------ -------- --------
ရှမ်းပြည်နယ် အရှေ့ပိုင်း တာလေမြို့နယ်အတွင်း နှစ်ရက်ဆက်တိုက် ငလျင်
အနည်းငယ် လှုပ်ခတ်သဖြင့် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။
"ကျွန်တော်တို့ တာလေမှာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ ဆက်တိုက် နှစ်ကြိမ်လှုပ်သွား
တာ။ နံနက်ပိုင်းတွေမှာ လူတွေကတော့ ကြောက်နေတယ် ၊၂၀၁၀ ခုနှစ်တုန်းကလို
ဖြစ်ကြမှာကို။ ငလျင်လှုပ်တာ ဖြစ်ဖြစ်ချင်းတော့ ဖုန်းလိုင်းတွေ ခဏလေးပြတ်သွား
တာ ရှိပါတယ်" ဟု တာလေမြို့ ဒေသခံ ကိုရဲခိုင်က ပြောသည်။
တာလေမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံနှင့် လူများ ထိခိုက်ပျက်စီး
ခြင်းမရှိဘဲ နေအိမ်များ လှုပ်ခါရုံသာ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း တာလေမြို့အနီးတွင် ဇန်န၀ါရီ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ
ရစ်ခ်ျတာစကေး ၂.၆ နှင့် ၂.၉ ကြား ပြင်းအား အနည်းငယ်ရှိသော ငလျင်ငယ်များ
သုံးကြိမ်ခန့်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးနှင့် မိုင်းပန်မြို့အနီးတွင် ရစ်ခ်ျတာ
စကေး ၂.၀ နှင့် ၂.၅ ကြားရှိ ငလျင်သုံးကြိမ်ခန့် လှုပ်ခတ်ခဲ့ကြောင်း ထိုင်းနိုင်ငံ
မိုးလေ၀သ website www.seismology.tmd.go.th ၏ ထုတ်ပြန်ချက်အရ သိရ
သည်။
သတင်း - MMK
pHoto -headerline Media
The Ladies News Journal

No comments:
Post a Comment