Tuesday, July 5, 2016

လူထုခေါင်းဆောင်ကို သောတာပန်လိုမျိုးယုံကြည်နောက်လိုက်ကြသူတွေကရော ဒီလိုမျိုးလုပ်ပါ့မယ်လို့ မယုံကြည်နိုင်ဘူးဗျာ။

ဟို ဒုဦးစီးမှူးလေးကို နိုင်ငံတော်အတိုင်ပင်ခံအား ကုလားမယားလို့ပြောဆိုမှုနဲ့အမှုဖွင့် ရဲကလာရောက်ခေါ်ဆောင်သွားတယ်ဆိုတော့ အတွေးတွေ များပါ့။

တကယ်ဆိုတော့ မေတ္တာ ကရုဏာနဲ့တိုင်းပြည်ကို အုပ်ချုပ်မယ့် လူထုခေါင်းဆောင်ရဲ့ သဘောထားနဲ့မကိုက်ညီဘူးမို့လား။ခေတ်ဆိုးကြီးကိုဖြတ်သန်းခဲ့ဖူးသူတွေအနေနဲ့ ဒီလိုစကားမျိုးနဲ့ လူတစ်ယောက်ဒုက္ခရောက်အောင် လုပ်လိုက်မယ်ဆိုတဲ့စိတ်မျိုးကို ကိုယ်ချင်းစာစိတ်ပြည့်ဝစွာနဲ့သဘောထားသေးစွာနဲ့ ယောင်လို့တောင် စဉ်းစားမိမယ်မထင်ပါဘူး။

လူထုခေါင်းဆောင်ကို သောတာပန်လိုမျိုးယုံကြည်နောက်လိုက်ကြသူတွေကရော ဒီလိုမျိုးလုပ်ပါ့မယ်လို့ မယုံကြည်နိုင်ဘူးဗျာ။

ဒါနဲ့ပဲ တမျိုးတွေးကြည့်တယ်။
အခု အမှုဖွင့်တဲ့သူက ဘယ်သူပါလိမ့်။
သူက အင်အယ်လ်ဒီပါတီဝင် ဒါမှမဟုတ် လူထုခေါင်းဆောင်ကို ကြည်ညိုထောက်ခံသူရော ဟုတ်ပါရဲ့လား။အခုလာဖမ်းတာက ရဲဆိုတော့ သူကပြည်ထဲရေးက။ပြည်ထဲရေးက ကာကွယ်ရေးဘက်က တာဝန်ယူထားတော့။
စွဲတဲ့ ပုဒ်မကရော ဘာနဲ့ပါလိမ့်ပေါ့။

မင်းတို့မေမေနဲ့အဖွဲ့က အပြောတခြား အလုပ်တခြား ငါတို့ထက်တောင် အာဏာရှင်ဆန်သေးတယ်လို့ ထင်သွားစေအောင် ဟိုကြားဖူးနားဝ ရှဲဒိုးအစိုးရနဲ့ပြည်ထဲရေးနဲ့ ရုပ်ပြတစ်ယောက်ကို အမှုဖွင့်စေပြီး ရုပ်ရှင်ရိုက်သလားလို့များလားလို့ ကြံကြီးစီရာ တွေးမိပါရဲ့။

ဒီလိုတွေးပြီး ဟိုအမှုဖွင့်တဲ့သူကို လူထုခေါင်းဆောင်ကို လုထုက အကြည်ညိုပျက်အောင် သိက္ခာချမှုနဲ့ တရားတော့ သွားပြန်မစွဲကြနဲ့နော်။

ဟဟဟ။
ကျွန်တော်က စတာဘာဗျာ။

No comments: