Saturday, July 2, 2016

တပ်မတော်သည် မည်သည့်အခါမျှ နာမည်ပျက်ခဲ့ခြင်းမရှိ နာမည်ဆိုးတံဆိပ်တပ်ခံရခြင်းသာ - အပိုင်း (၄) ++++++++++++++++++++++++++++++++++++ .

ဒီငြိမ်း ဟု အတိုခေါ်သည့် ....
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်သည် -
ရွေးကောက်ပွဲကော်မရှင်ထံ ....
၂၁ နိုဝင်ဘာ ၁၉၈၈ က မှတ်ပုံတင်ခဲ့သော ....
နိုင်ငံရေးပါတီတစ်ခုဖြစ်သည်....၊
.
ဥက္ကဋ္ဌအဖြစ် ...
နိုင်ငံတော်သမ္မဟောင်း မန်းဝင်းမောင် -
ဒုဥက္ကဋ္ဌအဖြစ် ....
ဗိုလ်မှူးအောင်(ရဲဘော်သုံးကျိပ်ဝင်) -
အထွေထွေအတွင်းရေးမှူး (၁)အဖြစ် ....
ဦးသိန်းစိန် -
အထွေထွေအတွင်းရေးမှူး (၂)အဖြစ် ....
သခင်သိန်းဖေ - တို့ တာဝန်ယူပြီး -
ဗဟိုအလုပ်အမှုဆောင် ၂၂ ဦးရှိသည် ....၊
.
၂၃ ဇန်န၀ါရီ ၁၉၈၉ တွင်မူ -
နာယကအဖြစ် ဦးနု (နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း)ကို -
တင်မြှောက်ခဲ့သည်....၊
.
အဖွဲ့ဋ္ဌာနချုပ်သည် ...
အချင်းဖြစ်ပွားရာ ...
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ၀င်္ကဘာလမ်းရှိ -
ခြံအမှတ် ၁၀ ဖြစ်သည် ...၊
.
အပိုင်း (၃)၌ ဖေါ်ပြခဲ့ပြီးဖြစ်သကဲ့သို့ -
ထိုနေ့ (၂၇ မတ် ၁၉၈၉) တွင် ...
နံနက်စောစောကပင် -
ခြံအမှတ် (၁၀) ၌ အင်အား ( ၅၀၀ ) ကျော် စုမိပြီး -
ဟောပြောကာ ကြွေးကြော်သံများ ....
ဟစ်ကြွေးနေကြပြီဖြစ်သည်....၊
.
နံနက် (၁၁) နာရီခန့်တွင်မူ ....
လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်သားများ -
ခြံပြင်သို့ ရောက်ရှိလာကြသည် ...
လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် -
ခြံထဲမှ လူစုလူဝေးသည် ပြင်ပသို့ထွက်လာပြီး ....
လှည့်လည်ခြင်းများ ပြုလျှင် ....
မလိုလားအပ်သည့်ဖြစ်စဉ်များ -
မဖြစ်ပေါ်စေရန်၎င်း -
ထိုစဉ်က ထုတ်ပြန်ထားသော ....
အမိန့်အမှတ် ၂ / ၈၈ ကို -
ချိုးဖေါက်ရာ ရောက်နေပြီဖြစ်၍၎င်း -
TE 11 ပေါ်မှ အသံချဲ့စက်ဖြင့် ...
အေးချမ်းစွာ လူစုခွဲသွားပါရန် -
အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပါသည် ....၊
.
သို့သော် ....
ခြံထဲမှနေ၍ -
သံပြိုင်ပြန်လည်အော်ဟစ်ခြင်းများဖြင့်သာ -
တုန့်ပြန်ခဲ့ကြသည် ...၊
ထို့ကြောင့် ...
လုံခြုံရေးတပ်ဖွဲ့ဝင်တို့သည် -
ခြံဝ သံတံခါးရှေ့တွင် ...
တပ်စိတ် ၂ စိတ် ရှေ့နောက်...
ရင်ဘောင်တန်း နေရာယူလိုက်ပြီး...
ကျန်တပ်ဖွဲ့ဝင်တို့က -
ခြံဝင်းအတွင်းမှ ထွက်လမ်းများကို ....
ပိတ်ဆို့ထားလိုက်ကြသည်....၊
.
ခြံတွင်းရှိ အင်အားစုများကလည်း ....
သစ်ပင်များပေါ်တက်၍ ၎င်း -
နေရာတိုင်းမှ ပြောင်လှောင်အော်ဟစ်ခြင်း -
မဖွယ်မရာ လုပ်ပြခြင်း -
ရုန့်ရင်းစွာ ဆဲဆိုခြင်းများဖြင့် -
ပြင်းပြင်းထန်ထန် တုန့်ပြန်ကြလေသည်...၊
.
ထိုအနေအထားသည် ....
မွန်းလွဲ ၂ နာရီခန့်ထိ ကြာမြင့်လာသောအခါမူ -
၂ ဖက်အင်အားစုတို့ -
နွမ်းနယ်လာသည်နှင့်အမျှ ...
ဒေါသစွက်လာကြတော့သည် ....၊
.
ထိုခြေလျင်တပ်ရင်းကလေးမှ ....
ဒုတပ်ရင်းမှူးသည်....
ကားများ၏ နောက်ပိုင်းမှ ရှေ့သို့တက်လာသော...
တပ်ရင်းမှူးအသစ်အား -
အခြေအနေကို သွားရောက်ရှင်းပြရင်း....
တိုင်းမှူးထံသို့ပါ စက်ဖြင့်တင်ပြနေသည်....၊
ထိုအချိန်မှာပင် -
ခြံတံခါးဝဆီမှ -
ခဲဖြင့် ပစ်သလော လေးခွဖြင့် ပစ်သလော ...
မသဲကွဲသည့် ၀ုန်းဝုန်းဒိုင်းဒိုင်းအသံများ ....
ထွက်လာသဖြင့် -
ဒုတပ်ရင်းမှူးသည် ခြံတံခါးဆီသို့ -
အပြေးပြန်လှည့်လာခဲ့ရလေသည်....၊
.
သူခြံတံခါးဆီသို့ မရောက်မီမှာပင် ....
" ဒိုင်း " ကနဲ သေနတ်သံတစ်ချက် ကြားလိုက်ရပြီး -
လွန်စွာစိတ်တိုနေကြပြီဖြစ်သော -
သူ့တပည့် ရဲဘော်လေးများက -
ခြံတံခါးကြီးကို ဆောင့်ကန်ဖွင့်လိုက်ကြပြီးဖြစ်လေသည်...၊
.
သေနတ်သံထွက်လာခြင်း -
ခြံတံခါးပွင့်သွားခြင်း -
ရဲဘော်လေးများ ၀င်သွားခြင်း -
ထိုရဲဘော်လေးများ၏ ...
သေနတ်မောင်းတင်သံများထွက်လာခြင်း -
ထိုမောင်းတင်ထားသော သေနတ်များဖြင့် ...
ထိုးချိန်လိုက်ခြင်းတို့သည် ....
စစ်မြေပျော် ရဲဘော်များအဖို့ -
စက္ကန့်ပိုင်းမျှသာ လိုအပ်သည်ဖြစ်၏.....၊
.
သူသည်လည်း ....
ထိုစက္ကန့်ပိုင်းလေးအတွင်း၌ပင် -
သူ့ရဲဘော်လေးများကို ကျော်တက်ပြီး ....
သူ့ရဲဘော်လေးများ၏ သေနတ်ပြောင်းများရှေ့ကို-
မျက်နှာပြုကာ -
လက်နှစ်ဖက် ဆန့်တန်းပြီး ...
အပိုင်း (၃) မှထိပ်ဆုံး စကားကို -
လွှတ်ကနဲ ပြောလိုက်ခြင်းပင် .....၊
.
သူ၏ နောက်ကျောတွင်မတော့ -
စောစောလေးက....
အစွမ်းကုန် ဟစ်အော်ဆဲဆို လှောင်ပြောင်ထားကြသော -
လူအုပ်သည်....
အသက်ရှုသံပင်မကြားရလောက်အောင်....
ငြိမ်သက်နေကြပြီဖြစ်သည်....၊
.
" အမိန့်မရပဲ ဘာမှမလုပ်နဲ့ ...
ငါသေမှ မင်းတို့ကြိုက်တာလုပ် ...." ဟူသော -
သူ၏ ရင်တွင်းမှလာသောစကားအဆုံးတွင် -
တပ်ခွဲမှူးဗိုလ်ကြီးတစ်ဦးက -
တန်းဖြောင့်နေသော သေနတ်ပြောင်းများကို -
ဒုတ်ဖြင့် လိုက်လံဖိနှိမ့်ချရင်း ...
" ဟေ့ကောင်တွေ ဗိုလ်မှူး 2IC ရှေ့မှာ ရှိနေတယ်လေ "
" ဟေ့ကောင်တွေ ဗိုလ်မှူး 2IC ရှေ့မှာ ရှိနေတယ်လေ " ဟု -
ပြောဆို လုပ်ဆောင်နေလေ၏....၊
.
ထို့နောက်တွင်မူ -
ဒီငြိမ်း ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သော -
ဦးမောင်မောင်တာ ထွက်လာပြီး -
ညှိနှိုင်းတောင်းပန်သည် ....၊
.
ခင်ဗျားလူတွေထပ် ပြောနေကြမယ်ဆိုရင် -
ကျွန်တော့်ရဲဘော်တွေကို တာဝန်မယူနိုင်တော့ဘူး ဟု -
ဒုတပ်ရင်းမှူးက ပြောပြီး -
ကျည်ထွက်သူ အရာရှိအား ခေါ်ဆောင်ကာ -
အထက်ဌာနသို့ သတင်းပို့ရန် ခြံထဲမှ ပြန်ထွက်ခဲ့သည်....၊
.
ထို့နောက် -
တောင်းပန်စာကို လက်မှတ်ရေးထိုးခိုင်းပြီး -
ခြံဝမှ တစ်ဦးချင်း စိစစ်ကာ -
ပြန်လွှတ်ပေးခဲ့ပါသည် ....၊
ထိုလူစုထဲတွင် ကျောင်းသားများချည်းမဟုတ်ပါ -
ပျံကျဈေးသည်များ -
လက်လုပ်လက်စားများ -
အခြေအနေမဲ့များ များစွာပါဝင်ပါသည်....၊
.
ပုထုစဉ်လူသားများသာဖြစ်သော -
တပ်မတော်ဝင်တို့သည် -
အချိန်အခါအလျောက် ....
စိတ်ဆိုးဒေါသဖြစ်ခြင်းများ ရှိတတ်ပါ၏....၊
သို့သော် -
အဖွဲ့အစည်းစိတ်ဓာတ် -
အမိန့်ဖြင့် အုပ်ချုပ်သော အလေ့အထ -
ခေါင်းဆောင်ကောင်းတို့၏ -
ထပ်ချပ်ကြပ်မတ်မှုတို့ကြောင့် ....
လက်လွတ်စပါယ်လုပ်ခြင်းမျိုး မရှိတတ်ကြ....၊
.
မတော်တဆမှုဆိုသည်မှာ -
မှားယွင်းမှုဆိုသည်မှာတော့ -
မည်သည့်အဖွဲ့အစည်းတွင်မဆို -
မည်သည့်လုပ်ငန်းခွင်တွင်မဆို ရှိတတ်ကြသည်သာ ...၊
.
ချုပ်၍ ဆိုပါမည် ....
ရည်ရွယ်ချက်ဖြင့်ဆိုက -
" တပ်မတော်သည် မလိုအပ်လျှင် မပစ် -
တပ်မတော်က ပစ်လျှင်လည်း လိုအပ်၍သာ "....။
Credit  - ဇင်လင်းထက် ( MML )

No comments: