Wednesday, January 13, 2016

S"စာလုံး မပါသော စူပါမင်းများ. Jan 13, 2016






ကျွန်တော်တို့ အားလုံး စူပါမင်း (superman ) ဆိုသည့် စကားလုံးနဲ့ ယဉ်ပါးကြပါတယ်။ superman
ဆိုတဲ့ ဇာတ်ကောင်ကို DC Comics ၁၉၃၈ ဇွန်လလောက်မှာ radio serials, newspaper strips, television programs, films တွေမှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး ၊ အဓိက ဖန်းတီခဲ့တဲ့ စာရေးဆရာတွေကတော့ Jerry Siegel ၊ Joe Shuster တို့ပဲဖြစ်ပါတယ်။ဇာတ်အိမ်ကတော့ ခရစ်ပ
တွန် ဂြိုလ် အယ် မိသားစုက စတာအားလုံးအသိပါ။


Superman ဟာ ကျွန်တော် တို့ ငယ်ငယ်ကတည်းက အရူးအမူးဖြစ်ခဲ့ရတဲ့ superhero ဇာတ်ကောင်ပါ။ စူပါမင်း ရဲ့ ဇာတ်ဝင်ခန်းတွေထဲက ကမ္ဘာကြီးကို ကယ်ဆယ်တာတွေကို သဘောကြခဲ့ကြတယ်။
ကမ္ဘာဘယ်နား မီးလောင်တယ်၊ပေါက်ကွဲတယ် ၊ အဖျက်သမားတွေ ရန်တွေ အားလုံးကို ကယ်တင်နိုင်ခဲ့
လို့အထူးသဘောတကျ ဖြစ်ခဲ့ရတယ်ဆိုလည်း မမှားဘူး။ဘာနားမှာ မီးလောင်လဲ ၊သူ ရောက်နှင့်နေပြီ ၊ ဘယ်နားမှာ ရေကြီးလည်း သူ အမြန်လာခဲ့ပြီ။ ဒီလို မျိုး အနစ်နာခံစိတ်တွေ နဲ့ ကမ္ဘာနဲ့ အ၀ှမ်းကို ကယ်တင်တဲ့ superman ကို ကလေးတိုင်း စိတ်ထဲ စွဲနစ်နေတယ်။မှတ်မိသေးတယ် ငယ်ငယ်က ဆို ဆန်စက်တွေက ဖွဲပုံတွေမှာ ထိပ်ဆုံးထိ တက်ပြီး အဖေ့ပုဆိုးကို လည်ပင်းမှာ ပတ်ချည် လို့ "စူပါမင်းကွ " လို့ အော်ဟစ်ခါ ခုန်ချခဲ့ဖူးတာတွေကို။


ဒီ superhero ဇာတ်လမ်းလေး ကို သတိရရင်း မြန်မာပြည်အဖြစ်အပျက်တွေနဲ့နှိုင်းယှဉ်ချိန်ဆ မိတယ်။မီးတွေ လောင်တယ်။ရေတွေ ကြီးတယ် စတဲ့ ကပ်ဘေးတွေ ဖြစ်လာချိန်တိုင်း ဇာတ်ကောင်အဆင့် မဟုတ်ပဲ ကမ္ဘာကြီးမှာ တကယ်စူပါမင်း(Superman)ရှိရင်သိပ်ကောင်းမှာပဲလို့ တွေးမိဖူးရဲ့။ကျွန်တော်
ဒီလိုတွေးပြီး ကိုယ့်ကို ကိုယ် ရှက်မိသွားတယ်။ superman လောက် စွမ်းအားမကြီးပေမယ့် ကျွန်တော်တို့ မျက်စိရှေ့မှာ မြန်မာ ပြည် စူပါမင်း တွေရှိတာ ကို ကျွန်တော် မျက်စိမှောက်ပြီး ဇာတ်ကောင်စူပါမင်း ကို တမ်းတမိတယ်။ စဉ်းစားကြည့်ပါ။မြန်မာနိုင်ငံအနှံ့ရေကြီးတယ် ၊ မြေပြိုတယ် ၊ မီးလောင်တယ် ၊ ယာဉ်တိုက်မှု ဖြစ်တယ် ၊ရထားလမ်းချော်တယ်..စတဲ့ ဘယ်နေရာမဆို သူတို့ရောက်နှင့်နေခဲ့ပြီ။စူပါမင်း လို ခရစ်ပတွန်ဂြိုလ်က ပါတဲ့ စွမ်းအားတွေ မရှိပေမယ့် သူတို့ရင်ထဲမှာ တိုင်းပြည်ချစ်စိတ် အမျိုးချစ်တဲ့ စိတ်နဲ့ သူတို့ အခက်အခဲအားလုံးကို ဖြတ်ကျော်ကြတယ်။


သူတို့ကို အပြစ်ပြောလဲ မမှုဘူး ၊ဆဲဆိုအုံးတော့လျစ်လျူရှုထားတယ်။ပြည်သူ့အတွက်ဘယ်အခက်အခဲမဆို ခပ်ပြုံးပြုံးရင်ဆိုင်ပေးတတ်တဲ့ သူတို့ရင်ဘတ်မှာ "S" ဆိုတဲ့စာလုံးကြီး မပါတာကလွဲလို့ သူတို့ဟာ ကျွန်တော်တို့အတွက် စူပါမင်းတွေပါပဲ။သူတို့ဟာ မိုးပေါ်မပျံနိုင်ပါဘူး။ဒါပေမယ့် ပြည်သူတွေ
အခက်အခဲဖြစ်တဲ့နေရာတိုင်းမှာ သူတို့ရှိပါတယ်။သူတို့တွေ စူပါမင်းလို မြေမလျှိုး နိုင်ပါဘူး။ဒါပေမယ့်ပြည်
သူတွေဒုက္ခရောက်တဲ့ နေရာတိုင်းမှာသူတို့ရှိတယ်။ကျွန်တော်တို့နိုင်ငံအတွက်တော့ သူတို့ဟာ တကယ့်
စူပါမင်းတွေပါပဲလို့ ကျွန်တော်ဆိုရင် လွန်များနေမလား။ဒီလို ပြောရတာဟာ နေရာတကာ ဆီလို
အပေါက်ရှာနေတာထက် ကျွန်တော်တို့တွေအရှိကိုတန်ဖိုးထားတတ်ဖို့လိုတယ်။တန်ဖိုး သိမှ တန်ဖိုးရှိတာဆိုတဲ့ စကားလည်းရှိရဲ့မဟုတ်လား။ကျွန်တော်တို့ အားလုံး သူတို့ကို တန်ဖိုးထားဖို့လို
တယ်လို့ပြောပါရစေ။

ဒါနဲ့တခါတည်း စကားဆက်လို့ ဗဟုသုတအဖြစ် ပြောရရင် superman က အပြာရောင်ဝတ်စုံ မှာ အနီဝတ်ရုံရှည် ၀တ်ဆင်ထားပြီး ရင်ဘတ်မှာ ဒိုင်းသဏ္ဍန်"S" စာလုံး ရှိတယ်ဆိုတာ အားလုံး အသိပါ။အဲ့ဒီ "S" စာလုံးက ခရစ်ပတွန်ဂြိုလ်ရဲ့ အယ် မိသားစုဆောင်ပုဒ် တစ်ခုပါ။သူတို့ ဂြိုလ်ဘာသာ
စကားအရဆို "အယ်မေရာယာ" လို့ဆိုပြီး ၊ မြန်မာလိုဘာသာပြန်တော့

#"အတူတကွဆို ပိုစည်းလုံးမယ်"# တဲ့။




ရင်ဘတ်မှာ "S" စာလုံးမပါတဲ့ မြန်မာ့စူပါမင်း တွေအတွက် အလေးအမြတ်ပြုပါတယ်။


USM

No comments: