Saturday, July 2, 2016

နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အ တွင်း အလုပ်ထုတ်ခံရသော မြန် မာလုပ်သားများသည် ၎င်းတို့၏ နစ်နာကြေးများရရှိရန် အလုပ်ရှင် အား အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိ

အလုပ်ထုတ်ခံရသော မြန် မာအလုပ်သမားများသည် စက်ရုံ အလုပ်ရှင်က ကြိုတင်အကြောင်း ကြားခြင်းမရှိဘဲ အလုပ်ထုတ်ခြင်း နှင့် ၎င်းတို့၏ နစ်နာကြေးများရရှိ ရန် ထိုင်းနိုင်ငံ မဟာချိုင်မြို့အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးတွင် ဇွန်လ ၃၀ ရက်က အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့မှ ကိုစောမြတ်ထူးက ပြောသည်။

‘‘ထိုင်းနိုင်ငံဥပဒေအရ  အလုပ်ထုတ်မယ်ဆိုရင် ကြိုတင်အကြောင်းကြားရတယ်။ နောက်ပြီး နှစ်အ လိုက် နစ်နာကြေးတွေပေးရတယ်။ အလုပ်သမားကို ဘယ်လောက် လျော်ရမယ်ဆိုတာ  ကန့်သတ်ချက် တွေရှိတယ်။ အလုပ်သမားတွေရဲ့ နစ်နာကြေးတွေရဖို့ အလုပ်သမား ရုံးမှာ အမှုဖွင့်ထားပါတယ်’’ဟု ကို စောမြတ်ထူးက ပြောသည်။

မဟာချိုင်မြို့ရှိ ဖန်ထစ်အ ထည်ချုပ်စက်ရုံတွင် မြန်မာလုပ် သား ၁၀၀ ကျော် အလုပ်လုပ်ကိုင် နေရာ ဇွန်လ ၂၀ ရက်က ယင်း စက်ရုံရှိ မြန်မာလုပ်သား ၁၆ ဦး၏ အလုပ်ပါမစ်၌ ယခင်အလုပ်နှင့် ပိုင်ရှင်၏ အမည်များရေးထားပြီး လက်ရှိအလုပ်နှင့် ပိုင်ရှင်၏ အ မည်ပြောင်းလဲထားမှုမရှိခြင်းနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့၏ ဖမ်း ဆီးခံရမှုမှစတင်သည့် ပြဿနာဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအ ရာရှိ ဦးမိုးအောင်ခိုင်က ပြော သည်။

‘‘ကျွန်တော်တို့လည်း ပြန် ခန့်ပေးဖို့ ပြောထားတယ်။ အလုပ် ရှင်ကလည်း ပြန်ခန့်ပေးမယ်လို့ ပြောထားပါတယ်’’ဟု ဦးမိုးအောင်ခိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မ လာရောက်မီ သုံးရက်အလိုက တည်းက ယင်းပြဿနာဖြစ်ပွား နေခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

ဖမ်းဆီးခံထားရသည့် အ လုပ်သမား ၁၆ ဦးအပါအ၀င် စုစု ပေါင်း ၄၅ ဦးအလုပ်ထုတ်ခံရပြီး လက်ရှိတွင် ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။

အလုပ်ထုတ်ခံရသော မြန် မာလုပ်သားများသည် အလုပ်ပါ မစ်၌ အလုပ်ရှင်အမည်နေရာတွင် လက်ရှိလုပ်ကိုင်နေသော အလုပ် ရှင်၏ အမည်ပြောင်းလဲထားခြင်း မရှိသေး၍ ထိုင်းရဲတပ်ဖွဲ့၏ ဖမ်း ဆီးခံရခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။ ယခုအလုပ်ထုတ်ခံရသူ များသည် ဇွန်လ ၂၃ ရက်က မဟာ ချိုင်မြို့ရှိ ထလေထိုင်းခန်းမတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံရန်သွားရောက်မှုကြောင့် အ လုပ်ထုတ်ခံရခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

‘‘အဖမ်းခံရတဲ့ ၁၆ ယောက် ကိစ္စကို ကျန်တဲ့လုပ်သား ၂၉ ယောက် မြန်မာလုပ်သားတွေက ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြဖို့လာတာ။ အလုပ်ရှင်က ဒေါ် အောင်ဆန်းစုကြည်ပွဲကို သွားတဲ့ သူတွေပါထပ်ပြီး အလုပ်ထုတ် လိုက်တယ်။ အဖမ်းခံရတဲ့ ၁၆ ယောက်က အရင်အလုပ်ရှင်နာ မည်ကိုပြောင်းမထားလို့ ထိုင်းရဲက ၀င်စစ်ရင်း အဖမ်းခံရတာ’’ဟု အ လုပ်ထုတ်ခံရသည့် မြန်မာလုပ် သား ၁၆ ယောက်အရေး ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်

No comments: