Tuesday, January 19, 2016

ဇိမ်ခံ အပန်းဖြေနေရာ ဖြစ်လာမယ့် ဒုတိယကမ္ဘာစစ် အကျဉ်းစခန်း

       ဒုတိယ ကမ္ဘာစစ်အတွင်း အီတလီ ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီ လက်ထက်က အကျဉ်းသားတွေကို မမ်မူလာကျွန်းပေါ်ရှိ ခံတပ်မှာ အကျဉ်းစခန်း ပြုလုပ်ပြီး ချုပ်နှောင်ထားရှိခဲ့တာ ဖြစ်ပါတယ်။


ဒုတိယ ကမ္ဘာစစ်အတွင်း အသုံးပြုခဲ့တဲ့ မမ်မူလာကျွန်းပေါ်မှ အကျဉ်းစခန်း ဖြစ်ခဲ့ဖူးတဲ့ ခံတပ်နေရာကို နိုက်ကလပ်၊ Spa နဲ့ စားသောက်ဆိုင်တွေ ပါဝင်တဲ့ ကမ်းခြေ အပန်းဖြေနေရာ တည်ဆောက်ခွင့် ပြုလိုက်ပါတယ်။

မွန်တီနီဂရိုး အစိုးရဲ့ ယခု ဆုံးဖြတ်ချက်ကို မမ်မူလာကျွန်း ခံတပ်မှာ ချုပ်နှောင် ခံခဲ့ရဖူးသူတွေရဲ့ မိသားစုဝင်တွေက ဒေါသထွက်နေကြပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း အီတလီ ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီ လက်ထက်က အကျဉ်းသားတွေကို မမ်မူလာကျွန်းပေါ်ရှိ ခံတပ်မှာ အကျဉ်းစခန်း ပြုလုပ်ပြီး ချုပ်နှောင်ထားရှိခဲ့တာ ဖြစ်ပါတယ်။

လူကုံထံတွေအတွက် ရည်ရွယ်တည်ဆောက်သွားမယ့် အကျဉ်းစခန်း အသွင်ပြောင်း ဇိမ်ခံ ကမ်းခြေ အပန်းဖြေစခန်းမှာ ရေကူးကန်နဲ့ လှပတဲ့ အုန်းပင်တွေ၊ အထူးဧည့်သည်နေရာတွေ၊ ကမ်းခြေ နိုက်ကလပ်တစ်ခု၊ ကမ်းခြေ စားသောက်ဆိုင်နဲ့ ပါတီပွဲ ကျင်းပရာ နေရာတွေ ပါဝင်မှာပါ။

မမ်မူလာကျွန်းဟာ မွန်တီနီဂရိုးနဲ့ ခရိုအေးရှား ပင်လယ်ရေပြင် နယ်နမိတ်အစပ်မှာ တည်ရှိတဲ့ စက်ဝိုင်းပုံသဏ္ဍန် ကျွန်းဖြစ်ပြီး လက်စ်တာဗီကာကျွန်းလို့လည်း သိကြပါတယ်။

၁၈၅၃ ခုနှစ်က ရေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် မမ်မူလာကျွန်းပေါ်မှာ ခံတပ်စခန်းတစ်ခု တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျွန်းပေါ်မှာ အခြေချနေထိုင်မှု မရှိသလို ခံတပ်ကိုလည်း အသုံးပြုမှု မရှိပါဘူး။


ဒုတိယ ကမ္ဘာစစ်အတွင်းက မမ်မူလာကျွန်းဟာ ပြောပြနိုင်စရာ မရှိအောင် ရက်စက်မှု ဖြစ်ရပ်တွေ ရှိခဲ့တဲ့ နေရာတစ်ခုလို့ ဆိုပါတယ်။
Source & Photo: Daily Mail

No comments: