Saturday, July 2, 2016

တပ်မတော်သည် မည်သည့်အခါမျှ နာမည်ပျက်ခဲ့ခြင်းမရှိ နာမည်ဆိုးတံဆိပ်တပ်ခံရခြင်းသာ - အပိုင်း (၃) ++++++++++++++++++++++++++++++++++++ .


" အမိန့်မရပဲ ဘာမှမလုပ်နဲ့ -
ငါသေမှ မင်းတို့ကြိုက်တာလုပ် ..."
.
မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်းလေးတစ်ရင်းမှ -
ဗိုလ်မှူးငယ်တစ်ဦးသည် ....
ရင်ဘောင်တန်းကာ ချိန်ရွယ်ထားသော -
သူ့ရဲဘော်များ၏ သေနတ်ပြောင်းဝများကို ....
မျက်နှာပြုကာ -
လက် ၂ ဖက် ဆန့်တန်းရင်း -
ပြတ်သားစွာပြောလိုက်၏.....၊
သူ၏ ကျောဘက်တွင်တော့ -
ဒီငြိမ်း အဖွဲ့ဝင်လူကြီးများနှင့် ...
စောစောကပင် မိမိတို့ကိုရုန့်ရင်းရိုင်းစိုင်းစွာ....
ဆဲဆိုအော်ဟစ်လှောင်ပြောင်နေသော -
ဆူပူသူ လူစုလူဝေး.....၊
.
နေရာကား....ဒီငြိမ်းဌာနချုပ်၊ ၀င်္ကပါလမ်း ၊ ရန်ကုန်မြို့-
အချိန်ကား....၂၇ မတ် ၁၉၈၉ (၄၄)ကြိမ်မြောက်တပ်မတော်နေ့ (၁၄၀၀)နာရီ
.
တပ်မတော်အစိုးရတာဝန်ယူပြီးနောက် ....
ပထမဆုံးအကြိမ်ကျင်းပမည့် တပ်မတော်နေ့တွင်ဖြစ်ပါ၏ -
အစိုးရဘက်ကလည်း ....
ထိုနေ့၏ လုံခြုံရေးသတိကို -
အမြင့်ဆုံးတွင် ထားရှိထားပြီး ....
ဆန့်ကျင်သူတို့ကလည်း -
အစိုးရသစ်၏ နေ့ထူးတွင် ....
ပီပြင်စွာ အံတုနိုင်ကြရန် စီစဉ်နေကြချိန်ဖြစ်သည်....၊
.
ယင်းနေ့ နံနက်ပိုင်းကပင်....
ရန်ကင်း၌ ယောင်ပြ လှုပ်ရှားမှု တစ်ခု -
ဖြစ်ပေါ်ခဲ့သေးသည် -
လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိသွားချိန်တွင်မှာတော့ -
လှုပ်ရှားသူများ အရိပ်အယောင်မျှ မတွေ့ရတော့ပါ -
ထိုစဉ်မှာပင် -
အဓိက ပွဲဖြစ်သော -
ဝင်္ကပါလမ်းရှိ ....
ဒီငြိမ်း ဋ္ဌာနချုပ် (ဗိုလ်မှူးအောင်ခြံ) ၌ -
အင်အား ၅၀၀ ကျော် စုမိပြီးဖြစ်နေလေပြီ ....၊
.
ထိုအင်အားစုသည်....
ဟောပြောခြင်း -
ကြွေးကြော်သံများကြွေးကြော်ခြင်း တို့ ပြုစဉ်မှာပင် -
ခြံပြင်၌ -
လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြပြီဖြစ်သည်...၊
.
ထိုစဉ်က -
မြန်မာ့တပ်မတော်သည်....
သူ၏ ရှိစုမဲ့စု အင်အားလေးများကို -
ဖြန့်ခွဲကာ -
နယ်စပ်ဒေသရှိ သူပုန်များ -
မြို့ပြများရှိ ဆူပူသောင်းကျန်းသူများအား -
ထိန်းချုပ်ထားခဲ့ရပါသည် ....၊
.
တပ်မတော်သားများသည်....
ရှေ့တန်းမှ ပြန်ဝင်ချိန်တန်ပါလျက် မ၀င်ရခြင်း -
ဝင်ရပါသော်လည်း မိခင်တပ်ရင်းဋ္ဌာနချုပ်၌ -
နေထိုင်ရခြင်းမရှိပဲ -
မြို့ကြီးများတွင် ....
လုံခြုံရေးတာဝန် ဆက်တိုက်ထမ်းဆောင်ရခြင်းတို့ကြောင့် -
ရုပ်ပိုင်း စိတ်ပိုင်း ပင်ပန်းနွမ်းနယ်မှု -
များစွာဖြစ်ပေါ်ခဲ့ရပါသည် ....၊
.
ယခု ....
ဝင်္ကပါလမ်းရောက် -
မြန်မာ့တပ်မတော်ခြေလျင်တပ်ရင်းလေးသည်လည်း....
ရှေ့တန်းစစ်မြေတွင် ၆ လ တာဝန်ထမ်းဆောင်ခဲ့ပြီး -
အနားမရရှာပဲ -
ရန်ကုန်မြို့၌ ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့ရသည်မှာ -
၉ လ ကြာမြင့်ပြီဖြစ်ပါသည်....၊
.
သို့အတွက် -
ထိုတပ်ရင်းမှ တပ်မတော်ဝင်တို့၏ -
ရုပ်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်ပုံတို့ကို ....
ရှုမြင်သုံးသပ်မည်ဆိုပါက -
ထိုစစ်သည်တို့၏ စိတ်ခံစားချက်တို့ကိုလည်း -
ထည့်သွင်းတွက်ချက်မှသာ -
မျှတမှန်ကန်မည်ဖြစ်ပါသည်....၊
.
သို့သော်...
ဤတပ်မတော်သားတို့၏ -
စိတ်ရင်းကိုသိသာရန် ဖြစ်စဉ်တစ်ခု -
ထုတ်နှုတ်ပြလိုပါသည်...
လွန်ခဲ့သော လအနည်းငယ်က -
ဦးထောင်ဗို အ၀ိုင်းအနီးရှိ -
အိမ်မဲကြီးတွင် -
လက်နက်များ လာရောက်ချပေးသွားသည် ဟုသော ....
သတင်းအရ -
သွားရောက်ရှင်းလင်းရပါသေးသည် ....၊
.
ည ၉ နာရီခန့်တွင် -
အိမ်မဲကြီးကို အထပ်ထပ်ဝိုင်းထားပြီး -
ဗိုလ်မှူးနှင့် လက်ရွေးစင် ၅ ဦးသာ ....
သတိကြီးစွာဖြင့် ၀င်ရောက်သွားကြသည်...၊
.
တိတ်ဆိတ်ငြိမ်သက်နေသော....
အိမ်မဲကြီးတွင် အဖွားအိုကြီးတစ်ဦး စတင်တွေ့ရှိသောကြောင့် -
ဖိနပ်များချွတ်ဝင်ပြီး -
အမေ ကျွန်တော်တို့ သတင်းအရလာတာမို့ -
ရှာခွင့်ပေးပါ -
အမေတို့လူတွေလည်း ကျွန်တော်တို့နဲ့အတူ....
ရှိနေပေးပါဟု မေတ္တာရပ်ခံပြီး ၀င်ရောက်ရှာဖွေသည်....၊
.
အေးပါ သားရယ်ဟု ကြည်သာစွာပင်ခွင့်ပြု၍ -
စံနစ်တကျ ရှာဖွေရာ -
ဆင်းရဲသား အိမ်ထောင်စု ၁၂ စု ....
စုပေါင်းငှားရမ်းနေထိုင်သော -
အိမ်အိုကြီးတစ်လုံးသာဖြစ်ပြီး ....
ဓာတ်ဆီအရောင်းအ၀ယ်ပြုရာ သံပုံးသေးလေး -
လေးငါးပုံးသာ တွေ့ရှိခဲ့သည်....၊
.
ဦးစီးဦးရွက်ပြုသူ ဗိုလ်မှူးနှင့် -
ရဲဘော်များ....
အမေအိုကို ထိုင်ကန်တော့ကာ ....
ပြန်ထွက်လာကြပါတော့သည်....၊
.
ဆိုလိုသည်မှာ....
တပ်မတော်သားတို့မည်သည် ....
မည်သို့သောအခြေအနေတွင်ပင်ရှိစေကာမူ -
မလိုအပ်ပါက -
မည်သည့်တိုင်းသူပြည်သား တစ်ဦးတစ်ယောက်ကိုမျှ -
ဒုက္ခပေးလိမ့်မည်မဟုတ်....၊
.
ယခုမူ....
ထို ရဲဘော်လေးတို့ကပင် ....
သေနတ်ဖြင့်ချိန်ရွယ်သောကြောင့် -
သူတို့၏ ဗိုလ်မှူးက ပြန်လည်တားဆီးနေရခြင်းမှာ -
အဘယ်ကြောင့်နည်း .....၊
.
တပ်မတော်သည်....
သူ၏ရန်သူတို့ စွပ်စွဲသလို -
နာမည်ပျက်ခဲ့ခြင်းလော....
သို့မဟုတ် -
နာမည်ဆိုးတံဆိပ် တပ်ခံရခြင်းလော ဆိုသည်ကို....
ဆက်လက်ဖေါ်ပြသွားပါဦးမည် ....။

Credit - ဇင်လင်းထက် ( MML )

No comments: