Tuesday, July 5, 2016

သာကေတတွင် အမျိုးသမီးတစ်ဦး တိုက်ခန်းအတွင်း အသတ်ခံရ


Tuesday, July 5, 2016

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ တိုက်ခန်း တစ်ခုတွင် ဓားဒဏ်ရာ များဖြင့် သေဆုံးနေသော အမျိုးသမီးတစ် ဦး၏ ရုပ်အလောင်းကို ဇူလိုင် ၄ ရက် ညနေက တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ် နေကြောင်း သတင်းရရှိသည်။

အဆိုပါ ဓားဒဏ်ရာများဖြင့် သေဆုံးနေသူမှာ အသက် (၅၁) အရွယ်ရှိ ဒေါ်တင်တင်ထွေးဖြစ်ပြီး ဓားဒဏ်ရာများဖြင့် သေဆုံးနေ ခြင်းကို ဆွေမျိုး များက စတင်တွေ့ ရှိသဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါနေအိမ်တွင် သေဆုံး သူအမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာအငှား တက္ကစီယာဉ်မောင်းသူဖြစ် ပြီး တက္ကသိုလ် ပထမနှစ် တက် ရောက်နေသူ သားတစ်ဦးရှိကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မြင့်ထွေးက ပြောသည်။‘‘အလောင်းကို စတင်တွေ့ရှိတဲ့အချိန်မှာ ညနေ ၆ နာရီမှာ သူတို့ အကြောင်းကြားတယ်။ ကျွန်တော်တို့သွားစစ်တယ်။ ဒဏ်ရာတွေနဲ့တွေ့တယ်။ ဘာကြောင့် သတ်သလဲဆိုတာ ကျွန်တော်တို့ ပြောလို့ မရသေးဘူး။ လက်ရှိ စီအိုင်ဒီက လာစစ်ဆေးပေးနေတယ်။ကျန်တာတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေ တုန်းပါ’’ဟု ဒုရဲမှူးကြီးမြင့်ထွေးက ပြောသည်။

သေဆုံးသူအမျိုးသမီးသည် ရန်ပြေ(၁၈)လမ်း အနောက်၊ ၃/ ရန်ပြေရပ်ကွက် သာကေတမြို့ နယ်တွင်နေထိုင်သူဖြစ်ကြောင်းကနဦး သတင်းရရှိသည်။

7Day Daily


No comments: