Friday, January 15, 2016

အရှည် ၁၂၁ ပေရှိ ကမ္ဘာ့အကြီးဆုံး တိုင်တန်နိုဆောအရိုးစုကို အာဂျင်တီးနားတွင်တွေ့ရှိ




ဘွေနိုဆိုက်ရီးစ် ၊ ၁၄-၁-၂၀၁၆

လွန်ခဲ့သော နှစ်ပေါင်း ၁ဝ၂ သန်းခန့်က မျိုးတုံးပျောက်ကွယ် ခဲ့သည့် ဒိုင်နိုဆော မျိုးနွယ်စုဝင် ဖြစ်သော အရှည် ၁၂၁ ပေရှိ ကမ္ဘာ့အကြီးဆုံး တိုင်တန်နိုဆော ၏ အရိုးစုကို ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များက
အာဂျင်တီးနားနိုင်ငံ တွင် ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

အသီးအရွက် များကိုသာ စားသောက်သည့် အဆိုပါ တိုင်တန်နိုဆော သည် ကမ္ဘာပေါ်ရှိ သတ္တဝါများအနက် အကြီးဆုံး သတ္တဝါဖြစ်ပြီး အလေးချိန်မှာ အာဖရိကဆင် ၁၄ ကောင်၏ အလေးချိန် ဖြစ်သည့် မက်ထရစ် တန် ၇ဝ နှင့်ညီမျှသည်။

အဆိုပါ တိုင်တန်နိုဆော ၏ အရိုးစုကို ချူဘတ်ပြည်နယ်ရှိ အာဂျင်တီးနား သဲကန္တာရ အတွင်းမှ တူးဖော်တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း နှင့် ပထမဆုံး တူးဖော်ရရှိသည့် အရိုးမှာ ၄င်း၏ ပေါင်ရိုးဖြစ်ပြီး အရှည် ၈ ပေရှိကာ လက်ရှိ တူးဖော်ရရှိသမျှ ပေါင်ရိုးများတွင် အကြီးမားဆုံး ဖြစ်ကြောင်း သိရသည်။

ယင်းတူးဖော်မှု အဆုံးတွင် တိုင်တန်နိုဆော ၏ အရိုး စုစုပေါင်း ၂၂ဝ နှင့် သွားအချောင်း ၈ဝ တို့ကိုရရှိခဲ့ပြီး ပေါင်ရိုးအား လေ့လာဆန်းစစ်မှု များအရ ၄င်းသည် အရွယ် ရောက်ပြီးသော သတ္တဝါ ဖြစ်သော်လည်း ဆက်လက်ကြီးထွား ဖွံ့ဖြိုးဆဲ ဖြစ်သည့်အတွက် အပြည့်အဝ ဖွံ့ဖြိုးပြီးပါက ယခုထက် အရွယ်အစား ပိုမိုကြီးမား နိုင်သည်ဟု ပညာရှင်များက ပြောကြား ထားသည်။

ထို့ပြင် ၄င်း တိုင်တန်နိုဆော၏ နှလုံးသည် လူသုံးယောက် အလေးချိန်ထက် ပိုမိုများပြားပြီး အဝန်းမှာ ၆ ပေရှိကြောင်းနှင့် နှလုံးတစ်ချက် ခုန်ပါက သွေး ၉ဝ လီတာကို ညှစ်ထုတ်ပေး နိုင်ကြောင်း ပညာရှင်များ၏ စိတ်ကူး ပုံဖော်မှု အရသိရသည်။

No comments: