Sunday, July 3, 2016

နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက်၍ နိုင်ကျဉ်းနှစ်ဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့မေတ္တာရပ်ခံ



 နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက် ၍ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန် ကြီး၏ပြောကြားချက်အပေါ် ဖြေ ရှင်းဆောင်ရွက်ပေးရန် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်ထံ နိုင်ငံရေးအကျဉ်း သားဟောင်းအဖွဲ့နှစ်ဖွဲ့ ပူးပေါင်း ကာ မေတ္တာရပ်ခံစာ တင်ပြတောင်းဆိုထားကြောင်း သတင်းရရှိသည်။

 နိုင်ငံရေး ယုံကြည်ချက် ကြောင့် ဥပဒေနှင့်အညီ လွတ်လပ် စွာ ဆန္ဒထုတ်ဖော်မှုအပေါ် အရေး ယူခံရမှုကိုသာ နိုင်ငံရေးအကျဉ်း သားအဖြစ် လက်ခံသည်ဟု နိုင်ငံ တော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ၏ ပထမရက် ၁၀၀ စီမံကိန်းများ နှင့်ပတ်သက်၍ ပြည်ထောင်စုဝန် ကြီး ဦးကျော်တင့်ဆွေက ပြော ကြားထားကြောင်း ဇွန်လ ၂၇ ရက် ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ ပြောကြားချက် ကြောင့် နိုင်ငံရေးအကျဉ်းသားများ ၏ ဝေဖန်ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့ ကြပြီး နိုင်ငံတော်အတိုင်ပင်ခံ ရုံး ၀န်ကြီး၏ ပြောဆိုမှုကို ဖြေရှင်း ဆောင်ရွက်ပေးရန် နိုင်ငံရေးအ ကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအဖွဲ့ (AAPP) နှင့် နိုင်ငံရေးအ ကျဉ်းသားဟောင်းများအဖွဲ့ (FPPS)တို့က ဇွန်လ ၃၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မေတ္တာရပ်ခံစာပေးပို့ တောင်းဆို ထားခြင်း ဖြစ်သည်။

‘‘ဒီမိုကရေစီအစိုးရလက် ထက်မှာ နိုင်ငံရေးအကျဉ်းသားမရှိ စေရဆိုတဲ့ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ရဲ့ စိတ်ရင်းစေတနာ၊ မူဝါဒနဲ့ လမ်းညွှန်မှုကို ကျွန်တော် တို့က ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ တဲ့ သဘောပဲဖြစ်ပါတယ်။ နိုင်ငံ ရေးအကျဉ်းသားဆိုတာနဲ့ ပတ် သက်လို့တော့ ပြင်ပအဖွဲ့အစည်း တွေရဲ့ စာရင်းဇယားအရ အမျိုး မျိုးဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ကတော့ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မူဝါဒအရ နိုင်ငံရေးယုံကြည် ချက်ကြောင့် ဥပဒေနဲ့အညီ လွတ် လပ်စွာဆန္ဒထုတ်ဖော်မှုတွေအ ပေါ်မှာ အရေးယူခံရတာတွေကိုပဲ နိုင်ငံရေးအကျဉ်းသားအဖြစ် လက်ခံပါတယ်’’ဟု ပြည်ထောင်စုဝန် ကြီး ဦးကျော်တင့်ဆွေက ပြော ကြားခဲ့သည်။

၎င်း၏ပြောကြားချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားထားသည့် ပုံစံမျိုးဖြစ်နေ ခြင်းကြောင့် ဒေါ်အောင်ဆန်းစု ကြည်၏ မူဝါဒ၊ သဘောထားပါဝင် မှု ရှိ၊ မရှိ သိရှိနိုင်ရန် စာရေးသားတင်ပြတောင်းဆို လိုက်ခြင်းဖြစ် ကြောင်း AAPP မှ ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မျိုးကျော်က ဆိုသည်။

‘‘ကျွန်တော်တို့က လက်ရှိ လွှတ်တော်ကို မေတ္တာရပ်ခံချင် တာက နိုင်ငံရေးအကျဉ်းသားတွေ က ခေတ်အဆက်ဆက် ရှိခဲ့တယ်။ လက်ရှိ လွှတ်တော်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားလွှတ်တော် ကိုယ်စားလှယ်တွေ အများစု ရောက်နေကြပြီ။ အစိုးရထိပ်ပိုင်း တွေမှာလည်း နိုင်ငံရေးအကျဉ်း သားတွေ ပါဝင်နေတယ်။ ဒါ ကြောင့် ဘယ်သူတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး ဘယ်သူတွေကို နိုင်ငံရေးအကျဉ်း သားအဖြစ် မသတ်မှတ်ဘူးဆိုတာ တိတိကျကျ ပြဋ္ဌာန်းနိုင်ဖို့ လိုအပ် လာပါပြီ’’ဟု ၎င်းကပြောသည်။

နိုင်ငံရေးအကျဉ်းသားများကို တိတိကျကျ သတ်မှတ်နိုင်ရန် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆို ချက်တစ်ခုကို လွှတ်တော်နှင့် အစိုးရက တရားဝင်အဓိပ္ပာယ်ဖွင့်ဆို ချက် ထွက်ရှိလာအောင် အကောင် အထည်ဖော်ဆောင်ရွက်ပေးရန်  မေတ္တာရပ်ခံ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

နိုင်ငံရေးအကျဉ်းသား ဟောင်းများ အဖွဲ့(FPPS) မှ နိုင်ငံရေးအ ကျဉ်းသားရေးရာ ကော်မတီအ တွင်းရေးမှူးဦးထွန်းကြည်က ‘‘ဦးကျော်တင့်ဆွေသုံးစွဲတာက အန်တီရဲ့ သဘောထားလား။ အန်တီရဲ့ မူဝါဒလားဆိုတာသိရှိဖို့ လိုအပ်ပါတယ်။ ဦးကျော်တင့်ဆွေ က သူပြောတဲ့စကားအပေါ်မှာ တာဝန်ယူရမယ်။ ဒီမိုကရက်တစ် အင်အားစုတွေကြားမှာတော့ စိတ် ၀မ်းကွဲမှုတွေ၊ သဘောထားကွဲလွဲ မှုတွေ ဖြစ်ပေါ်အောင်ရည်ရွယ် ချက်ရှိရှိ ပြောဆိုတယ်လို့ပဲ သုံး သပ်ပါတယ်’’ဟု ပြောသည်။

၂၀၁၄ သြဂုတ်တွင် ရန်ကုန် မြို့ ဓမ္မပီယကျောင်းတိုက်တွင် နိုင်ငံ ရေးအကျဉ်းသားဟောင်းများ၊ ဥပဒေပညာရှင်များ၊ ရှမ်းတိုင်းရင်း သားဒီမိုကရေစီအဖွဲ့ချုပ်( SNLD)၊၈၈ မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့၊ AAPP, FPPS နှင့် နိုင်ငံတကာမှ ပညာရှင်တို့ အလုပ်ရုံဆွေးနွေးပွဲ  ကို နှစ်ရက်ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအ ကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် အား ထုတ်ပြန်ကြေညာခဲ့ဖူးသည်။

နိုင်ငံရေးအကျဉ်းသားများ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် မည်သူ မဆို၊ မည်သည့်အကြောင်းကြောင့် ဖြစ်စေ၊ လွတ်လပ်မှု၊ တရားမျှတ မှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေး နှင့် တိုင်းရင်းသားအားလုံးပါဝင် သည့် နိုင်ငံသားအခွင့်အရေးတို့အ တွက် တိုက်ရိုက်ဖြစ်စေ၊ သွယ် ၀ိုက်၍ဖြစ်စေ၊ လှုပ်ရှားဆောင် ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူး ပေါင်းကြံစည်ခြင်း၊ ဆက်စပ်ပတ် သက်ခြင်းတို့ကြောင့် နိုင်ငံရေးရည် ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရ ဖြစ် စေ၊ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ထားသည်။

No comments: