ျမစ္ဆုံ media သည္ လြတ္လပ္ေသာ မီဒီယာျဖစ္ျပီး မည္သည့္အဖြဲ႔၊ ပါတီ၊ အသင္းအဖြဲ႔၏ၾသဇာခံ လက္ေအာက္ခံမဟုတ္ပါ။ စီးပြားျဖစ္ မီဒီယာ မဟုတ္ပါ။ သတင္းမ်ားကိုအျမန္ဆုံးေပးပို႔ေနေသာ မီဒီယာတခုျဖစ္ပါသည္။
Monday, January 18, 2016
"အင္တာနက္လုပ္ငန္း ဝန္ေဆာင္မႈေပးသည့္ BlueWave ကုမၸဏီ၏ CEO ျဖစ္သူ Mr. Clement Larroque ႏွင့္ ေတြ႕ဆံုျခင္း"
"အင္တာနက္လုပ္ငန္း ဝန္ေဆာင္မႈေပးသည့္ BlueWave ကုမၸဏီ၏ CEO ျဖစ္သူ Mr. Clement Larroque ႏွင့္ ေတြ႕ဆံုျခင္း"
ဆက္သြယ္ေရး ဥပေဒ ထြက္ရွိလာတဲ့ေနာက္ပိုင္း ဆက္သြယ္ေရးလိုင္စင္နဲ႔ ပတ္သက္တဲ့ နည္းဥပေဒ ဆက္လက္ ထြက္ရွိလာပါတယ္။ နည္းပညာ ကုမၸဏီေတြ အေနနဲ႔လည္း ဆက္သြယ္ေရး လိုင္စင္ကို လြတ္လပ္စြာ ေလွ်ာက္ထားလာခဲ့ၾကပါတယ္။ ကုမၸဏီ အမ်ားစုဟာ အင္တာနက္နဲ႔ ဆက္ႏြယ္တဲ့လုပ္ငန္းေတြကို လုပ္ကိုင္ၿပီး ဝန္ေဆာင္မႈ ေပးအပ္ၾကဖို႔ပါ။ အဆိုပါ ကုမၸဏီေတြထဲမွာ BlueWave Broadband ၀န္ေဆာင္မႈ လုပ္ငန္းကလည္း တစ္ခု အပါအ၀င္ပါပဲ။
BlueWave ၀န္ေဆာင္မႈရဲ႕ အေသးစိတ္ကို သိရွိဖို႔ အတြက္ အင္တာနက္ဂ်ာနယ္ အေနနဲ႔ BlueWave ၀န္ေဆာင္မႈလုပ္ငန္း ရဲ႕CEO ျဖစ္သူ Mr. Clement Larroque နဲ႔ အခုလို ဆက္သြယ္ ေမးျမန္းခဲ့ပါတယ္။
ေမး- BlueWave နဲ႔ပတ္သက္ၿပီး မိတ္ဆက္ေပးပါလား။
ေျဖ- Bluewave ဟာ Fiber, terrestrial wireless နဲ႔ satellite စနစ္မ်ားကို အသံုးျပဳ၍ အိမ္သံုး႐ံုးသံုး အင္တာနက္ကို ၀န္ေဆာင္မႈေပးတဲ့ ISP ကုမၸဏီ ျဖစ္ပါတယ္။ Holding ကုမၸဏီကေတာ့ စင္ကာပူႏိုင္ငံမွာ ျဖစ္ၿပီး အသံုးျပဳသူမ်ားရဲ႕ လိုအပ္ခ်က္ကို အမွန္တကယ္နားလည္ သိရွိၿပီး စိတ္ေက်နပ္မႈ အျပည္႔အ၀ ေပးႏိုင္တဲ့ အေကာင္းဆံုး ISP ျဖစ္ဖို႔ ရည္ရြယ္ထားပါတယ္။
ေမး- BlueWave အေနနဲ႔ ျမန္မာႏိုင္ငံမွာ Broadband အင္ တာနက္ လိုင္းေရာင္းဖို႔ အတြက္ ဘယ္ေလာက္ အထိ ျပင္ဆင္ၿပီးၿပီလဲ။
ေျဖ- ကြ်န္ေတာ္တို႔ အေနနဲ႔ ၿပီးခဲ့တဲ့ ႏွစ္မွာ အဓိက အေျခခံ အေေဆာက္အဦးေတြ၊ ကြန္ရက္ စီမံခန္႔ခြဲမႈစနစ္ေတြ၊ အက်ိဳးတူ ပူေေပါင္းမႈ ဆိုင္ရာ မိတ္ဖက္ဆက္ဆံေရးေတြ တည္ေဆာက္ျခင္းေတြနဲ႔ အတူ ဝန္ေဆာင္မႈအမွတ္တံဆိပ္ႏွင့္ အေရာင္း ခ်န္နယ္ တည္ေဆာက္ျခင္းေတြကိုလည္း လုုပ္ေဆာင္ခဲ့ၿပီး ျဖစ္ပါတယ္။ ေန႔စဥ္ ႀကံဳေတြ႕ေနရတဲ့ အင္တာနက္နဲ႔ ပတ္သက္တဲ့ အခက္အခဲေတြကို ေျဖရွင္းေပးႏိုင္မယ့္ ျပည္သူလူထုု အမွန္တကယ္ လိုအပ္ေနတဲ့ အင္တာနက္ကို ၀န္ေဆာင္မႈေပးဖို႔ အသင့္ျဖစ္ေနပါၿပီ။ ေတြ႕ ႀကံဳလာမည့္ စိန္ေခၚမႈ ေတြကို ရင္ဆိုင္ဖို႔ ေမွ်ာ္လင့္ထားၿပီးျဖစ္သလို ဝယ္သူေတြကိုလဲ အေကာင္းဆံုး ၀န္ေဆာင္မႈေပးဖို႔ လည္း အသင့္ျဖစ္ေနပါၿပီ။
ေမး- Blue wave အေနနဲ႔ Broadband အင္တာနက္ ဝန္ေဆာင္မႈေပး အပ္ဖို႔ Ooredoo ရဲ႕ အင္တာနက္ လိုင္းကို ျပန္လည္ အသံုးျပဳသြားမယ္လို႔ ေျပာေနၾကတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး နည္းနည္းေလာက္ ရွင္းျပေပးႏိုင္မလား။
ေျဖ- ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ရွင္းလင္းစြာေျပာျပပါရေစ။ Bluewave ဟာ ကိုယ္ပိုင္နည္းပညာကို အသံုးျပဳၿပီး ျမန္မာျပည္ရဲ႕ အင္တာနက္ အသံုးျပဳသူေတြကို ဝန္ေဆာင္မႈေပးသြားမွာ ျဖစ္ပါတယ္။ အင္တာနက္လမ္းေၾကာင္း သတ္မွတ္ျခင္း အတြက္ ေနာက္ဆံုးေပၚ နည္းပညာေပၚမွာ အေျခခံၿပီးသံုးစြဲ သူရဲ႕ တည္ေနရာကို လုိက္၍ ဖိုက္ဘာ၊ ေျမေပၚႀကိဳးမ့ဲစနစ္၊ ၿဂိဳလ္တု စနစ္ေတြကို အသံုးျပဳသြားမွာ ျဖစ္ပါတယ္။ အေကာင္အထည္ ေဖာ္ေဆာင္ရြက္မႈ ပထမ အဆင္႔မွာ ျပည္တြင္းႏွင့္ႏိုင္ငံတကာ Upstream ခ်ိတ္ဆက္မႈအတြက္ Ooredoo ရဲ႕ Gateway ကို အသံုးျပဳသြားမွာျဖစ္ၿပီး ကၽြန္ေတာ္တုိ႔ရဲ႕ ပင္မ network ရဲ႕ end to end ခ်ိတ္ဆက္မႈအတြက္ ကိုယ္ပိုင္ IP အရင္း အျမစ္မ်ားကို (IPv4, IPv6 and ASN) အခိုင္အမာ တည္ေဆာက္ၿပီး ျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔ရဲ႕ network က်ယ္ျပန္႔လာတာနဲ႔ အမွ် back up Upstream ခ်ိတ္ဆက္မႈမ်ား ကိုျပည္တြင္းျပည္ပ မိတ္ဖက္ အဖြဲ႕အစည္းမ်ားနဲ႔ ပူးေပါင္း၍အေကာင္အထည္ေဖာ္သြားမွာ ျဖစ္ပါတယ္။ ထိုအတြက္လည္း ေဆြးေႏြးေဆာင္ရြက္မႈေတြ လုပ္ေနၿပီး အေျခခံ သေဘာတူညီမႈ ေတြရရွိၿပီး ျဖစ္ပါတယ္။
ေမး- အင္တာနက္လိုင္း စတင္ေရာင္းခ်တဲ့အခါ ဘယ္ၿမိဳ႕ေတြ ျဖစ္မလဲ။ ေနာက္ပိုင္း ဆက္လက္ေရာင္းခ်မယ့္ ၿမိဳ႕အေနနဲ႔ ေျပာပါဆိုရင္ေကာ။
ေျဖ- ေဖေဖာ္၀ါရီလ အတြင္းမွာ ေရြးခ်ယ္ထားတဲ႔ဧရိယာေတြမွာ စတင္ ၀န္ေဆာင္မႈ ေပးမွာ ျဖစ္ၿပီး မတ္လ အကုန္မွ စတင္၍ တစ္ႏိုင္ငံလံုး အတိုင္း အတာ နဲ႔ေပးသြားႏိုင္မွာ ျဖစ္ပါတယ္။ အေသးစိတ္ အခ်က္အလက္မ်ားကို ကြ်န္ေတာ္တို႔ ရဲ႕ အေရာင္းဌာနကို ဆက္သြယ္ ေမးျမန္းႏိုင္ပါတယ္။
ေမး - ဆက္သြယ္ေရး ၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္တဲ့ ဆက္သြယ္ေရးလိုင္စင္ရ ကုမၸဏီေတြထဲမွာ BlueWave မပါဘူး။ ဒါနဲ႔ ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္ပါလဲ။
ေျဖ- သက္ဆုိင္ရာ ၀န္ႀကီးဌာနက ထုတ္ေပးထားတဲ႔ လိုင္စင္ကို ရရွိထားၿပီးျဖစ္သည့္ အတြက္ ေနာက္တစ္ေခါက္ ထုတ္ျပန္မည့္ လိုင္စင္ရ ကုမၸဏီမ်ား စာရင္းမွာ ပါ၀င္လာမွာျဖစ္ပါတယ္။
ေမး- အင္တာနက္လိုင္း ေရာင္းခ်မယ့္ ေစ်းႏႈန္းေတြ အျမန္ႏႈန္းေတြ ကေကာ။
ေျဖ- အိမ္သံုး အင္တာနက္ကို ကနဦး တပ္ဆင္ခ $120 နွင္႔ 1mbps လိုင္းအတြက္ လစဥ္ေၾကး $60 ၊ 2mbps လိုင္းအတြက္ လစဥ္ေၾကး $110, 4mbps လိုင္းအတြက္ လစဥ္ေၾကး $200 က်သင့္မွာ ျဖစ္ပါတယ္။ လုပ္ငန္းသံုး အင္တာနက္ကို ကနဦး တပ္ဆင္ခ $500 ႏွင့္ 1mbps လိုင္းအတြက္ လစဥ္ေၾကး $525, 2mbps လိုင္းအတြက္ လစဥ္ေၾကး $800, 4mbpsလိုင္းအ တြက္ လစဥ္ေၾကး $1240, 8mbps လိုင္းအတြက္ လစဥ္ေၾကး $2400, 10mbps လိုင္းအတြက္ လစဥ္ေၾကး $2750, 20mbps လိုင္းအတြက္ လစဥ္ေၾကး $5000 က်သင့္မွာ ျဖစ္ပါတယ္။
ေမး- လက္ရွိေစ်းကြက္ထဲမွာ Broadband အင္တာနက္လိုင္းေတြ ေရာင္းေနၾကတယ္။ သူတုိ႔ေတြနဲ႔ ဘာကြာျခားမလဲ။ သူတို႔ေတြ ထက္ဘာထူးျခားမလဲ။
ေျဖ- ကြ်န္ေတာ္တို႔ ရဲ႕ ၀န္ေဆာင္မႈဟာ လက္ရွိ ျမန္မာႏိုင္ငံမွာ မရွိေသးတဲ့ ယံုၾကည္စိတ္ခ်ရၿပီး ခုိင္မာမႈ အျပည့္ရွိတဲ့ ကြန္ရက္ တည္ေဆာက္မႈႏွင့္ ႏိုင္ငံတကာအဆင့္မီ နည္းပညာေပၚမွာ အေျခခံ ထားပါတယ္။ ယံုၾကည္စိတ္ခ်ရမႈ ရွိေစရန္ ႏွင္႔ တူညီေကာင္းမြန္ေသာ တသတ္မတ္တည္းရွိတဲ႔ ၀န္ေဆာင္မႈရ ရွိေစဖို႔ ထို ကြန္ရက္ တည္ ေဆာက္မႈ လမ္းေၾကာင္းမ်ားကို ျမန္ဆန္ၿပီး ဖြံၿဖိဳးမႈအားေကာင္းတဲ့ ကြန္ရက္ခန္႔ခြဲမႈ စနစ္မ်ားနဲ႔ ေထာက္ပံံ့ေပးထားပါတယ္။ နည္းပညာဆိုင္ရာ အျပင္ ဝန္ေဆာင္မႈ ဘက္မွာလည္း ႏိုင္ငံတကာအသိအမွတ္ျပဳ အေကာင္းဆံုး ဝန္ေဆာင္မႈ အေလ့အက်င္႔မ်ားကိုခ်မွတ္ က်င့္သံုးသြားမွာ ျဖစ္ပါတယ္။
ေမး- လက္ရွိေစ်းကြက္ကိုေရာ ဘယ္လိုေလ့လာထားလဲ။ ေလ့ လာထားတ႔ဲ ေစ်းကြက္ကို ဘယ္လို သံုးသပ္ျပႏိုင္မလဲ။
ေျဖ- ကြ်န္္ေတာ္တို႔ရဲ႕ အေတြ႕အႀကံဳနဲ႔ လက္ရွိ အင္တာနက္ အသံုးျပဳေတြရဲ႕ Feedback ကို အေျခခံၿပီး ေျပာရမယ္ဆိုရင္ လက္ရွိေစ်းကြက္အတြင္းမွာ ရရွိႏိုင္တဲ့ ၀န္ေဆာင္မႈနဲ႔ ၎တို႔အေပၚအသံုးျပဳေတြရဲ႕ ေမွ်ာ္လင္႔ထားမႈဟာ ကြာျခားမႈေတြရွိေနပါတယ္။ ဒါ ဟာ အရည္အေသြးနဲ႔ အျမန္ႏႈန္း ေပၚမွာ သာမက ၀န္ေဆာင္မႈေပးတဲ့ အပိုင္းေတြ မွာပါ ျဖစ္ေပၚ ေနတာပါ။ ကြ်န္ေတာတို႔ရဲ႕ ရည္မွန္းခ်က္ကေတာ႔ ဒီျပႆနာေတြကို ေျဖရွင္းေပးႏိုင္တဲ႔ အသံုးျပဳသူေတြ ေမွ်ာ္လင့္ေနတဲ့ အင္တာနက္ကို ဝန္ေဆာင္မႈေပးဖို႔ပါပဲ။
ေမး- အင္တာဗ်ဴး ေမးခြန္းထဲမွာ မပါေပမယ့္ စာဖတ္သူကို အသိ ပးခ်င္တာမ်ား ရွိႏိုင္မလား။
ေျဖ- ဟုတ္ကဲ့ ။ Bluewave အင္တာနက္ စတင္ မိတ္ဆက္မယ့္ရက္နဲ႔ ၿမိဳ႕နယ္၊ Promotion Event လုပ္မယ့္ ေနရာေတြကို ကြ်န္ေတာ္တို႔ ရဲ႕ Facebook စာမ်က္ႏွာ www.facebook.com/bluewavenetworks နဲ႔ website http://www.bluewavenetworks.net ေတြမွာ အခ်ိန္ႏွင္႔ တစ္ေျပးညီ ေဖာ္ျပေပးသြားမွာပါ။ Early Subscribers ေတြအတြက္လည္း အထူး Promotion အစီအစဥ္ေတြရွိတဲ့ အေၾကာင္းအသိေပးလိုပါတယ္။
http://internetjournal.media/article/5225
xxxxxxxxxxxx
"အင်တာနက်လုပ်ငန်း ဝန်ဆောင်မှုပေးသည့် BlueWave ကုမ္ပဏီ၏ CEO ဖြစ်သူ Mr. Clement Larroque နှင့် တွေ့ဆုံခြင်း"
ဆက်သွယ်ရေး ဥပဒေထွက် ရှိလာတဲ့နောက်ပိုင်း ဆက်သွယ်ရေးလိုင်စင်နဲ့ ပတ်သက်တဲ့ နည်းဥပဒေ ဆက်လက် ထွက်ရှိလာပါတယ်။ နည်းပညာ ကုမ္ပဏီတွေ အနေနဲ့လည်း ဆက်သွယ်ရေး လိုင်စင်ကို လွတ်လပ်စွာ လျှောက်ထားလာခဲ့ကြပါတယ်။ ကုမ္ပဏီ အများစုဟာ အင်တာနက်နဲ့ဆက်နွယ်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်ပြီး ဝန်ဆောင်မှု ပေးအပ်ကြဖို့ပါ။ အဆိုပါ ကုမ္ပဏီတွေထဲမှာ BlueWave Broadband ၀န်ဆောင်မှု လုပ်ငန်းကလည်း တစ်ခု အပါအဝင်ပါပဲ။
BlueWave ၀န်ဆောင်မှုရဲ့ အသေးစိတ်ကို သိရှိဖို့ အတွက် အင်တာနက်ဂျာနယ် အနေနဲ့ BlueWave ၀န်ဆောင်မှုလုပ်ငန်း ရဲ့CEO ဖြစ်သူ Mr. Clement Larroque နဲ့ အခုလို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
မေး- BlueWave နဲ့ပတ်သက်ပြီး မိတ်ဆက်ပေးပါလား။
ဖြေ- Bluewave ဟာ Fiber, terrestrial wireless နဲ့ satellite စနစ်များကို အသုံးပြု၍ အိမ်သုံးရုံးသုံး အင်တာနက်ကို ၀န်ဆောင်မှုပေးတဲ့ ISP ကုမ္ပဏီ ဖြစ်ပါတယ်။ Holding ကုမ္ပဏီကတော့ စင်ကာပူနိုင်ငံမှာ ဖြစ်ပြီး အသုံးပြုသူများရဲ့ လိုအပ်ချက်ကို အမှန်တကယ်နားလည် သိရှိပြီး စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်တဲ့ အကောင်းဆုံး ISP ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။
မေး- BlueWave အနေနဲ့ မြန်မာနိုင်ငံမှာ Broadband အင် တာနက် လိုင်းရောင်းဖို့ အတွက် ဘယ်လောက် အထိ ပြင်ဆင်ပြီးပြီလဲ။
ဖြေ- ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ နှစ်မှာ အဓိက အခြေခံ အေဆောက်အဦးတွေ၊ ကွန်ရက် စီမံခန့်ခွဲမှုစနစ်တွေ၊ အကျိုးတူ ပူေပေါင်းမှု ဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးတွေ တည်ဆောက်ခြင်းတွေနဲ့ အတူ ဝန်ဆောင်မှုအမှတ်တံဆိပ်နှင့် အရောင်း ချန်နယ် တည်ဆောက်ခြင်းတွေကိုလည်း လုုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ နေ့စဉ် ကြုံတွေ့နေရတဲ့ အင်တာနက်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် ပြည်သူလူထုု အမှန်တကယ် လိုအပ်နေတဲ့ အင်တာနက်ကို ၀န်ဆောင်မှုပေးဖို့ အသင့်ဖြစ်နေပါပြီ။ တွေ့ ကြံုလာမည့် စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ မျှော်လင့်ထားပြီးဖြစ်သလို ဝယ်သူတွေကိုလဲ အကောင်းဆုံး ၀န်ဆောင်မှုပေးဖို့ လည်း အသင့်ဖြစ်နေပါပြီ။
မေး- Blue wave အနေနဲ့ Broadband အင်တာနက် ဝန်ဆောင်မှုပေး အပ်ဖို့ Ooredoo ရဲ့ အင်တာနက် လိုင်းကို ပြန်လည် အသုံးပြုသွားမယ်လို့ ပြောနေကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပေးနိုင်မလား။
ဖြေ- ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ရှင်းလင်းစွာပြောပြပါရစေ။ Bluewave ဟာ ကိုယ်ပိုင်နည်းပညာကို အသုံးပြုပြီး မြန်မာပြည်ရဲ့ အင်တာနက် အသုံးပြုသူတွေကို ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ အင်တာနက်လမ်းကြောင်း သတ်မှတ်ခြင်း အတွက် နောက်ဆုံးပေါ် နည်းပညာပေါ်မှာ အခြေခံပြီးသုံးစွဲ သူရဲ့ တည်နေရာကို လိုက်၍ ဖိုက်ဘာ၊ မြေပေါ်ကြိုးမဲ့စနစ်၊ ဂြိုလ်တု စနစ်တွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အကောင်အထည် ဖော်ဆောင်ရွက်မှု ပထမ အဆင့်မှာ ပြည်တွင်းနှင့်နိုင်ငံတကာ Upstream ချိတ်ဆက်မှုအတွက် Ooredoo ရဲ့ Gateway ကို အသုံးပြုသွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပင်မ network ရဲ့ end to end ချိတ်ဆက်မှုအတွက် ကိုယ်ပိုင် IP အရင်း အမြစ်များကို (IPv4, IPv6 and ASN) အခိုင်အမာ တည်ဆောက်ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ network ကျယ်ပြန့်လာတာနဲ့ အမျှ back up Upstream ချိတ်ဆက်မှုများ ကိုပြည်တွင်းပြည်ပ မိတ်ဖက် အဖွဲ့အစည်းများနဲ့ ပူးပေါင်း၍အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ထိုအတွက်လည်း ဆွေးနွေးဆောင်ရွက်မှုတွေ လုပ်နေပြီး အခြေခံ သဘောတူညီမှု တွေရရှိပြီး ဖြစ်ပါတယ်။
မေး- အင်တာနက်လိုင်း စတင်ရောင်းချတဲ့အခါ ဘယ်မြို့တွေ ဖြစ်မလဲ။ နောက်ပိုင်း ဆက်လက်ရောင်းချမယ့် မြို့အနေနဲ့ ပြောပါဆိုရင်ကော။
ဖြေ- ဖေဖော်ဝါရီလ အတွင်းမှာ ရွေးချယ်ထားတဲ့ဧရိယာတွေမှာ စတင် ၀န်ဆောင်မှု ပေးမှာ ဖြစ်ပြီး မတ်လ အကုန်မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်း အတာ နဲ့ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်များကို ကျွန်တော်တို့ ရဲ့ အရောင်းဌာနကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
မေး - ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီတွေထဲမှာ BlueWave မပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါလဲ။
ဖြေ- သက်ဆိုင်ရာ ၀န်ကြီးဌာနက ထုတ်ပေးထားတဲ့ လိုင်စင်ကို ရရှိထားပြီးဖြစ်သည့် အတွက် နောက်တစ်ခေါက် ထုတ်ပြန်မည့် လိုင်စင်ရ ကုမ္ပဏီများ စာရင်းမှာ ပါ၀င်လာမှာဖြစ်ပါတယ်။
မေး- အင်တာနက်လိုင်း ရောင်းချမယ့် စျေးနှုန်းတွေ အမြန်နှုန်းတွေ ကကော။
ဖြေ- အိမ်သုံး အင်တာနက်ကို ကနဦး တပ်ဆင်ခ $120 နှင့် 1mbps လိုင်းအတွက် လစဉ်ကြေး $60 ၊ 2mbps လိုင်းအတွက် လစဉ်ကြေး $110, 4mbps လိုင်းအတွက် လစဉ်ကြေး $200 ကျသင့်မှာ ဖြစ်ပါတယ်။ လုပ်ငန်းသုံး အင်တာနက်ကို ကနဦး တပ်ဆင်ခ $500 နှင့် 1mbps လိုင်းအတွက် လစဉ်ကြေး $525, 2mbps လိုင်းအတွက် လစဉ်ကြေး $800, 4mbpsလိုင်းအ တွက် လစဉ်ကြေး $1240, 8mbps လိုင်းအတွက် လစဉ်ကြေး $2400, 10mbps လိုင်းအတွက် လစဉ်ကြေး $2750, 20mbps လိုင်းအတွက် လစဉ်ကြေး $5000 ကျသင့်မှာ ဖြစ်ပါတယ်။
မေး- လက်ရှိစျေးကွက်ထဲမှာ Broadband အင်တာနက်လိုင်းတွေ ရောင်းနေကြတယ်။ သူတို့တွေနဲ့ ဘာကွာခြားမလဲ။ သူတို့တွေ ထက်ဘာထူးခြားမလဲ။
ဖြေ- ကျွန်တော်တို့ ရဲ့ ၀န်ဆောင်မှုဟာ လက်ရှိ မြန်မာနိုင်ငံမှာ မရှိသေးတဲ့ ယုံကြည်စိတ်ချရပြီး ခိုင်မာမှု အပြည့်ရှိတဲ့ ကွန်ရက် တည်ဆောက်မှုနှင့် နိုင်ငံတကာအဆင့်မီ နည်းပညာပေါ်မှာ အခြေခံ ထားပါတယ်။ ယုံကြည်စိတ်ချရမှု ရှိစေရန် နှင့် တူညီကောင်းမွန်သော တသတ်မတ်တည်းရှိတဲ့ ၀န်ဆောင်မှုရ ရှိစေဖို့ ထို ကွန်ရက် တည် ဆောက်မှု လမ်းကြောင်းများကို မြန်ဆန်ပြီး ဖွံဖြိုးမှုအားကောင်းတဲ့ ကွန်ရက်ခန့်ခွဲမှု စနစ်များနဲ့ ထောက်ပံံ့ပေးထားပါတယ်။ နည်းပညာဆိုင်ရာ အပြင် ဝန်ဆောင်မှု ဘက်မှာလည်း နိုင်ငံတကာအသိအမှတ်ပြု အကောင်းဆုံး ဝန်ဆောင်မှု အလေ့အကျင့်များကိုချမှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။
မေး- လက်ရှိစျေးကွက်ကိုရော ဘယ်လိုလေ့လာထားလဲ။ လေ့ လာထားတဲ့ စျေးကွက်ကို ဘယ်လို သုံးသပ်ပြနိုင်မလဲ။
ဖြေ- ကျွန််တော်တို့ရဲ့ အတွေ့အကြံုနဲ့ လက်ရှိ အင်တာနက် အသုံးပြုတွေရဲ့ Feedback ကို အခြေခံပြီး ပြောရမယ်ဆိုရင် လက်ရှိစျေးကွက်အတွင်းမှာ ရရှိနိုင်တဲ့ ၀န်ဆောင်မှုနဲ့ ၎င်းတို့အပေါ်အသုံးပြုတွေရဲ့ မျှော်လင့်ထားမှုဟာ ကွာခြားမှုတွေရှိနေပါတယ်။ ဒါ ဟာ အရည်အသွေးနဲ့ အမြန်နှုန်း ပေါ်မှာ သာမက ၀န်ဆောင်မှုပေးတဲ့ အပိုင်းတွေ မှာပါ ဖြစ်ပေါ် နေတာပါ။ ကျွန်တောတို့ရဲ့ ရည်မှန်းချက်ကတော့ ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အသုံးပြုသူတွေ မျှော်လင့်နေတဲ့ အင်တာနက်ကို ဝန်ဆောင်မှုပေးဖို့ပါပဲ။
မေး- အင်တာဗျူး မေးခွန်းထဲမှာ မပါပေမယ့် စာဖတ်သူကို အသိ ပးချင်တာများ ရှိနိုင်မလား။
ဖြေ- ဟုတ်ကဲ့ ။ Bluewave အင်တာနက် စတင် မိတ်ဆက်မယ့်ရက်နဲ့ မြို့နယ်၊ Promotion Event လုပ်မယ့် နေရာတွေကို ကျွန်တော်တို့ ရဲ့ Facebook စာမျက်နှာ www.facebook.com/bluewavenetworks နဲ့ website http://www.bluewavenetworks.net တွေမှာ အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေးသွားမှာပါ။ Early Subscribers တွေအတွက်လည်း အထူး Promotion အစီအစဉ်တွေရှိတဲ့ အကြောင်းအသိပေးလိုပါတယ်။
http://internetjournal.media/article/5225 internetjournal.media
Subscribe to:
Post Comments (Atom)
No comments:
Post a Comment