Friday, January 15, 2016

ရပ်ကျေးဥပဒေလွှတ်တော်ပြင်ဆင်နေသော်လည်း မြို့နယ်အများစုတွင် အုပ်ချုပ်ရေးမှူးများ ရွေးချယ်နေ

  လွှတ်တော်နှစ်ရပ်စလုံး က ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ကို နိုင်ငံတော်သမ္မတသက်တမ်း နှင့်အညီ သတ်မှတ်အတည်ပြု လိုက်သော်လည်း မြို့နယ်အများစု တွင်  အုပ်ချုပ်ရေးမှူးများကို ရွေး ချယ်နေပြီး  အချို့မြို့နယ်များ သီးခြားညွှန်ကြားချက် မရရှိသေး ၍ ရွေးချယ်ပွဲများ ရပ်နားထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဒေသအများစုတွင် ရပ်ကျေး အုပ်ချုပ်ရေးမှူးများရွေးချယ်ရန်  အဆင့်ဆင့်ရွေးချယ်တင်မြှောက် မှုများပြုလုပ်နေသော်လည်း ရန် ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အ ချို့၌ ဇန်နဝါရီလဆန်း၌ ရွေးချယ် ပွဲများရပ်ဆိုင်းထားရန် အထက် က ညွှန်ကြားမှုများရှိခဲ့၍ လက်ရှိ တွင်လည်း ဆက်လက် ရပ်နား ထားရခြင်းဖြစ်ကြောင်း သက် ဆိုင်ရာ မြို့နယ်အလိုက် ထွေအုပ်ဦးစီးမှူးများက ပြောသည်။
‘‘ညွှန်ကြားချက်ပြောင်းလဲမှု မရှိသေးတဲ့အတွက် ဘာမှဆက် မလုပ်သေးပါဘူး။ ရပ်မိရပ်ဖတွေ ကိုတော့ ရွေးချယ်ထားတယ်။ အ ထက်က ညွှန်ကြားချက်ရှိမှ ဆက် လုပ်ဆောင်မှာပေါ့။ လောလော ဆယ် ရွေးချယ်ပွဲတွေကို ရပ်နား ထားတယ်’’ဟု လှိုင်သာယာမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦး ဟိန်းဝဏ္ဏထက်က ပြောသည်။

 ကမာရွတ်မြို့နယ်တွင် လည်း ဥပဒေပြင်ဆင်ချက်ရှိသည် ဆိုကာ ရပ်နားခိုင်းထားပြီး လွှတ် တော်နှစ်ရပ်က အတည်ပြုလိုက် ပြီးနောက် လာမည့်ဇန်နဝါရီ ၁၈ ရက်၌ ရွေးချယ်ထားသည့် ရပ်မိ ရပ်ဖများ၊ လက်ရှိ အုပ်ချုပ်ရေးမှူး များ အစည်းအဝေးခေါ်ယူထား ကာ ဆက်လက်ရွေးချယ်မှု မပြု လုပ်ကြောင်း အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းက ပြော သည်။
‘‘၁၈ ရက်နေ့ အစည်းအဝေး မှာ ထူးခြားနိုင်တယ်။ လောလော ဆယ်တော့ ရပ်မိရပ်ဖရွေးပြီးတာ ကလွဲလို့ ဘာမှဆက်မလုပ်ရသေး ဘူး’’ဟု ၎င်းက ပြောကြားသည်။
မူလက ရပ်ကျေးအုပ်ချုပ် ရေးမှူးသက်တမ်းကို ပြည်သူ့ လွှတ်တော်သက်တမ်းနှင့်အညီ သတ်မှတ်ထားခဲ့၍ လွှတ်တော် သက်တမ်းကုန်ဆုံးမည့် ဇန်နဝါရီ လကုန်မတိုင်မီ အုပ်ချုပ်ရေးမှူးအ သစ်များရွေးချယ်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် တစ်နိုင်ငံလုံးရှိ မြို့နယ်၊ ရပ်ကွက်အများစုတွင် ရပ်မိရပ်ဖ ငါးဦး ရွေးချယ်ခြင်း၊ ဆယ်အိမ်မှူး ရွေးချယ်ခြင်းနှင့် နောက်ဆုံးအဆင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းများ ပြုလုပ်လျက်ရှိ ပြီး ရပ်ကွက်၊ ကျေးရွာအများစု တွင် ရွေးချယ်တင်မြှောက်ပြီးဖြစ် ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ဆီကို ရပ် ထားပါ၊ စောင့်ပေးပါဆိုတာမျိုး ညွှန်ကြားချက်မရှိလို့ ပုံမှန်အတိုင်းဆက်လုပ်နေတာ။ အုပ်ချုပ်ရေး မှူးရွေးချယ်တာ ပြီးတဲ့ရွာတွေ ပြီး ကုန်ပြီ။ ကျွန်တော်တို့ရွာကတော့ မနက်ဖြန် အုပ်ချုပ်ရေးမှူး ရွေး မယ်။ ကျန်တာ အကုန်ပြီးပြီ’’ဟု ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ နယ် မဟာပါကျေးရွာမှ ဆယ်အိမ်စုကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံထားရသူတစ်ဦးက ပြောသည်။
 ပထမအကြိမ်လွှတ်တော် သက်တမ်းမပြီးဆုံးမီ ပြင်ဆင် လိုက်သည့် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးအတည်ပြုရန် ကျန်ရှိနေပြီး သမ္မတကြီးက လွှတ် တော်သို့ အပြန်အလှန် လေးစား သမှုဖြင့် ပြင်ဆင်ထားမှုကို သ ဘောတူကာ နောက်တက်မည့် လွှတ်တော်သစ်လက်ထက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ် ပွဲပြုလုပ်စေလိုကြောင်း  အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက သုံးသပ်သည်။
‘‘အုပ်ချုပ်ရေးပိုင်းကို သမ္မတသက်တမ်းနဲ့အညီမဟုတ်ဘဲ လွှတ် တော်သက်တမ်းနဲ့သတ်မှတ်ထား တာက အဲဒီဥပဒေပြဋ္ဌာန်းက တည်းက မှားယွင်းနေတာပေါ့။ လက်ရှိလွှတ်တော်အနေနဲ့လည်း ဥပဒေပြင်ဆင်တာ နည်းနည်း နောက်ကျသွားတယ်။ သမ္မတကြီး ရဲ့သဘောထားမှတ်ချက်နဲ့ပြန် လာဖို့က ၁၄ ရက်ကျန်သေးတယ်။ လွှတ်တော်သက်တမ်းက ၁၄ ရက်မကျန်တော့ဘူး။ ဒီတော့ သမ္မတ ကြီးအနေနဲ့ သဘောထားကြီးကြီး နဲ့ ဒီဥပဒေကို နောင်လွှတ်တော် သက်တမ်းမှာမှ ရွေးချယ်ပွဲပြုလုပ်ဖို့ ဆုံးဖြတ်သင့်တယ်’’ဟု ဒေါက်တာမြတ်ဉာဏစိုးက အကြံပြုသည်။

No comments: