Playboy စံအိမ်ကြီးမှာ အနုပညာရှင် အပါအဝင် အောင်မြင် ကျော်ကြားသူတွေ
အများအပြား ပါဝင်တဲ့ မရေတွက်နိုင်တဲ့ ပါတီပွဲတွေ ကျင်းပခဲ့ဖူးပါတယ်။
နာမည်ကျော် Playboy စံအိမ်ကြီးကို ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ဒီ စံအိမ်ကြီးမှာ အနုပညာရှင် အပါအဝင် အောင်မြင် ကျော်ကြားသူတွေ အများအပြား ပါဝင်တဲ့ မရေတွက်နိုင်တဲ့ ပါတီပွဲတွေ ကျင်းပခဲ့ဖူးပါတယ်။
စံအိမ်ကြီးကို ၁၉၇၁ ခုနှစ်က Playboy မဂ္ဂဇင်း ထုတ်လုပ်သူ ဟုဂ်ျ ဟက်ဖ်နာ ဝယ်ယူခဲ့ပြီး နောက်ပိုင်း ပါတီပွဲတွေ၊ Playboy မော်ဒယ်တွေနဲ့ စည်းကားခဲ့ပါတယ်။
ဘီဗာလီဟေးလ်စ်မှာ ထင်ရှားလှတဲ့ Playboy စံအိမ်ကြီးကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ရောင်းချသွားမယ်လို့ TMZ သတင်းက ဆိုပါတယ်။
Playboy စံအိမ်ကြီးကို ဝယ်ယူသူ အနေနဲ့ သတ်မှတ်ချက်တစ်ခုကိုတော့ လိုက်နာရမှာ ဖြစ်ပါတယ်။ သတ်မှတ်ချက်က အသက် ၈၉ နှစ်အရွယ် ဟုဂ်ျ ဂျက်ဖ်နာ ကွယ်လွန်ချိန်အထိ နေခွင့်ပေးရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စံအိမ်ကြီးကို ဝယ်ယူလိုသူဟာ Playboy ဖခင်ကြီး ဟုဂ်ျ ဟက်ဖ်နာရဲ့ အိပ်ခန်းကိုလည်း ဝင်ရောက်ကြည့်ရှုခွင့် ကန့်သတ် ထားပါတယ်။
Playboy စံအိမ်ကြီးကို ရုပ်ရှင်ဇာတ်ကားတွေမှာ မကြာခဏ ထည့်သွင်း ရိုက်ကူးလေ့ရှိပါတယ်။ စံအိမ်ကြီးမှာ အခန်းပေါင်း ၂၂ ခန်း ပါဝင်ပြီး ရုပ်ရှင်၊ ဗီဒီယိုကြည့်ရှုနိုင်တဲ့ ဖျော်ဖြေရေးစနစ်တွေနဲ့ များပြားလှတဲ့ တင်းနစ်ကွင်းတွေလည်း ပါရှိပါတယ်။
Playboy စံအိမ်ကြီးရဲ့ သမိုင်းမှာ ပြောစမှတ်ဖြစ်ခဲ့တဲ့ သတင်းတွေလည်း ရှိခဲ့ဖူးပါတယ်။
အဆိုတော် ဂျွန်လင်နွန်က ဟုဂ်ျ ဂျက်ဖ်နာ ဝယ်ယူစုဆောင်ထားတဲ့ နာမည်ကြီး ပြင်သစ်ပန်းချီဆရာ ဟင်နရီ မတ်တစ်တီရဲ့လက်ရာ ပန်းချီကားပေါ်ကို ဆေးလိပ်မီးနဲ့တို့ခဲ့တဲ့ သတင်း၊ အဆိုတော် အဲလ်ဗစ် ပရက်စလေက တစ်ချိန်တည်းမှာ အမျိုးသမီး ၈ ဦးနဲ့ အိပ်ခဲ့တဲ့ သတင်းတွေက ပြောစမှတ် ဖြစ်ခဲ့ပါတယ်။
Playboy စံအိမ်ကြီးမှာ ကျင်းပခဲ့တဲ့ ဟောလိုးဝင်းပါတီ ဗီဒီယို
မယ်လီဆာနဲ့ ကာလာ ဟိုဝီ အမွှာညီအစ်မရဲ့ Playboy စံအိမ်ကြီးအတွင်း ရိုက်ကွင်း
Source & Photo: Daily M
No comments:
Post a Comment