မန္တလေး၊ ဇူလိုင် ၁
လယ်ယာမြေများကို မြေကွက်ရိုက် ရောင်းချမှုအပါအဝင် ဥပဒေမဲ့လုပ်ဆောင် နေမှုများကို ကွင်းဆင်းစိစစ်၍ အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းကပြောကြားသည်။
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က ကွင်းဆင်းစိစစ်၍ ခရိုင်နှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ တင်ပြစေကာ အရေးယူဆောင်ရွက်ရမည့် နည်းလမ်းများ ချမှတ်ညွှန်ကြားသွားမည်ဖြစ် ကြောင်း၎င်းက ပြောဆိုသည်။
စိုက်ပျိုးမြေများအပေါ် ဥပဒေနှင့်မညီ လုပ်ဆောင်နေမှုများကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ ၁၉(က)၊ ၁၉(ခ)၊ ၁၉(ဂ)၊ ၁၉(ဃ) စသည့်ပြဋ္ဌာန်းချက်များ နှင့်အညီ အရေးယူဆောင်ရွက်ရန် လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ ၂၉-၃-၂၀၁၃ ရက်စွဲဖြင့် အကြောင်းကြားထားပြီးဖြစ်ကြောင်း ဒေါက်တာ စိုးသန်းက ဆိုသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများကို ဥပဒေမဲ့အကွက်ရိုက် ခြင်း၊ အခြားနည်းဖြင့် အသုံးပြုနေခြင်းများ ကို ပုသိမ်ကြီး၊ ပြင်ဦးလွင်နှင့် အခြားမြို့နယ် များတွင် တွေ့ရှိနေရပြီး သက်ဆိုင်ရာဌာန ဆိုင်ရာ အဖွဲ့အစည်းများ အဂတိလိုက်စားရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်နေကြောင်း ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်ဦးရဲမင်းဦးကပြောကြားသည်။
“ ဥပဒေနဲ့မညီညွတ်ဘဲ လုပ်ကိုင်နေမှုတွေကြောင့် အစိုးရအဖွဲ့ရဲ့သိက္ခာကို ကျဆင်းစေနိုင်သလို ပြည်သူများမှာလည်း ရောင်းမှားဝယ်မှားကိစ္စများကြောင့် နစ်နာမှုများ ဖြစ်စေ ပါတယ်။ ဒါကြောင့် ဥပဒေနှင့်အညီ တားဆီး ထိန်းချုပ်ပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။
လယ်ယာမြေများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် လယ်ယာမြေ ဥပဒေကို၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်၌ ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ တွင် လယ်ယာမြေဥပဒေမှာ စိုက်ပျိုးလုပ် ကိုင်နေသည့် လယ်ယာမြေအား အခြားနည်းအသုံးပြုလိုပါက ဥပဒေပုဒ်မ ၂၉၊ ဥပဒေပုဒ်မ ၃၀(က) (ခ) နှင့်အညီ အဆင့်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရခွင့်ပြုချက်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရခွင့်ပြုချက်တို့ဖြင့် စီမံဆောင်ရွက်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။ ပြဋ္ဌာန်းချက်ကို ချိုးဖောက်ပါက အဆိုပါဥပဒေပုဒ်မ ၃၅ အရ ထောင်ဒဏ် ခြောက်လမှ ၂ နှစ် အထိ ချမှတ်ရမည့်အပြင် ဒဏ်ငွေ ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, July 2, 2016
လယ်ယာမြေများကို မြေကွက်ရိုက်မှုအပါအဝင် ဥပဒေမဲ့လုပ်ဆောင်မှုများ အရေးယူမည် -------------------------------------------------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment