Tuesday, July 5, 2016

တောင်သာတွင် ကျောင်းသူကို ထန်းလက်ပြားဖြင့် ရိုက်သော ကျောင်းအုပ် ဆရာမကြီး စစ်ဆေးခံရမည်


Tuesday, July 5, 2016

မြင်းခြံခရိုင် တောင် သာမြို့နယ်ရှိ မူလတန်းကျောင်း တွင် ပညာသင်ကြား နေသည့် စတုတ္ထတန်းကျောင်းသူအား ထန်း လက်ပြားဖြင့် ရိုက်နှက်ခဲ့သော ကျောင်းအုပ်ဆရာမကြီးကို ခေါ် ယူ စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

တောင်သာမြို့နယ်ရှိ အခြေ ခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြား နေသော စတုတ္ထ တန်းကျောင်းသူကို သင်္ချာညံ့ သည်ဟုဆိုကာ ကျောင်းအုပ် ဆရာမကြီးက ထန်းလက်ပြားဖြင့် ဇူလိုင် ၁ ရက်က ရိုက်နှက်ခဲ့၍ ခြေသလုံး၊ ပေါင်တို့တွင် ဒဏ်ရာ ရရှိခဲ့ကာ ဆေးရုံတက်၍ ကုသမှု ခံယူခဲ့ရကြောင်း တောင်သာမြို့ နယ် ပညာရေးမှူးဦးသန်းညီက ပြောသည်။

‘‘ကျွန်တော်လည်း တခြား အလုပ်တွေရှိနေတာနဲ့ ဆရာမကြီးကို ခေါ်ယူ စစ်ဆေးဖို့တော့ လုပ် ထားတယ်။ ကလေးရဲ့မိဘတွေ ကိုလည်း မေတ္တာရပ်ခံ ထားတယ်။ မိဘတွေဖြစ်ချင်တဲ့ ဆန္ဒတွေကို ခရိုင်၊ တိုင်းအဆင့်ဆင့် တင်ပြ ပေးသွားမယ်။ ဆရာမကြီးက လည်း သူကိုယ်တိုင် ဝန်ခံပါ တယ်။ ကလေးမ လေးက သုံးတန်းတုန်းက စာတော်ပြီး လေးတန်းကျ တော့ အခုလိုဖြစ်တော့ စေတနာ ဒေါသကြောင့် ဖြစ်သွားတာပါ။ စေတနာဆိုပေမယ့် အရွယ်နဲ့မမျှ တဲ့ လုပ်ရပ်မျိုး ဖြစ်သွားတာပေါ့’’ ဟု ၎င်းကပြောသည်။

ကျောင်းသူကို ရိုက်နှက်ခဲ့ မှုနှင့်ပတ်သက်၍ ကျောင်းအုပ် ဆရာမကြီးကို စစ် ဆေး ရန် မြို့ နယ်ပညာရေးမှူးကို ညွှန်ကြား ထားပြီး စစ်ဆေးပေါ်ပေါက်ချက် များကို တိုင်းဒေသကြီး ပညာရေး မှူး၏ ညွှန်ကြားချက်ဖြင့် ဆက် လက် လုပ်ဆောင် မည်ဖြစ်ကြောင်းမြင်းခြံခရိုင် ပညာရေးမှူးက ပြောသည်။

ကျောင်းအုပ်ဆရာမကြီးက ထန်းလက်ပြားဖြင့် ရိုက်နှက်ခဲ့မှု ကြောင့် စတုတ္ထတန်း ကျောင်းသူ သည် ဆေးရုံတစ်ရက်တက်၍ ဆေးကုသမှု ခံယူပြီးနောက် ကျောင်းပြန်တက်နေပြီဖြစ် ကြောင်း တောင်သာမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

7Day Daily


No comments: