Saturday, July 2, 2016

တပ်မတော်သည် မည်သည့်အခါမျှ နာမည်ပျက်ခဲ့ခြင်း မရှိ ၊ နာမည်ဆိုးတံဆိပ် အတပ်ခံရခြင်းသာ - အပိုင်း ( ၂ ) +++++++++++++++++++++++++++++++++++++++++++++


.
အပိုင်း (၁) တွင် -
၁၉၈၈ ခုနှစ်အရေးအခင်းအစပိုင်း၌ -
ထိုစဉ်က တည်ဆဲအစိုးရ ထိပ်ဆုံးခေါင်းဆောင်များ၏ -
သဘောထားကို -
ရှားပါး အထောက်အထားဖြင့် -
ဖေါ်ပြခဲ့ပြီး -
ထို သဘောထား (အမိန့်) ထုတ်ဆင့်ရခြင်း -
ထို အမိန့်ထုတ်ဆင့်ချိန် အခြေအနေများ -
ထို အမိန့်ကြောင့် သက်ရောက်မှုများ -
စသည်တို့ကို ရေးသားခဲ့ပြီးဖြစ်၏....၊
.
ယခု အပိုင်းတွင် -
အရေးအခင်း၏ အဆုံးသတ်ပိုင်း၌ -
ထိုစဉ်က တည်ဆဲအစိုးရ ထိပ်ဆုံးခေါင်းဆောင်များ၏ -
သဘောထားကို -
ထပ်မံဖေါ်ပြပါမည် -
ဤ အချက်များကို -
မည်သည့်အခါကမျှ -
မည်သူကမျှ ထုတ်ဖေါ်ပြောကြား / ရေးသားကြခြင်း -
မရှိသေးသည့်အတွက် -
ငြင်းဆိုမှုများလည်း ရှိလာနိုင်ပါသည် -
သို့သော် -
အများပြည်သူသို့ မထုတ်ပြန်သော -
မှတ်တမ်းမှတ်ရာများတွင်မူ -
အခိုင်အမာရှိနေသည်ဖြစ်ကြောင်း -
ကြိုတင်ပြောကြားလိုပါသည်.....၊
.
၈၈ အရေးအခင်းမီးလျှံ -
အရှိန်ပြင်းစွာ လောင်မြိုက်နေချိန် ...၊
အစိုးရမှ တစ်ဆင့်ပြီး တစ်ဆင့် -
လိုက်လျောမှုများပြုလုပ်နေချိန် ...၊
(သမ္မတအပြောင်းအလဲလုပ်ပေးခြင်း -
စစ်အုပ်ချုပ်ရေးရုတ်သိမ်းပေးခြင်း -
ဆန္ဒခံယူပွဲမကျင်းပတော့ပဲ...
ပါတီစုံစံနစ်ရွေးကောက်ပွဲ ကျင်းပပေးရန်ကြေငြာခြင်း -) တွင် -
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ -
အထွေထွေ အတွင်းရေးမှူး ဦးအေးကိုသည် -
သူ၏ ဒေသပါတီကော်မတီဥက္ကဌများနှင့် -
တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့၏....၊
.
ထိုစဉ်က -
လမ်းစဉ်ပါတီ၏ ခေါင်းဆောင်ပိုင်း -
အနေအထားကို အနည်းငယ်မျှ ပြောပြလိုပါသည် -
ဦးအေးကို၏ အဆင့်အနေအထား -
လုပ်ပိုင်ခွင့်တို့ကို သိထားမှသာ -
ထိုနေ့က ပြုလုပ်သော အစည်းအဝေး၏ -
အရေးပါမှုကို သိနိုင်မည်ဖြစ်ပါသည်....၊
.
ဦးအေးကိုသည် -
လမ်းစဉ်ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သည် -
ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့ရှိစဉ်ကလည်း -
သူသာ အဓိက လုပ်ဆောင်ရသည် -
တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိန်လွင် -
သမ္မတဖြစ်သွားသော်လည်း -
သူက ထိုရာထူးမှာပင် ....၊
နောင် ဒေါက်တာမောင်မောင်သမ္မတဖြစ်ပြန်တော့လည်း -
သူက အထွေထွေအတွင်းရေးမှူးသာ ....၊
ထိုသမ္မတ ၂ ဦးမှာလည်း -
အများသိပြီးသည့်အတိုင်း -
တိုင်းဆူပြည်ပျက်နေသည့်အချိန်ဖြစ်၍ -
ပါတီနှင့် စပ်လျဉ်းသည့် အရေးကိစ္စများကို -
လှည့်ပင်မကြည့်နိုင်ခဲ့ကြပါ ....၊
.
ထို့ပြင် ဦးအေးကိုသည် -
တပ်မတော်တွင် -
ဒုတိယကာကွယ်ရေးဦးစီးချုပ်တာဝန်ထိ -
ထမ်းဆောင်ခဲ့သူဖြစ်ပြီး -
ယခုတွေ့ဆုံကြမည့် -
ဒေသပါတီကော်မတီဥက္ကဋ္ဌ ၁၄ ဦး၌လည်း -
တပ်မတော်မှ စစ်တိုင်းမှူးများထက်ဝက်ခန့် ပါရှိနေကြသည် ....၊
.
ထိုအချိန်ကာလသည် -
လမ်းစဉ်ပါတီအစိုးရ အုပ်ချုပ်ရေး -
ပျက်ပြားသွားပြီဖြစ်၍ -
ဗဟိုမှ ခေါင်းဆောင်များအဖို့ -
တိုက်ရိုက်ထိတွေ့နေရသည့် -
တိုင်းနှင့်ပြည်နယ် ၁၄ ခုတို့မှ -
တာဝန်အရှိဆုံးပုဂ္ဂိုလ်တို့အား -
အခြေအနေမှန်များ တင်ပြစေသည် -
တစ်ဦးချင်းစီက -
အခြေအနေမှန်များ တင်ပြပြီး -
လုပ်ဆောင်သင့်သည်များ အကြံပြုတင်ပြကြသည် -
(နောင်အလျဉ်းသင့်က အကျယ်ရေးပါဦးမည်)
.
ချုပ်၍ဆိုရပါလျှင် ...
ထိုနေ့ ထိုအစည်းအဝေးသည် -
အစိုးရက တပ်မတော်ကို ....
အစိုးရအဖွဲ့၏ သဘောထားကို ပြောကြားခဲ့ခြင်းလည်းမည်ပ၏ ၊
.
(မကြာမြင့်မီနှစ်များ(၁၉၈၅)ကမှ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှနေ၍ -
ပါတီတာဝန်များထမ်းဆောင်ခဲ့သူ -
ဗိုလ်ချုပ်ကြီးသူရကျော်ထင်သည်လည်း -
တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် တက်ရောက်သည်...၊
.
စီနီယာနောင်တော်ကြီးများမှ ညီငယ်များအား -
တပ်မတော်အပေါ်ထားသော -
တပ်မတော်အပေါ်ဖြစ်စေလိုသော -
သူတို့၏စေတနာကို ရှင်းပြခြင်းလည်းမည်ပါ၏ )
.
အထွေထွေအတွင်းရေးမှူးက -

" ယနေ့ -
ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ပြီး -
ရုံးဖွင့်ကာ ကြေငြာချက်များထုတ်ကြောင်း -
ပါတီစုံရွေးကောက်ပွဲကျင်းပရန် ဆုံးဖြတ်လိုက်ရခြင်းမှာ -
တပ်နှင့် ၀င်တာထက် -
နိုင်ငံရေးနည်းအားဖြင့် ဖြေရှင်းလို၍ ဖြစ်ကြောင်း -
တပ်မတော်ကို -
အစဉ်အလာကောင်းရှိစေချင် ဖြစ်စေချင်လွန်းလို့ -
ဒီလိုနိုင်ငံရေးနည်းနဲ့ -
သည်းခံဆောင်ရွက်ခြင်းဖြစ်ကြောင်း -
ကမ္ဘာသိကြေငြာထားပြီးဖြစ်၍ -
သည့်ထက်ပိုတိုးလုပ်လာလျှင်တော့ -
ဘောင်ကျော်သွားမည်ဖြစ်သောကြောင့် -
တစ်ဘက်တာဝန်သာ ကျန်တော့ကြောင်း -"

စသည်ဖြင့် ရှင်းလင်းပြောကြားလေသည်....၊
.
ထို့နေ့သည်ကား -
စက်တင်ဘာလ ၁၂ ရက်နေ့ဖြစ်၏ -
နောက် ၅ ရက်အကြာတွင်မူ -
ဘောင်ကျော်သွားသော -
တစ်ဘက်သည် -
သူတို့ မလိုလားဆုံးဟုဆိုသော -
စစ်အုပ်ချုပ်ရေးစံနစ်တစ်ရပ်ဆီသို့ -
သူတို့ကိုယ်တိုင် -
သူ့ထက်ငါဦးအောင်ပြေးသွားကြခြင်းဖြင့် -
အရောက်လှမ်းခဲ့ကြလေသည် ....၊
.
သူတို့ခေါ်ဆောင်ရာနောက်သို့ -
မဖြစ်မနေလိုက်ခဲ့ရသော -
တပ်မတော်သည်လည်း -
သူတို့၏ နာမည်ဆိုးတံဆိပ်တပ်ခြင်းကို -
ခံခဲ့ကြရသည်မှာ ယနေ့တိုင်ပင်ဖြစ်၏ .....၊
.
ရာစုနှစ်၏ လေးပုံတစ်ပုံကျော်တိုင် -
ကြာခဲ့ပြီဖြစ်သော်လည်း -
ယူတတ်လျှင်ဖြင့် -
သင်ခန်းစာ အပုံအပင် ......။
.
(ပုံစာ -
အနောက်ရန်ကင်း ၊ အမှတ်(၁) စက်မှုလမ်းမကြီးထိပ်၊
၂၈ သြဂုတ် ၁၉၈၈ )
.
၂၀၁၆ ဖေဖေါ်ဝါရီတွင် တင်ခဲ့ပြီးသောပို့စ်ကို -
အပိုင်းနံပါတ်ပြုပြင်တပ်ပြီးထပ်မံဖေါ်ပြခြင်းဖြစ်သည်။

Credit -  ဇင်လင်းထက် ( MML )

No comments: