Monday, January 18, 2016

ဖေ့စ်ဘွတ်ကို အင်တာနက် မရှိလည်း သုံးလို့ရပြီ

       ဖေ့စ်ဘွတ် အသုံးပြုသူတွေ အနေနဲ့ အင်တာနက် ဆက်သွယ်မှု မရှိဘဲ အော့ဖ်လိုင်း ဖြစ်နေချိန်မှာလည်း comment ရေးတာ၊ share နဲ့ like တွေ လုပ်နိုင်ပြီ ဖြစ်ပါတယ်။


ကမ္ဘာကျော် ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်ကို အင်တာနက် မရှိရင်လည်း သုံးလို့ရပါပြီ။ ဖေ့စ်ဘွတ် အသုံးပြုသူတွေ အနေနဲ့ အင်တာနက် ဆက်သွယ်မှုမရှိဘဲ အော့ဖ်လိုင်း ဖြစ်နေချိန်မှာလည်း comment ရေးတာ၊ share နဲ့ like တွေ လုပ်နိုင်ပြီ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်က News Feed နဲ့ ပတ်သက်တဲ့ အပြောင်းအလဲတွေ ဆောင်ရွက်ရာမှာ အသုံးပြုသူတွေဟာ အင်တာနက် ချိတ်ဆက်ထားမှု မရှိချိန်မှာလည်း comment ရေးတာ၊ share နဲ့ like တွေ လုပ်နိုင်မှာပါ။ News Feed အပြောင်းအလဲအရ အင်တာနက် ဆက်သွယ်မှု မရှိပေမဲ့လည်း ဖေ့စ်ဘွတ် App မှာ အသုံးပြုထားသမျှကို အသုံးပြုသူရဲ့ စမတ်ဖုန်းမှာ မှတ်သားသိမ်းဆည်းထားမှာ ဖြစ်ပါတယ်။

ဒီလို သိမ်းဆည်းထားတွေကို အင်တာနက် ချိတ်ဆက်မှုရတဲ့အချိန်မှာ ဖေ့စ်ဘတ် App က update လုပ်ပေးသွားပါလိမ့်မယ်။ အသုံးပြုသူရဲ့ စမတ်ဖုန်းအတွင်း အချက်အလက် မှတ်သားသိမ်းဆည်းမှု စနစ်အရ အင်တာနက် ချိတ်ဆက်ထားချိန်မှာ နောက်ဆုံး ရရှိခဲ့တဲ့ ဖေ့စ်ဘွတ် News Feed မှ အကြောင်းအရာတွေကိုလည်း မြင်တွေ့ဖတ်ရှုနိုင်မှာပါ။

News Feed အပြောင်းအလဲက ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှ အလွန် များပြားလာတဲ့ မိုဘိုင်းဖုန်း အသုံးပြုသူတွေအတွက် ပိုမို အဆင်ပြေစေအောင် ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှ အသုံးပြုသူတွေ အများအပြားဟာ ဖေ့စ်ဘွတ်ကို 2G အဆင့် အင်တာနက် ကွန်ရက်ဖြင့်သာ အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။
Source & Photo: www.dailymail.co.uk, Photo: www.newsfactor.com, www.bgr.

No comments: