အကြီးစား သူခိုးကြီးများရဲ့ ဖော်ရှိုး emporium လား ?
ဂုဏ်သိက္ခာကို တရုတ်ပိတ်စ နဲ့ ကာသူတွေရဲ့ ပွဲလား ?
အသစ်စက်စက် အစိုးရ ရဲ့ အသစ်စက်စက် ဝန်ကြီးတွေကို နကန်းတစ်လုံး နားမလည်ပါဘူး ဆိုပြီး အပီ ရွီးတဲ့ပွဲလား ?
မေးစရာ မေးခွန်းတွေက တစ်သီတစ်တန်ကြီးပါ ။ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကမှ ဖြေမှာလဲ မဟုတ်လို့ မေးတော့ပါဘူး ။
ကချင်ပြည်နယ် ဝန်ကြီးချုပ် လျှောက်ရမည့်လမ်းက နဲနဲကြမ်းပါတယ် ။သေနတ် နှစ်လက်ကြားက အရပ်ပျက်မလေး ဖားကန့် ရဲ့ မျက်ရည်တွေကို ဒီနေ့အချိန်ထိ မသုတ်ပေးသေး ။အုန်းသျှစ်သီးရပြီး ဘယ်ကစပြီး ခွဲစားရမှန်းမသိတဲ့ မျောက်ကြီးလိုများ ဖြစ်နေပြီလား ဝန်ကြီးချုပ်ရယ် ။ခေတ်စကားနဲ့ ပြောရရင်တော့ “ အဲ့မှာ စတွေ့တာပဲပေါ့ ” ။
အစိုးရသစ်ဟာ ကျောက်မျက်ပြပွဲကို ပေါ့ပေါ့တန်တန် သဘောထားပုံရပါတယ် ။ ကျနော်တို့ ဘာမှကို မသိသေးဘူး ခင်ဗျားတို့ အဆင်ပြေသလိုလုပ်ပါ ဘာမှ မပြောသေးဘူးဆိုတဲ့ အထာလား ငါတို့ လက်ထဲမှာ လုပ်ပိုင်ခွင့်မှ မရှိသေးတာ ဘာလုပ်လို့ရမှာလဲ ဆိုတဲ့သဘောလား ။ ဒါတွေကိုတော့ ကာယကံရှင် ဝန်ကြီးများသာသိပါလိမ့်မယ် ။ကျနော်တို့ဟာ သူတို့ကို အပြစ်တင် မစောသင့်သေးပါဘူး ။ဒီအချိန်ဟာ အစိုးရသစ်ကို အပြစ်ပြောမနေပဲ ၊ဘယ်နေရာမှာ ဘာတွေရှိပြီး ၊ဘယ်သူတွေက ဘာတွေလုပ်တတ်တယ် ဆိုတာလောက်တော့ တိုးတိုးတစ်မျိုး ၊ကြယ်ကြယ် တစ်ဖုံ အကြံပြုယုံဆိုရင် လုံလောက်ပြီလို့ ယူဆပါတယ် ။
အချို့က ပြောကြပါတယ် ။NLD မကောင်းတာရှိရင် မီဒီယာက ဘယ်တော့မှ မရေးဘူး ၊သတင်းတွေကို ထိန်ချန်တယ် ဘာညာပေါ့ ။ NLD မကောင်းတာက လူထုအပေါ်မှာ ဘာမှထိခိုက်မှု မရှိပါဘူး ။ NLD အစိုးရက တိုင်းပြည် နစ်နာလောက်တဲ့ အရာဘာမှာမရှိသေးပါဘူး ။ သူတို့ အချင်းချင်း ရပ်ကွက်ထဲမှာ ဥက္ကဌနေရာလုတာလောက်ကို သတင်းရေးစေချင်ရင်လည်း ကိုယ်ဂျာနယ်တိုက်ထောင်ပြီးရေးကြပါ ။ NLD မကောင်းကြောင်းကို ကျနော်တို့ မရေးဘူးဆိုတာ
၁ ။ NLD ရဲ့ အမှားတွေက တိုင်းပြည် နစ်နာလောက်တာ မရှိသေးဘူး
၂ ။ ကျနော်တို့ဟာ တစ်အိမ်ထောင်ကို သားသမီးတစ်ယောက်သာ မွေးဖွားခွင့်ရတဲ့ အရင်က တရုတ်ပြည်က မိသားစုလို ဖြစ်နေလို့ ။ကျနော်တို့ နိုင်ငံမှာ နောက်ထပ်ဒီလို အာဏာရှင်ကို တွန်းလှန်နိုင်တဲ့ ပါတီမျိုး နောက်ထပ်ပေါ်ပေါက်လာဘို့ဆိုတာ မလွယ်ဘူးလို့ထင်ပါတယ် ။
၃ ။ ရှင်ပြုမဲ့ သားလေးမို့ အလိုလိုက်ထားတယ်မှတ်ပါ ။ခုတော့ ရက်သားမောင်ပုဇင်းကို မီဒီယာများက ဘယ်စာဝါကို ဘယ်လိုလိုက်ရမယ်ဆိုတာ ဝါရင့် သတင်းစာ ဆရာကြီးများနှင့် ဝါရင့်နိုင်ငံရေးသမားကြီးများ ( တိုင်းပြည်ပေါ်မှာ စေတနာမှန်ဘို့လိုပါမည် ) က အကြံပေးအလင်းပြပါလိမ့်မည် ။ နောက်ဆိုရင်တော့ “ ချစ်တော့ ချစ်တယ် အလိုမလိုက်ပါဘူး ” အဲဒီအတွက် မပူပန်စေချင်ကြပါဘူး ။
အခုလည်း ကျောက်မျက်ပြပွဲနှင့် ပတ်သက်ပြီး အစိုးရသစ်ရဲ့ သတ္တုတွင်း ဝန်ကြီး ဦးအုန်းဝင်း အပါအဝင်အခြားသော သက်ဆိုင်သူများကို အပြင်လောကမှ ဖြစ်ပျက်နေတဲ့ Emporium အကြောင်းနဲ့ ဖားကန့်ဒေသ ရဲ့ အခြားသော အဖြစ်အပျက်များကို လက်လှမ်းမှီသလောက် အကြံပြုတင်ပြချင်ပါတယ် ။
ဆက်ရန် ....
အပိုင်း (၂)
No comments:
Post a Comment