Monday, January 18, 2016

(ကုသိုရအောင် များများ Share ပေးကြပါ)

(ကုသိုရအောင် များများ Share ပေးကြပါ) ကုသိုလ်အဖြစ် အခမဲ့လက်အတု တပ်ဆင်ပေးမည် မြန်မာနိုင်ငံအတွင်း တံတောင်ဆစ်အောက် လက်ပြတ်နေသူ မည်သူကိုမဆို "ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း"မှ မေတ္တာဖြင့် လက်အတုများကို တပ်ဆင်ပေးမည်ဖြစ်သည့်အတွက် "ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း"သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ လက်အတုများကို မေတ္တာဖြင့် တပ်ဆင်ပေးခြင်းအဖြစ် ၂၀၁၃ခုနှစ် ဒီဇင်ဘာလက တစ်ကြိမ်၊ ၂၀၁၄ခုနှစ် ဒီဇင်ဘာလက တစ်ကြိမ် အပြင် ရခိုင်ပြည်နယ်တွင် အခမဲ့ ဆေးကုသပေးခဲ့ရာတွင်လည်း လက်အတုများ တပ်ဆင်ပေးခဲ့ပြီးကြောင်းနှင့် ရန်ကုန်မြို့တွင်လည်း တပ်ဆင်ပေးခဲ့ရာ စုစုပေါင်း လက်အတု အခု(၅၀)ကို တင်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လက်အတုတပ်ရန် လိုအပ်သော အချက်အလက်များမှာ ၁။ မည်သည့်ဘက်မဆို လက်တံတောင်ဆစ်မှ (၅)လက်မရှည်သော လက်ဖျံရှိရပါမည်။ ၂။ လက်တစ်ဖက်ထဲကိုဘဲတတ်ပေးမည်ဖြစ်ပါသည်။ ၃။ ညာလက်ပြတ်သူကို ဦးစားပေးပါမည်။ ၄။ ငွေကြေးမတတ်နိုင်သူ ဖြစ်ရပါမည်။ ၅။ မိမိ၏အမည်၊ အသက်၊ နေရပ်လိပ်စာ၊ ဆက်သ္ဗယ်လို့ရမည့် ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ အဘယ်ကြောင့် ပြတ်သွားရသည့် အကြောင်းအရင်းတို့ကို ပြောပြရပါမည်။ အထက်ပါ အချက်အလက်များနှင့် ကိုက်ညီသောသူများသည် အောက်ပါ ပုဂ္ဂိုလ်များထံတွင် ဆက်သွယ် အကြောင်းကြား စာရင်းပေးသွင်းထားနိုင်ပြီး စာရင်းပြည့်သောအခါ ပြန်လည် အကြောင်းကြားပေးမည် ဖြစ်ပါသည်။ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ။ ၁။ ဒေါ်တင်မေအောင် (ဥက္ကဋ္ဌ) ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း။ ဖုန်း ၀၁-၅၃၅၆၆၀၊ ၀၉-၄၂၀၀၄၂၇၁၈ ၂။ ဦးတိုးဘရှမ်း (ဒု ဥက္ကဋ္ဌ) ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း။ ဖုန်း ၀၁-၅၃၅၆၆၀၊ ၀၉-၅၁၀၄၅၁၀ ဓါတ်ပုံ နှင့် အချက်အလက် ဆင့်ဆင့်အောင် -Tachileik News Agency စောနွဲ့ နေဆိုင် - ပူတာအို ကျန်းမာရေးသတင်းများ .

No comments: