Friday, January 15, 2016

အရောင်အသွေးရှိနေသလား အပိုင်း(၁) ======================

အရောင်အသွေးရှိနေသလား အပိုင်း(၁) ====================== (၁) ဒီနေ့ အလဲဗင်းပိုစ့်ရဲ့ ကွန်မင့်တွေထဲမှာ Like အများဆုံးရတဲ့မန့်တွေအပါအ၀င်အများစုက သူ့ကို ပြန်ဝေဘန်ထားတဲ့မန့်တွေချည်းပဲ၊ အဲဒီထဲမှာမှ တစ်ချို့ မန့်တွေက ရိုက်ချက်တော်တော် ပြင်းတယ်.. မန့်တဲ့ထဲမှာ မသိတဲ့သူတော်တော်များများ ပါပါတယ်.. အပြောအဆို ကအစ သုံးသပ်ချက်အဆုံး.. အထောက်အထားအကိုးအကားနဲ့ ကွန်မင့်အရှည်ကြီးတွေ မန့်ထားတဲ့ စာဖတ်သူတွေအများကြီးတွေ့ရတယ်၊ တစ်ချို့အရေးအသားတွေက လေးစားဖို့ကောင်းတယ်၊ အဲဒီမှာဘာတွေ့လဲဆိုတော့.. အလဲဗင်းပေ့ခ်ျ အက်ဒမင်က သူ့ကို ထောက်ပြဝေဘန်တဲ့မန့်တွေထဲက.. အီစိမ့်သွားတဲ့မန့်အများစုကို လိုက်ဖျက်တာတွေ့တယ်၊ တစ်ချို့အကောင့်တွေကို မန့်ခွင်မပြုတော့ပဲပိတ်ထားတယ်၊ ဒီလိုဖျက်တာဟာ မီဒီယာအာဏာရှင် ဒေါက်တာသန်းထွတ်အောင်ရဲ့ ညွှန်ကြားမှုအရလား အယ်ဒီတာချုပ်ဝေဖြိုးရဲ့ အလိုက်သိမှုကြောင့်လား၊ ဆောင်းပါးရှင်ရဲ့ အရှက်ကွဲမှာကြောက်လို့လားဆိုတာကိုတော့ ကာယကံရှင်သူတို့တွေပဲသိလိမ့်မယ်.. ------------------------------- (၂) သတိထားမိတာက.. တစ်ပူးကိုထောက်ပြတဲ့မန့်တွေထဲမှာ.. ဆဲတဲ့မန့်တွေတော်တော်နည်းတာကိုလဲ သတိထားမိတယ်၊ တစ်ပူးပရိတ်သတ်အနေနဲ့ ချက်ကျကျလက်ကျကျဝေဘန်တဲ့ထဲက တစ်ချို့ကိုပါဖျက်တာတွေရှိတယ်၊ ပြန်သုံးသပ်ရရင်.. အလဲဗင်းဟာ ဦးသိန်းစိန်အစိုးရရဲ့ အရှုပ်ထုတ်တွေကိုဖေါ်ထုတ်တုန်းက.. သူတင်တဲ့သတင်းတွေရဲ့အောက်မှာ.. လက်ရှိအစိုးရ၊ သမဒ အစရှိတဲ့သူတွေကို ဆဲရေးတိုင်းထွာ ဝေဘန်တဲ့ ကွန်မန့်တွေကို လုံးဝ (လုံးဝ)မဖျက်ပဲ .. အရသာခံထိုင်ကြည့်ခဲ့သလောက်.. သူတို့ကို ချက်ကျကျလက်ကျကျဝေဘန်တဲ့ ပြည်သူ ( တစ်နည်းအားဖြင့်စာဖတ်သူပရိတ်သတ်) တွေရဲ့ကွန်မင့်တွေ ဝေဘန်ချက်တွေကို.. စိတ်ဓာတ်အင်အား နိမ့်ကျစွာနဲ့.. စရိုက်ကျကျ လိုက်ဖျက်နေတယ်ဆိုတာကို အားလုံးတွေ့မြင်ကြရတယ်၊ ဒီလိုဖျက်လေ စာဖတ်သူပရိတ်သတ်တွေက သူတို့ရဲ့ အခံစိတ်ဓာတ်နဲ့ စရိုက်ကို.. သဘောပေါက်လေ ဖြစ်လာတယ်.. စာဖတ်ပရိတ်သတ်အပေါ်ကို... သူတို့ထားတဲ့သဘောထားသေးသိမ်မှု ဆိုတဲ့ အချက် က နည်းနည်း ထင်ရှားလာတယ်၊ သတင်းအပေါ်မူတည်ပြီး.. အစိုးရကိုကြိုက်သလောက်ကလော်တုတ် မန့်ဘောက်စ်က Open ပဲ.. သတင်းအပေါ်မူတည်ပြီး NLD ကို ကုလားအားပေး ဆိုပြီး ဆဲနေပါစေ.. မန့်ဘောက်စ်က Open ပဲ.. ဒါပေမဲ့ သူတို့ကိုတော့မထိနဲ့.. မန့်ဘောက်စ်ကိုပိတ်မယ်..လို့ဆိုတဲ့ ကိုယ်ကြိုးစီးပွားကို ရှေ့ရှုတဲ့.. ဘယ်သူသေသေ ငတေမာရင်ပြီးရော.. ဆိုတဲ့ ခံယူချက်အမှားတွေကိုလဲ.. သိသိသာသာတွေ့ရတယ်။ -------------------- (၃) နောက်တစ်ခုက ကာယကံရှင်တွေရဲ့ ဓာတ်ပုံကို ဖေ့စ်ဘုတ်ကယူပြီးဖေါ်ပြတာဟာလဲ Printed Media တစ်ခု ကနေမှ TV Channel အထိလွှင့်တင်ဖို့ နှစ်ပေါင်းများစွာကြိုတင်ပြင်ဆင်လာခဲ့တဲ့ အဆင့်မှီ မီဒီယာကြီးတစ်ခုအနေနဲ့ လုပ်သင့်သလား မလုပ်သင့်သလားဆိုတာကို၊ စာနယ်ဇင်းအသိုင်းအ၀ိုင်း ၀ါရင့်သမားတွေ အားလုံး သဘောပေါက်လောက်ပြီထင်တယ်၊ မီဒီယာကို တိုက်ခိုက်ဝေဘန်ရေးသားတာကို သိက္ခာရှိတဲ့ မီဒီယာနေနဲ့ ဘယ်လိုလျစ်လျူရှုရမယ်၊ ဘယ်လို လေပြေထိုးရမယ် ဆိုတာ... ဘယ်လိုပညာပါပါ ဖြေရှင်းရမယ်ဆိုတာကို သိတတ်နားလည်တဲ့ ဦးနှောက်မျိုး.... Skill မျိုး Capacity မျိုးတွေလဲ.. လုံးဝ မရှိတာကို တွေ့ရတယ်၊ ဦးဝင်းထိန်ကိုကျတော့.. မီဒီယာကိုပြေလည်စွာမတုန့်ပြန်လို့ ဝေဘန်ပေမဲ့ သူကိုယ်တိုင်ကြတော့.. Professional ဆန်တဲ့ Gentleman Response မလုပ်တတ်ပဲ စရိုက်ကျတာကိုသိသာစေတယ်၊ အစိုးရဌာနတွေရဲ့အချက်အလက်ကို ရယူနှိုင်စွမ်း Analysis လုပ်နိုင်စွမ်းနဲ့ သတင်းတည်ဆောက်ပြီး သုံးသပ်နှိုင်စွမ်းဘယ်လောက်ပဲရှိရှိ.. Mind Set က မြောင်းထဲရောက်နေရင်.. ကျင့်ဝတ်ခေါင်းပါးရင်.. ဒီမီဒီယာဟာ ရုပ်သံအဆင့်အထိ တက်လှမ်းနေတဲ့ မီဒီယာနဲ့မတူပဲ.. ငါးမင်းဆွေသာသာ လက်ကမ်းစာစောင် ဖြန့်ဝေတဲ့ အဆင့်ကိုသာ လုပ်ကိုင်သင့်တယ်၊ ------------------------ (၄) နောက်တစ်ခုက အလဲဗင်းရဲ့.. လမ်းကြောင်းဖြစ်တယ်.. မကြာခင်နှစ်တွေက.. အာဏာရှင်လက်ကိုင်တုတ်တွေ.. သူတို့အရှုပ်ထုတ်တွေဖေါ်လို့.. အလဲဗင်းမီဒီယာကို.. ကလော်တုတ်ချင်သလိုတုတ်ခဲ့တာတွေ... ကုံးသီးကိစ္စမှာ... အလဲဗင်း CEO ကြီးကေတီဗီမှာ.. စော်ရှုပ်လို့ အညှိုးနဲ့ ကုံးသီးနဲ့အပစ်ခံရတယ်လို့ ဘလိုင်းကြီးအဖွခံခဲ့ရတာတွေ.. ပြီးတော့ စစ်ဖက်ရေးရာလုံခြုံရေးတပ်က စစ်သားတစ်ယောက်ပါဝင်ပတ်သက်နေတဲ့ CEO ကိုကုံးသီးနဲ့ပစ်တဲ့အမှုဖြစ်ပွားခဲ့တာတွေ ဒါတွေကျတော့ ဒေါက်တာသန်းထွတ်အောင် အပါအ၀င် အယ်ဒီတာတွေဆောင်းပါရှင်တွေကအစ၊ ဖေ့စ်ဘုတ်ကရော တခြား ရင်းမြစ်တွေကပါ ပို့စ်တင်သုံးသပ်တာတွေ တောင်မလုပ်ရဲကြပဲနဲ့.. Personal တောင်ဝင်မရေးရဲကြပဲနဲ့.. ဘာမဟုတ်တဲ့ကိုယ့်ပိုက်ဆံကိုယ်သုံးပြီး NLD ကိုဝန်းရံနေတဲ့ အုပ်စုကိုမှ ဆိတ်ဖွားအုပ်စုလို့ အမည်တပ်ပြီး အညှိုးကြီးနေသလဲ..? Printed Media မှာပါ ဆောင်းပါးတွေအဖြစ်နဲ့ စီကာပတ်ကုံးရေးပြီး တကူးတကတင်ပြနေရသလဲ? ဆိုတာကို စဉ်းစားစရာဖြစ်လာတယ်၊ ပြီးရင် လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်စကားကို အသားလွတ်ခေါင်းစဉ်တပ်ပြီး ဆိတ်ဖွားဆိုတဲ့ အဘိဓာန်မှာမပါတဲ့ ကလေးကလား အသုံးအနှုန်းကို ဘာလို့Highlight လုပ်နေသလဲ..? ဆိုတာကလဲ သတိထားစရာဖြစ်တယ်၊ --------------------------- (၅) နောက်ဆုံး ဆိုလိုချင်တာကတော့.. အပေါ်ကအပြုအမူတွေကြောင့်.. အလဲဗင်းမီဒီယာဟာ.. ပြည်သူ့မီဒီယာ မဟုတ်ပဲ.. ကိုယ်ကြိုးစီးပွားကြည့်တဲ့မီဒီယာလား..? အရောင်အသွေးရှိတဲ့မီဒီယာလား..? အရောင်အသွေးရှိတယ်ဆိုရင်.. သူ့ရဲ့ Background အရောင်အသွေးက ဘာလဲ..? တစ်ချိန်လုံး အစိုးရကိုထောက်ပြဝေဘန်နေပြီး NLD ဘက်ကရပ်တည်ခဲ့တဲ့ .. အင်အားအရှိဆုံး လို့ပြောလို့ရတဲ့ Facebook ထဲကNLD ၀န်းရံသူအုပ်စုကို.. ဘာရည်ရွယ်ချက်ကြောင့်.. ဒီလိုမျိုး နိုင်ငံရေးရေချိန်တွေပြောင်းလည်းနေတဲ့ အခြေအနေမျိုးမှာ...ဘာလို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရတာလဲ..? ဆိုတာ.. ဆိုတာ.. ဆိုတာ.. သုံးသပ်လေ့လာစရာဖြစ်လာတယ်၊ နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာမရှိပါဘူး... ( အပိုင်း-၂ ၊ ဆက်ရန်) ( Pa Yit) __________________________ Zaw Myint Aye's status

No comments: