Friday, January 8, 2016

အခြေခံမူလတန်းကျောင်းများအနီး ရောင်းချသည့်အသင့်စားမုန့် ထက်ဝက်ကျော်တွင် မှိုတွေ့ရှိ

အခြေခံမူလတန်းကျောင်းများအနီး ရောင်းချသည့်အသင့်စားမုန့် ထက်ဝက်ကျော်တွင် မှိုတွေ့ရှိ
-----------------------------------
အခြေခံမူလတန်းကျောင်းများအနီးရောင်းချသည့် အသင့်စားမုန့် ထက်ဝက်ကျော်တွင် အစာမခြေနိုင်ခြင်း၊ အဆိပ်သင့်ခြင်းဖြစ်စေနိုင်သည့် T-2 mycotoxin မှိုတွေ့ရှိကြောင်း ဆေးသုတေသနဦးစီးဌာနမှ သုတေသနများအရ သိရသည်။
ဆန်၊ ဂျုံ၊ ပြောင်းတို့ဖြင့် အခြေခံပြုလုပ်ထားသော အသင့်စားမုန့်နမူနာ ၈၄ မျိုးကို စစ်ဆေးခဲ့ရာ ၄၆ မျိုးတွင် ယင်း T-2 mycotoxin ပါဝင်သည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ တွေ့ရှိရသည့် T-2 mycotoxin (Txicothec ene type A) သည် အချို့သောမှိုမျိုးစိတ်များဖြစ်သည့် Fuscarium sporotrichioides၊ Fusarium poae ၊ Fusavium equiseti and fasarium acuminatum များမှထွက်သည့် သဘာဝအဆိပ်တစ်မျိုး ဖြစ်ကြောင်း၊ ယင်းမှိုများသည် စိုက်ပျိုးရေးထွက်ကုန်များတွင် စိုက်ပျိုးချိန်၌လည်းကောင်း၊ သယ်ယူပို့ဆောင်ချိန်၊ ထွက်ကုန်ပြုပြင်ချိန်နှင့် လှောင်ချိန်များတွင်သော်လည်းကောင်း ပေါက်ဖွားကြီးထွားနိုင်ကြောင်း အဆိုပါသုတေသနတွင် ဖော်ပြထားသည်။
T-2 mycotoxin ကို ပမာဏ အနည်းငယ်ပင်ဖြစ်သော်လည်း အစဉ်ဆက်မပြတ် စားသုံးခြင်းဖြင့် ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်သဖြင့် T-2 mycotoxin အစားအစာကို စားသုံးမိခြင်းသည် ပြည်သူလူထုအတွက် အရေးကြီးသည့် ကျန်းမာရေးပြဿနာဖြစ်ကြောင်း၊ ဆန်၊ ဂျုံ၊ ပြောင်းတို့ဖြင့် အခြေခံပြုလုပ်ထားသော အစားအစာများတွင် T-2 mycotoxin ပါဝင်နိုင်ခြင်းကြောင့် စားသုံးမိခြင်းတို့ကို ရှောင်ကြဉ်ရန်၊ စားသည့်အသင့်စားမုန့်များတွင် ယင်းမှိုပါဝင်နိုင်ကြောင်း စားသုံးသူများသတိပြုကြရန် ယင်းသုတေသနလုပ်ခဲ့သူ သုတေသီများက ဆိုသည်

No comments: