဇော်ထွန်းနှင့် ကို ဇော်လင်းတို့နှစ်ဦးအား လူသတ်မှုအပါအဝင် ပုဒ်မခုနစ်ခုဖြင့် သေဒဏ်အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး အမိန့်မချမှတ်မီတွင် လူသတ်သည်ဟုရိုက် နှက်ပြီး ဝန်ခံ ခိုင်းကြောင်း ရှေ့နေဦး အောင်မျိုးသန့်က ပြောကြားထား သည်။
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း(လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံသားနှစ်ဦး သေဆုံးမှုကြောင့် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သော ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့နှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့ က သေဒဏ်အမိန့်ချထားပြီး ထိုင်းရဲတပ်ဖွဲ့၏မျိုး ဗီဇ(DNA) စစ်ဆေးမှုသည် ပြည့်စုံ မှုမရှိ၍ ပြန်လည်စစ်ဆေးရန် နိုင်ငံတကာ ဥပဒေရေးရာနှင့် မှုခင်းဆေးပညာသိပ္ပံပညာရှင်များက တိုက် တွန်းထားကြောင်း သိရသည်။m လိပ်ကျွန်းကမ်းခြေတွင် ဗြိတိန်နိုင်ငံသားခရီးသည် ဟန်နာဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့ နှစ်ဦး ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က အသတ်ခံရမှုတွင် ထိုင်း ရဲတပ်ဖွဲ့ကတရားလိုပြုလုပ်၍ မြန် မာရွှေ့ပြောင်းလုပ်သား ကိုဇော် လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား တရားခံအဖြစ် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။
ရွှေရည်ဝင်းထက်
#theflowernews
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, July 25, 2016
လိပ်ကျွန်း အယူခံ ကိစ္စအတွက် ထိုင်းရှေ့နေများ ကောင်စီနှင့် မြန်မာသံရုံး အထူးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment