မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်
---------------------------------------
ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်း
အဝေး (၂၇) ရက်မြောက်နေ့ကို အစီအစဉ် (၉)ခု ဖြင့်ကျင်းပမည်။
(က) မိတ္ထီလာ မဲဆန္ဒနယ်မှ ဦးဝင်းထိန်က အင်းစိန်မြို့နယ် စက်မှုလက်မှုသိမပ္ပံ(GTI)ကို စက်မှုအတက်သင်သိပ္ပံ သင်တန်းကျောင်းအဖြစ် ပြန်လည်ဆောင်ရွက်ပေးရန် ရှိ/မရှိ၊
(ခ) ရေဖြူ မဲဆန္ဒနယ်မှ ဦးဝင်းဦးက ယာဉ်ကြော ပိန်ဆို့မှု
လျော့နည်းရေးနှင့် ယာဉ်ရပ်နားရန်နေရာများ အမြန်ဆုံးစီစဉ်ပေးရေး ၊ (၁၈)နှစ်ပြည့်ပြီးသောသူများ တစ်ဦးချင်း ကားတစ်စီးတင်သွင်းခွင့် လျှောက်ထားနိုင်သည်ကို အမြန်ဆုံးရပ်တန့်ရန်နှင့် နိုင်ငံတွင်း လမ်းစည်းကမ်းနှင့်
ကိုက်ညီသော ဘယ်မောင်းကားများသာ ပြောင်းလဲသုံးစွဲမှုကို အမြန်ပြောင်းလဲဆောင်ရွက်ပေးရန် ရှိ/မရှိ၊
(ဂ) လက်ပံတန်း မဲဆန္ဒနယ်မှ ဦးကျော်မင်းက မန်ကျည်းကွင်း စားကျက်မြေကို ပြည်ထဲရေးဝန်ကြီးဌာန၏ သဘောတူခွင့်ပြုချက်ဖြင့် ပယ်ဖျက်ခြင်းသည် တည်ဆဲဥပဒေများနှင့် ညီညွှတ်ခြင်း ရှိ/မရှိ စားကျက်မြေ ပယ်ဖျက်ခြင်းနှင့် ကျေးရွာမီးလင်းရေး မည်သို့ ဆက်စပ်နေသည်ကို သိလိုခြင်းကိစ္စ၊
(ဃ) လောက်ကိုင် မဲဆန္ဒနယ်မှ ဦးကျော်နီနိုင်က ကိုးကန့်ဒေသ လူ့အရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမှ ကာကွယ်ရန်နှင့်
ပြည်လည်ထူထောင်ရေးစခန်း(ခွဲ)ဖွင့်လှစ်ပေးမည့်
အစီအစဉ်များကို သိလိုခြင်း ကိစ္စ၊
(င) ကျောက်တန်း မဲဆန္ဒနယ်မှ ဦးအောင်ကျော်ခင်
ကျောက်တန်းမြို့နယ်တွင် မှော်ဝန်းချောင်းကူး တံတားအသစ်
တစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ ၊
(စ) နိုင်ငံတော် ဘဏ္ဍာငွေ၏ လျာထားချက်များဖြင့် ဆောင်ရွက်လျက်ရှိသော
ကျေးလက်သောက်သုံးရေကန်များနှင့် ပတ်သက်၍ တင်ဒါခေါ်ယူရာတွင် မည်ကဲ့သို့ သတ်မှတ်ထားပါသနည်းနှင့် သတ်မှတ်စံချိန်စံနှုန်းအတိုင်း
ဆောင်ရွက်မှု မရှိသည့် ကုမ္ပဏီများအား မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးမည်နှင့် စပ်လျဉ်း၍ မေးခွန်းများ
မေးမြန်းကြမည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် တင်သွင်းသည့် အစီရင်ခံစာကို တင်ပြခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့လာသော “ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ဒုတိယအကြိမ်
ပြင်ဆင်သည့် ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ လက်ခံရရှိကြောင်းနှင့် လွှတ်တော်နှစ်ရပ်လုံးက သဘောတူညီခြင်းဖြစ်၍ ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ပြီးဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြကြမည်။
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော “နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ
ဥပဒေကြမ်း” ကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက် အဆိုတင်
သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း
တင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြကြမည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး (၂၈) ရက် မြောက်နေ့ ကျင်းပမည့်နေ့ရက်နှင့် အချိန်ကိုကြေညာမည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment