မန္တလေး- မြစ်ကြီးနားရထား ၉၃၄ အစုန်ကုန်ရထား ဘီးချော် တိမ်းမှောက်
------- -------- --------
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နဘားဘူတာနှင့်
အင်းတော်ဘူတာ အကြားတွင် ဇန်န၀ါရီ ၉ ရက်က ကုန်ရထား ဘီးချော်မှုဖြစ်ပွားခဲ့ရာ
ရထားလေးတွဲ ဘီးချော် တိမ်းမှောက်ခဲ့ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူ
တစ်ဦးက The Ladies သို့ပြောသည်။
မန္တလေး - မြစ်ကြီးနား အမှတ် ၉၃၄ အစုန်ကုန်ရထားသည့် ယနေ့ မွန်းလွဲပိုင်း
၁၂ နာရီ မိနစ် ၄၀ မိုင်တိုင် ၅၈၇ /၂၀-၁၉ နဘားနှင့် အင်းတော်ဘူတာ အကြားတွင်
ရထားတွဲ ဘီးချော်မှုဖြစ်ပွားကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ၊ ရထားတွဲ တိမ်းမှောက်မှု
ကြောင့် ခရီးသည်နှင့် ၀န်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်း အင်းတော်
ဘူတာမှ တာဝန်ရှိသူတစ်ဦးက The Ladies သို့ပြောသည်။
“တွဲအမှတ် ၄၀၈၁၉ ဘီးအမှတ် ၁ ၊ ၂ အတွင်းဘီး အမှတ် ၇၊ ၈ ကအပြင် ထွက်ပြီး
လမ်းချော်ပါတယ်။ GBHAH ၄၀၈၇၈၊ ၄၀၈၇၅၊ ၄၀၈၃၁၊ ၄၀၈၃၂၊ သံလမ်းရဲ့
ညာဘက်တုံးလုံးလဲ ပါတယ်” ဟု အင်းတော်ဘူတာမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ အခင်းဖြစ်နေရာသို့ နဘားဘူတာမှ တာဝန်ရှိသူနှင့် လုပ်သားခုနစ်ဦး
အင်းတော်ဘူတာမှ လမ်းဗိုလ်နှင့် လုပ်သားငါးဦး သွားရောက် ပြုပြင်လျက်ရှိပြီး
မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း ပြန်ဖွင့်နိုင်မည့် အချိန်ကို မခန့်မှန်းနိုင်
သေးကြောင်း အဆိုပါ အင်းတော်ဘူတာမှ တာဝန်ရှိသူက ဆက်လက်ပြောကြား
ခဲ့သည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Jour
No comments:
Post a Comment