Monday, January 18, 2016

မလေးရှားအစား ထိုင်ဝမ်သို့ လုပ်သားများပို့ဆောင်ရန် မြန်မာအေဂျင်စီများ စီစဉ် +++++++++++

မလေးရှားအစား ထိုင်ဝမ်သို့ လုပ်သားများပို့ဆောင်ရန် မြန်မာအေဂျင်စီများ စီစဉ် ++++++++++++++++++++++++++++++++++++++++++++++++++ ရန်ကုန်၊ ဇန်နဝါရီ ၁၇- မလေးရှား သို့ လုပ်သားများပို့ဆောင် မှုဈေး ကွက် နေရာ တွင် ထိုင်ဝမ်ကို အစားထိုးရန် မြန်မာအေဂျင်စီများ စီစဉ်နေပြီဖြစ် ကြောင်း သိရသည်။ ပြည်ပလုပ်သားပို့ဆောင်မှု ဒု တိယအများဆုံးဖြစ်သည့် မလေးရှား လုပ်သားပို့ဈေးကွက်အစား နိုင်ငံ သစ်များကို ရှာဖွေပို့ဆောင်ရန်ကြိုး စားလျက်ရှိပြီး လက်ရှိတွင် ထိုင်ဝမ် သို့ လုပ်သားပို့ဆောင်နိုင်ရန် ကြိုး စားနေခြင်းဖြစ် သည်။ မလေးရှားလုပ်သားခေါ်ယူမှု မြင့်တက် လျက်ရှိသော်လည်း ဗီဇာပြု လုပ်ခနှုန်းထားမြင့်တက်မှုကြောင့် တစ်နှစ်လျှင် ပျမ်းမျှလုပ်သားပို့ဆောင် မှု ၃၉၀၀၀ ခန့်ရှိသည့် မလေး လုပ် သားပို့ဆောင်မှုဈေးကွက်ကို ဇန်နဝါ ရီ ၁၈ ရက်မှစ၍ အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး နိုင်ငံသစ်များ ထပ်မံရှာဖွေနိုင်ရန် ကြိုးစားသွားမည် ဟု ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ ရှိ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင် မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် Myanmar Overseas Employment Agencies Federation (MOEAF) ရုံးတွင် ဇန်နဝါရီ ၁ရ ရက်ကပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲမှ သိရ သည်။ လက်ရှိတွင် ထိုင်ဝမ်သို့ မြန်မာ လုပ်သားများပို့ဆောင်ရေးကို နှစ်နိုင်ငံ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ MoU စာချုပ်ချုပ်ဆိုပြီးပြီဖြစ် ကာ တရားဝင်ပို့ဆောင်ခွင့်ရရန် အ လုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနသို့ ခွင့်ပြုချက် တောင်းခံထားကြောင်း ခွင့်ပြုချက်ရ ပါက ထိုင်ဝမ်မှ တစ်နှစ်လျှင် မြန်မာ လုပ်သား တစ်သောင်း ခေါ်ယူ မည် ဖြစ်ကြောင်း ထိုင် ဝမ်မှ မြန်မာလုပ် သားအဖြစ် အမျိုးသားရော၊ အမျိုး သမီးပါ ခေါ်ယူ မည်ဖြစ်ပြီး အခြေခံ လစာမှာ ကန်ဒေါ်လာ ၈၀၀ ဖြစ် သောကြောင့် မလေးရှားလုပ်ခထက် များစွာသာကြောင်း ထိုင်ဝမ် ရှိ လျှပ် စစ် ပစ္စည်းစက်ရုံနှင့် သံထည်စက်ရုံ တို့တွင် လုပ်ကိုင်ရမည်ဖြစ်ကြောင်း MOEAF မှ သိရသည်။ ''မလေးလုပ်သားပို့တာကို ရပ် လိုက်တဲ့အတွက် မလေးကိုပို့တဲ့ အေ ဂျင်စီတွေအနေနဲ့ အခိုက်အတန့်တော့ သူတို့ရုန်းကန်မှုတစ်ခုနဲ့ စိန်ခေါ်မှု တစ်ခုတော့ ကျော်ဖြတ်ရမှာပေါ့နော်။ ဗီဇာကြေးကိစ္စနဲ့ပတ်သက်ပြီး အခု လျှော့ဖို့ကိစ္စကို ညှိနေပါတယ်။ ကျွန် တော်တို့က ညှိနှိုင်းမှု တစ်ခုတော့ အောင်မြင်မယ်လို့ထင်တယ်။ ကျွန် တော်တို့ အနေနဲ့လည်း နောက်ထပ် နိုင်ငံသစ်တွေ ရှာဖွေပြီး နိုင်ငံသစ် တွေကို ပို့ဖို့ကြိုးစားနေပါတယ်''ဟု MOEAF ဥက္ကဋ္ဌ ဦးမင်းလှိုင်ကဆို သည်။ လက်ရှိတွင် ဗီဇာကြေး တိုးမြှင့် သည့်ကိစ္စနှင့်ပတ်သက်၍ အလုပ်သ မား ဝန်ကြီးဌာနမှ ကြားဝင်ညှိနှိုင်းပေး နေကြောင်း ဦးမင်းလှိုင်ကပြောသည်။ မလေးရှားသို့သွားရောက်မည့် သူများအနေဖြင့် ယခုလ ၁၈ ရက်မှ စ၍ သံရုံးသို့ တိုက်ရိုက်လျှောက်ထား ခွင့်မရှိတော့ဘဲ ကြားခံဝန်ဆောင်မှု စနစ်ဖြင့် One Stop Center တွင် သာ လျှောက်ထားရမည်ဖြစ်ပြီး ယခင် ဗီဇာကြေး ခြောက်ဒေါ်လာသာ ကောက်ခံနေရာမှာ Service Fee ၂၆ ဒေါ်လာနှင့် System Fee ၂၅ ဒေါ်လာ စုစုပေါင်း ၅၇ ဒေါ်လာ တိုး မြှင့်ကောက်ခံလိုက်ခြင်းကြောင့် ကန့် ကွက်သည့်အနေဖြင့် လုပ်သားပို့ ဆောင်မှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ် သည်။ ZCH #Democracytoday

No comments: