Sunday, January 3, 2016

ကေအိုင်အေ(ကချင်)အဖွဲ့မှထောင်ထားသောမိုင်းကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးဒဏ်ရာရရှိ

ကေအိုင်အေ(ကချင်)အဖွဲ့မှထောင်ထားသောမိုင်းကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးဒဏ်ရာရရှိ
Sunday, January 3, 2016

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာနေ ဦးခင်အောင် ၄၆ နှစ်(ဘ)ဦးသန်းရွှေသည်ဇန်န၀ါရီ ၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လယ်လုပ်ရန်သွားရောက်စဉ် ကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခန့်အကွာ၌ကေအိုင်အေ(ကချင်)အဖွဲ့မှ ထောင်ထားသော တိုက်မိုင်းတစ်လုံးအားတိုက်မိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် ဦးခင်အောင်သည် မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး လုံးတုံတိုက်နယ်ဆေးရုံ၌ဆေးကုသမှုခံယူလျက်ရှိသည်။
အဆိုပါမိုင်းထိလူနာအား တပ်မတော်စစ်ကြောင်းမှတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများကူညီပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

မြ၀တီ

No comments: