Saturday, July 2, 2016

တပ်မတော်သည် မည်သည့်အခါမျှ နာမည်ပျက်ခဲ့ခြင်း မရှိ ၊ နာမည်ဆိုးတံဆိပ် အတပ်ခံရခြင်းသာ - အပိုင်း (၁) +++++++++++++++++++++++++++++++++++++++++++++


.
လွပ်လပ်စွာပြောဆိုရေးသားခွင့်များရရှိခဲ့သည့် -
ဤမှာဘက်နှစ်များ၌ -
ပုံနှိပ်စာမျက်နှာများ -
လက်ရိုက်စာမျက်နှာများ -
နှုတ်လွှင့် စကားလုံးများ -
စသည်....စသည်တို့တွင် -
တွင်တွင်ကျယ်ကျယ် တွေ့ရတတ်သော -
စာလုံး / စကားလုံး တစ်ခုမှာ -
" နာမည်ပျက်နေသည့် တပ်မတော် " ဟူ၍ဖြစ်၏.....၊
.
ထိုစကားရပ်ကို -
သေချာစွာ ခွဲခြမ်းစိတ်ဖြာကြည့်သော် -
.
၁။ မည်သည့်ကာလက မည်သို့သော လုပ်ရပ်မျိုးကို -
လုပ်ကိုင်ဆောင်ရွက်ခဲ့၍ ထိုသို့ပြောကြသနည်း...၊
.
၂။ ထိုသို့ပြောဆိုတတ်သူတို့မှာ -
မည်သူတို့ဖြစ်ကြသနည်း....၊
.
ဟု မေးခွန်း ၂ ခု ပေါ်ထွက်လာသည်ကို တွေ့ရပေလိမ့်မည် -
.
ပထမအချက်ဖြစ်သော -
ကာလနှင့် လုပ်ရပ်ကို လေ့လာကြည့်လျှင် -
များစွာသော အကြောင်းခြင်းရာများကို တွေ့နိုင်သည့်အနက် -
တစ်ချက်သော အကြောင်းကို -
ရှင်းပြလိုပါ၏...၊
.
ယင်းသည်ကား -
၁၉၈၈ ခုနှစ် အရေးအခင်းတွင် -
တပ်မတော်က -
အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့သည် ဆိုသော -
ထိပ်တန်းမှ ပါဝင်နေသည့်အကြောင်းရပ်ကြီးပင်ဖြစ်၏..၊
.
အမှန်တကယ်ပင် -
အရမ်းကာရောပစ်ခတ်နှိမ်နင်းခဲ့ပါသလား -
ထိုကာလတွင် -
တပ်မတော်အနေအထားမည်သို့ရှိပါသနည်း -
နိုင်ငံတော်၏ တာဝန်ရှိသူများကရော -
တပ်မတော်အား မည်သို့ အမိန့်ပေးထားပါသနည်း -
တပ်မတော်၏ မဏ္ဍိုင်ဖြစ်သော -
အမိန့်နာခံမှုအား သင် သံသယရှိပါသလော ....၊
.
အရေးအခင်း၏ အစမှသည် -
အဆုံးပိုင်းထိ -
ထိုစဉ်က နိုင်ငံတော်၏ -
တာဝန်အရှိဆုံး လူကြီးများ -
မည်သို့ သဘောထားခဲ့သည်ကို -
အနည်းငယ်မျှ ရှင်းပြပါမည်.....။
.
မြန်မာ့သမိုင်းဆိုင်ရာ မည်သည့်မှတ်တမ်းတွင်မျှ -
ပါဝင်ခြင်းမရှိခဲ့သည့် -
ပုံပါ အမိန့်စာသည် ...
နောင် ၂ လ မပြည့်မီ ဖြစ်ပွားခဲ့သော -
ဆိုးရွားလှသည့်ဖြစ်ရပ်များအပါအ၀င် -
တပ်မတော်အပေါ် နာမည်ဆိုးတံဆိပ် အတပ်ခံခဲ့ရခြင်း၏ -
အစလည်းဖြစ်ခဲ့ပါသည်
.
၁၉၈၈ မတ်လ အခင်းဖြစ်ပွားမှုရပ်စဲသွားပြီးနောက် -
မေ ၃၀ ရက် တနင်္လာနေ့တွင် -
တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ခဲ့သည် -
သို့သော် -
ဇွန် ၁၄ ရက်နေ့ရောက်သောအခါ -
ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၌ -
ကျော်စွာထွဋ် (နောင် မောင်မောင်ကျော်) ဆိုသူ-
ကျောင်းသားတစ်ဦးက စတင် သပိတ်မှောက်ခဲ့သည် ....၊
.
နောက်တစ်နေ့ (ဇွန် ၁၅)တွင်မူ -
အပန်းဖြေရိပ်သာရှေ့၌ -
မျက်နှာတွင် လက်ကိုင်ပုဝါစည်းပြီး -
အစိုးရဆန့်ကျင်ရေး ဟောပြောနေကြပြီဖြစ်သည် -
သပိတ်စခန်းဗဟိုအဖြစ် -
တက္ကသိုလ်စာကြည့်တိုက်ဟောင်းရှေ့ကွက်လပ်ကို အသုံးပြုပြီး -
စာသင်ခန်းများထဲမှ -
ကျောင်းသားများကို -
တစ်ခန်းဝင်တစ်ခန်းထွက် သပိတ်စခန်းဆီသို့ -
စည်းရုံးခေါ်ဆောင်ကြသည်....၊
.
ဤဖြစ်စဉ်သည် -
ထိုစဉ်က တည်ဆဲအစိုးရ၏ -
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ -
ဗဟိုကော်မတီဌာနချုပ်ရုံးသို့ -
တင်ပြရိုးတင်ပြစဉ် ပုံမှန်လမ်းကြောင်းမှ မဟုတ်ပဲ -
သီးသန့်လမ်းကြောင်းတစ်ခုမှတစ်ဆင့် -
တိုက်ရိုက်ရောက်ရှိသွားခဲ့သည်....၊
.
ထိုစဉ်က -
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်းသည် -
နောင်ဖြစ်ပေါ်လာမည့် ကျောင်းသားလှုပ်ရှားမှုများကို -
မှန်းမျှော်၍ -
မတ်လ ဖြစ်စဉ်များကဲ့သို့ -
မလိုလားအပ်သော ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်များ -
မဖြစ်ပေါ်စေရန် -
ဖေါ်ပြပါ အမိန့်ကို -
ကျောင်းသားလှုပ်ရှားမှုများထပ်မံပေါ်ထွက်ခဲ့သည့် -
ဇွန်လ ၁၄ ရက်နောက်တစ်နေ့ -
ဇွန်လ ၁၅ ရက်နေ့တွင်ပင် -
ထုတ်ဆင့်ခဲ့ခြင်းဖြစ်လေသည် ....၊
.
သို့သော် -
သူထုတ်ဆင့်သည့် အမိန့်သည် -
ကျောင်းသားလူငယ်များနှင့်သာ သက်ဆိုင်သလော -
ပြင်ပပယောဂ၀င်လာသည့်အခါ၌လည်း -
ထိုအမိန့်အတိုင်းသာ -
လိုက်နာဆောင်ရွက်ရမည်လော ဟု -
မသဲကွဲသည့် -
လမ်းစဉ်ပါတီ -
ဒုတိယတန်းခေါင်းဆောင်တို့ကြောင့် -
ဇွန် ၂၁ ရက် သွေးထွက်သံယိုမှု ထပ်မံဖြစ်ပွားခဲ့ရပြန်လေသည် ....၊
.
ဤတစ်ကြိမ် (ဇွန် ၂၁) သွေးထွက်သံယိုမှုမှာကား -
ဆန္ဒပြသူ ကျောင်းသားတို့မဟုတ် -
လုံခြုံမှုထိန်းသိမ်းရသော ရဲတပ်ဖွဲ့ဝင်တို့သာဖြစ်ကြကုန်လေ၏....၊
သတိချပ်ရန်မှာ -
တပ်မတော်သားတစ်ဦးတစ်ယောက်မျှ -
ပါဝင်ဆောင်ရွက်ခြင်းမပြုကြောင်းဖြစ်သည်....၊
.
ဇွန် ၁၅ တွင် ကျောင်းသားများ သော့ခပ်ခဲ့သော -
ကျောင်းစာသင်ခန်းများကို -
ဆရာ ဆရာမများက ၁၆ ရက်နေ့၌ -
ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း -
၁၇ ရက်နေ့အထိ -
ကျောင်းပြန်လည်တက်ရောက်နိုင်ကြခြင်းမရှိပဲ -
ကျောင်းပရ၀ုဏ်အတွင်း -
ဟောပြောပွဲများနှင့်သာ အချိန်ကုန်သွားခဲ့ကြသည်....၊
.
ဇွန် ၁၈ နှင့် ၁၉ ရက်သည် -
စနေ တနင်္ဂနွေဖြစ်၍ အေးချမ်းနေသော်လည်း -
တနင်္လာနေ့ ၂၀ ရက်နေ့၌ အရှိန်ပြန်တင်ရန် -
ကြိုးစားကြသည် -
ဘွဲ့နှင်းသဘင်ရှေ့တွင် တရားဟောပွဲများကျင်းပပြီး -
မိုးသီးဇွန် စင်ပေါ်သို့ရောက်လာသည်....၊
ကျောင်းသားများသည် -
ကျောင်းသားအရေးကိုသာ သီးသန့်လုပ်သင့်သည်ဟုသော -
ဝင်းလွင် အစု အရေးနိမ့်ပြီး -
ကျောင်းသားများသည် -
ပြည်သူ(နိုင်ငံရေး)အရေးကိုပါ လုပ်သင့်သည်ဟုသော -
မိုးသီးဇွန်အစု အသာရခဲ့သည် -
သို့သော် -
ထိုနေ့မှာပင်
ပညာရေးဝန်ကြီးဌာက -
ရန်ကုန်တက္ကသိုလ်(ပင်မ)ကို ပိတ်ပစ်လိုက်ကြောင်း -
ည (၈) နာရီသတင်းတွင် -
မြန်မာ့အသံမှနေ၍ ကြေညာလိုက်လေသည်...၊
.
ဇွန် ၂၁ တွင်မူ -
ကျောင်းသားများသည် -
ကျောင်းပြင်ပမှ ဆန္ဒပြချီတက်ခဲ့ရာ -
အရပ်သားများပါ ပါဝင်လာပြီး -
မြေနီကုန်းလမ်းဆုံအရောက် -
လုံခြုံမှုထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်များက -
ကြိမ်ဒိုင်းများ -
အဓိကရုဏ်းနှိမ်နင်းရေးဒုတ်များသာ အသုံးပြုပြီး -
တားဆီးကြသည် -
ဆန္ဒပြသူများထဲမှ အကြမ်းဖက်သူများက -
တုတ်...ဓား...လေးခွ...ဂျင်ဂလိများဖြင့် -
တိုက်ခိုက်ခြင်းကြောင့် -
နေရာတွင်ပင် ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး -
၂၆ ဦးဒဏ်ရာရခဲ့သည်-
ဒဏ်ရာရသူများထဲမှ တစ်ဦးထပ်မံသေဆုံးသွားခဲ့၏...၊
.
ဝိုင်းရံကြည့်ရှုသူများထဲမှလည်း -
ထိုနေ့၌ တစ်ဦး နောက်နေ့၌ ၂ ဦးသေဆုံးခဲ့သည် -
ထိုသူများမှာ -
အကြမ်းဖက်အပြုအမူကြောင့် သေဆုံးခဲ့သလော -
ပရိသတ်အဖြစ်ဖြင့် စူးစမ်းစဉ်သေဆုံးခဲ့သလောဟုတော့ -
မသိနိုင်ပါချေ....၊
.
( ၂၀၁၆ ခု ဇန်န၀ါရီ ၁၃ နှင့် ၂၂ တွင် တင်ခဲ့ပြီးသော -
အပိုင်း ၁ နှင့် ၂ ကို ပူးတွဲ၍ အပိုင်း ၁ အဖြစ် ထပ်မံဖေါ်ပြပါသည်)

Credit   -  ဇင်လင်းထက် ( MML )

No comments: