Monday, January 18, 2016

ရွှေဘဏ်က မိုဘိုင်းငွေလွှဲစနစ်စတင်ရန် မြန်မာ့ဆက်သွယ်ရေးနှင့် ဆွေးနွေးထား

ရွှေဘဏ်ကမိုဘိုင်းငွေလွှဲစနစ်စတင်ရန် မြန်မာ့ဆက်သွယ်ရေးနှင့် ဆွေးနွေးထား ================================================== "မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးပြုသူ အရေအတွက် သိသိသာသာတိုးလာတာတွေ့ရတယ်။အဲဒီအတွက် မိုဘိုင်းနဲ့ ငွေကြေး ပေးချေတာတွေ၊ မိုဘိုင်းဘဏ်လုပ်ငန်းစနစ် တွေကို ဆောင်ရွက်နိုင်ဖို့ ဒေတာစင်တာ လည်း ဘဏ်ရုံးချုပ်မှာ တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ကျေးလက်ပြည်သူတွေကပါ ဒီစနစ်ကိုသုံးစွဲမယ်ဆိုရင် ဘဏ္ဍာရေးကဏ္ဍမှာ အားလုံးပါဝင်လာနိုင်ဖို့လည်း အထောက်အကူပြုတယ်"ဟု ၎င်းက ပြောသည်။ မိုဘိုင်းဖြင့် ငွေလွှဲဝန်ဆောင်မှုစနစ်ကို ရိုးမ ဘဏ်၊ သမ၀ါယမဘဏ်နှင့် ဧရာဝတီဘဏ်စသည့်ဘဏ်များကလက်ရှိ လုပ်ကိုင် ဆောင်ရွက်နေသည်။ "Sky Net နဲ့ကလည်း မိသားစုကုမ္ပဏီ ဖြစ်နေတဲ့အတွက် တစ်ပြည်လုံးနဲ့ ဆောင်ရွက် မယ့် ကိုယ်စားလှယ်ရှာဖွေတဲ့ အပိုင်း မှာလည်း အခက်အခဲမရှိပါဘူး"ဟု ၎င်းက ပြောသည်။ ဦးသိန်းဇော်မှာ ဗဟိုဘဏ်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်သည်။ အဆိုပါဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မတည်ငွေရင်း ကျပ် ၁၀၀ ဘီလျံနှင့် ထည့်ဝင်မတည်ငွေရင်းမှာကျပ်၂၀ ဘီလျံ တို့ဖြင့် ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်း ထောင့်ရှိ Sky Net ရုပ်သံလိုင်း ထုတ်လွှင့်နေ သော ရွှေသံလွင်ကုမ္ပဏီက ပိုင်ဆိုင်သည့် အဆောက်အအုံတွင် ဖွင့်လှစ်ထားခြင်းဖြစ် သည်။ မိုဘိုင်းဖုန်းအသုံးပြုပြီး ငွေလွှဲစနစ်ဝန်ဆောင်မှု အတွက် အသစ်ဖွင့်လှစ်လိုက်သော ရွှေ ကျေး လက်နှင့် မြို့ပြဖွံ့ဖြိုးရေးဘဏ်က မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်ရန် ဆွေးနွေးထားကြောင်းဘဏ်၏ဒုတိယ ဥက္ကဋ္ဌဦးသိန်းဇော်က ပြောသည်။ myanmar.mmtimes.com

No comments: