Wednesday, January 13, 2016

KIA သောင်းကျန်းသူအဖွဲ့ ပြည်သူလူထုအပေါ် နှိပ်စက်ယုတ်မာမှုများ Jan 13, 2016







ရှမ်းပြည်နယ်မြေညက်ပိုင်း မုန်းယားဒေသသမာအာဇိဝ ဈေးရောင်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုဋ္ဌ
နေသောဒေါ် လွင် အသက်၅၀ နှစ် ခန့်သည် တပ်မတော် စစ်ကြောင်းများအား သတင်းပေးခြင်း ဈေးရောင်းပေးခြင်း စသည့် အထောက်အပံ့များပြုနေသည်ဟု စွတ်စွဲပြီး KIA သောင်းကျန်းသူ တပ်မဟာ၎ တပ်ရင်း ၃၆ သောင်းကျန်းသူအဖွဲ့များမှ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ည၁၂ နာရီ ခန့်တွင် ဒေါ်လွင် အိမ်သို့ ဝင် ရောက်တံခါးဖွင့်ခိုင်းရာ ဒေါ်လွင်မှ ဖွင့်ပေးခြင်းမရှိ
သဖြင့် အိမ်တံခါးအား အတင်းစောင့် ကန်ဖွင့်ပြီး ဒေါ်လွင် အား ဖမ်းဆီး ခေါ်ဆောင်သွားရာ ယနေ့ အထိ နေအိမ်သို့ ပြန်လည် ရောက်ရှိခြင်းမရှိကြောင်း ၄င်း၏ ဆွေးမျိုး နီးစပ်သူများထံ မှ သိရပါသည်။

ထို့အပြင် KIA သောင်းကျန်းသူ တပ်မဟာ၎အဖွဲ့သည် ရှမ်းနှစ်သစ်ကူးပွဲတော် မူဆယ်၁၀၅ မိုင် သို့ လာရောက်သော ရှမ်းတိုင်းရင်းသား ၁၁ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

၈-၁-၂၀၁၆ ရက်နေ့တွင် ဖမ်းဆီးခံထားရသူ ၁၁ ဦးအနက် ၃ ဦး ထွက်ပြေးလွတ်မြောက်လာပြီး ကျန် ရှမ်းတိုင်းရင်းသား ၈ ဦး ယနေ့အထိ ပြန်လည် လွတ်မြောက် လာခြင်းမရှိသဖြင့် မိဘ ဆွေမျိုးများမှ လိုက်လံစုံစမ်းလျှက်ရှိပြီး စိုးရိမ်ပူပန်လျှက် ရှိ ပေသည်။

၉-၁-၂၀၁၆ ရက်နေ့တွင် အလားတူ KIA လက်အောက်ခဲ TNLA အဖွဲ့သည် ညအချိန် နမ့်ဖက်ကာကျေးရွာသို့ အရပ်ဝတ်ဖြင့် ဝင် ရောက်ခဲ့ပြီး လက်နက်ပြ ခြိမ်းခြောက် ကာ ၇ တန်းအရွယ်
ကျောင်းသူ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အထိပြန်လည်လွတ်မြောက်လာခြင်း
မရှိပဲ ဒေသခံပြည်သူ လူထုမှာTNLA အဖွဲ့၏ ရန်ရှာခြင်း ခံရမည်ကို ကြောက်ရွံ့၍ တပ်မတော် သို့ သတင်းပေးခြင်းမရှိပဲရွာသားများအစီအစဉ်ဖြင့် ရှာဖွေ စုံစမ်းလျှက်ရှိကြောင်းသိရပါသည်။

ထိုအပြင် ၄င်းနေ့၌ ဖုန်ကြားရှင် ၏ MNDAAသောင်းကျန်းသူ အဖွဲ့သည် ဘိန်းဖြတ်စခန်းများဖွင့်လှစ်ပြီး ရှမ်းပြည်မြောက်ပိုင်း ဟေမိုးလုံရွာတွင် နေထိုင်သော ရွာသား ၂ ဦးအား၁၂-၁၂-၂၀၁၅ ရက်နေ့တွင် ဘိန်းဖြတ်ပေးမည်ဟုပြော၍ ခေါ်ဆောင်သွားပြီး ၄င်းတို့ထံတွင်တာဝန်ထမ်းဆောင်းခိုင်းထားပြီး ယနေ့ အထိပြန်လည် လွှတ်ပေးခြင်းမရှိကြောင်းသိရပါသည်။

၂၀၁၆ ဇန်နဝါရီလ ၇ရက် နေ့တွင် SSPP/SSAအင်အား ၈ ဦးခန့်သည် SURF'၁စီး မော်တော်ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိ လာပြီး ခိုမုန်းလီဆူးကျေးရွာသို့ ဝင် ရောက်၍ ရွာသူကြီးအပါအဝင် ရွာသား ၄ ဦးအား မူဆယ်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

အထက်ပါဖြစ်စဉ်များမှာ ရှမ်းပြည်မြောက်ပိုင်းတွင် အမှန်တကယ် ဖြစ်ပွားနေပြီး ရှမ်းမြောက်ရှိ KIA နှင် အပေါင်းအပါ MNDAA TNLA SSPP/SSA အဖွဲ့များ ကျူးလွန် နေသော လူ့အခွင့်အရေးချိုးဖောက်မှု များဖြစ်ပါသည်။

တချို့မှာ သတင်းလုံးဝ စုံစမ်မရပဲ အသတ်ခံရသည် အထိ ဖြစ်ပွားနေဆဲဖြစ်ပါသည်။

၎င်းအဖွဲ့များသည် တပ်မတော် စစ်ကြောင်းများအား ရှောင် ရှားပြီး ဆက်ကြေးကောက်ခြင်း လူဖမ်းပြန်ပေးဆွဲခြင်း လူသစ်စုဆောင်းခြင်းများကို ည အချိန် တွင်ကျူးလွန်ကြသည်ကို တွေ့ရ ပါသည်။

တပ်မတော်မှ လိုက်လံချေမှုန်းသုတ်သင်သည့်အခါ အနည်းငယ်ခုခံပြီး ထွက်ပြေးဆုတ်ခွာကြပြီး ရင်ဆိုင်တိုက်ခိုက်ရဲ ခြင်း မရှိပဲ သူရဲဘောနည်းစွာ ပြည်သူလူထုအား ဒုက္ခ ပေးလျှက်ရှိကြပါသည်။

ဒေသခံရွာသူ ရွာသားများအနေဖြင့် သောင်းကျန်းသူအဖွဲ့များ၏ လုပ်ရပ်များအား ရွံ့ရှာစက်ဆုတ် လျှက် ရှိပြီး ၄င်းတို့ကျေးရွာများလုံခြုံ ရေး အတွက် တပ်မတော် စစ်ကြောင်း များဝင် ရောက်ရန်
စောင့်မျှော် နေကြရကြောင်းသိရပါသည်။

အထက်ပါအကြောင်း အရာများမှာ သောင်းကျန်းသူ ပေါင်းစုံ ရှိရာ ရှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်နှင့် မူဆယ်ခရိုင် တွင် တိုင်းရင်းသား ပြည်သူ လူထု အမှန်တကယ်တွေ့ကြုံ ခံစား နေကြရသော လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့များ၏ ရက်စက် ယုတ်မာမှုများဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ပါသည်။

မူဆယ်မြို့နယ် ရွာသားတစ်ဦး

photo ' အရှင်ဖမ်းဆီးရမိ KIA သောင်းကျန်းသူတစ်ဦး





No comments: