နေပြည်တော် ဇန်နဝါရီ ၈
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)
ကြိမ် မြောက် ပုံမှန်အစည်းအဝေး(၂၇)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင်
နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်ခန်းမ၌
ဆက်လက်ကျင်းပရာ ဥပဒေကြမ်း(၃)ခု မှတ်တမ်းတင်ခြင်း၊ ခန့်အပ်တာဝန် ပေးရန်ကိစ္စ
(၁)ခု တင်ပြခြင်း၊ စီမံကိန်းမူကြမ်း(၁) ခု တင်သွင်းခြင်းတို့ကို
ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယကက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို
တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို
တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်
ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်
ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု
မှတ်ယူရမည့် အဆိုပါဥပဒေကြမ်းများအား လွှတ်တော်က မှတ်တမ်းတင်ကြောင်း
ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုစာရင်းစစ်ချုပ်
ခန့်အပ်တာဝန်ပေးရန်ကိစ္စ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကက
လွှတ်တော်သို့တင်ပြပြီး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက
အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ဒုတိယကာလတို (၅)နှစ်
စီမံကိန်း (၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်မှ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အထိ)
မူကြမ်းနှင့်စပ်လျဉ်း ၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြသည်။
ယင်းသို့ ရှင်းလင်းတင်ပြရာတွင် ဒုတိယကာလတို(၅) နှစ်စီမံကိန်း
အကောင်အထည်ဖော်နိုင်မှုအပေါ် စိစစ်သုံး သပ်ခြင်း၊ ဒုတိယကာလတို (၅)
နှစ်စီမံကိန်း မဟာဗျူဟာနှင့် နည်းဗျူဟာ၊ ရည်မှန်းချက်နှင့် ရှုမြင်ချက်၊
စီမံကိန်းများအတွက် ဘဏ္ဍာငွေရရှိနိုင်မှု ဇစ်မြစ်၊ စီးပွားရေးကဏ္ဍများ၊
စက်မှုဖွံ့ဖြိုးမှုကို အားကောင်းစေသော ကဏ္ဍများ၊ လူမှုရေး ကဏ္ဍများ၊
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍများအချင်းချင်း
ချိတ်ဆက်ဆောင်ရွက်မည့် မဟာဗျူဟာ၊ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဒေသန္တရစီမံကိန်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးစီမံကိန်းများ၊
မြန်မာနိုင်ငံ၏နှစ်အလိုက် နိုင်ငံခြားကုန်သွယ်မှု မှတ်တမ်းဆိုင်ရာများ၊
အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဆိုင်ရာများ၊ ကာလရှည်၊
ကာလတို၊ ကာလလတ် စီမံကိန်းဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဆိုင်ရာများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက အထက်ပါ ကိစ္စနှင့်စပ်လျဉ်း၍
ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက
အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
(သတင်းစဉ်
No comments:
Post a Comment