Tuesday, January 19, 2016

ယုတ်လျော့မသွားရင် ကျေနပ်ပြီ

ယုတ်လျော့မသွားရင် ကျေနပ်ပြီ 17.1.2016 NLD အစိုးရသစ် အုပ်ချုပ်မယ့် ငါးနှစ်တာအတွင်းမှာ ကိုယ့်နိုင်ငံအတွက် အင်မတန် ရင်လေးဖွယ် ကောင်းတယ်လို့ဆိုရင် မဟာဒီမိုဝါဒီသမားတွေက ဘာမှမသိနားမလည်ဘဲ လက်တစ်ဆစ်လောက် အတွေးအခေါ် လေးနဲ့ ကြီးကြီးကျယ်ကျယ်တွေ ထထပြောတယ်ဆိုပြီး ၀ိုင်းပြီးအာကျလိမ့်မယ်ဆိုတာ မလွဲမသွေပြောရဲပါတယ်။ ဒါပေမယ့်လည်း လူအမျိုးမျိုး စိတ်အထွေထွေနဲ့ အမြင်အမျိုးမျိုးရှိတာပဲ ခေါင်းပေါ်မှာ ဓါးမိုးထားပါစေအုံးတော့ ပြောချင်တာလေးတွေပြောလိုက်ရမှ အိပ်ပျော်စားဝင်တဲ့ လူမျိုးဖြစ်နေတော့ မတတ်နိုင်ဘူး ပြောချင်တာတော့ ပြောသင့်တာတွေ ပြောရမှာပဲ။ ဝေဖန်မှုရှိမှ တိုးတက်မယ်ဆိုတဲ့ စကားကလည်းရှိတာပဲမဟုတ်လား..? အရင်အစိုးရအဆက်ဆက်လည်း ဝေဖန်ခဲ့တယ်မို့လား…? အစိုးရလုပ်ဖို့ အစိုးရအသစ်ဖွဲ့ဖို့ဆိုရင် အဝေဖန်ခံနိုင်အောင်တော့ လေ့ကျင့်ထားဖို့လိုမှာ အမှန်ပဲဖြစ်ပါတယ်။ လူကြားသူကြား အင်တာဗျူးတာ မသိလို့မေးတာတွေ မေးကြမြန်းကြတဲ့အချိန်ကြမှ ဒေါသဖြစ်ရတာ မေးတဲ့သူကို ပြန်အော် ဟောက်ရတာမျိုး ဖြစ်ရင်မကောင်းဘူးပေါ့ဗျာ။ အရင်အစိုးရ ပြောခဲ့သလို "ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ " သွားမသွား ရောက်မရောက်ဆိုတာ အသာထားပါ တိုင်းပြည်မပျက်ရင်ပဲ ကျေနပ်ပါပြီ လို့တောင် ပြောရမယ့်အခြေအနေမျိုးဖြစ်နေပါတယ်။ အာဏာက လက်ထဲရောက်ဖို့ ရက်ပိုင်းလပိုင်းပဲ လိုတော့တယ်။ အခုချိန်ထိ သန့်ရှင်းတည်ငြိမ်တဲ့ အစိုးရတစ်ရပ်တောင် မဖွဲ့နိုင်သေးဘူး။ နိုင်ငံသားအားလုံးအတွက် နိုင်ငံ့ဂုဏ်ဆောင်မယ့် သမ္မတက ကြီးသလား ငယ်သလား၊ ဝသလား၊ ပိန်သလား၊ ပုသလား၊ ရှည်သလား၊ ဖြူသလား၊ မဲသလား၊ ညိုသလား၊ ပြာသလား၊ လူလား ကုလားလားဆိုတာ ဘာတစ်ခုမှ အစီအစဉ်တကျစီစဉ်ထားပုံမရှိခဲ့လို့အခုထိ မသိရသေးဘဲ ဖြစ်နေပါတယ်။ လက်ရှိ အစိုးရကို ပွင့်လင်းမြင်သာမှု မရှိပါဘူးလို့ အတွင်တွင်အော်ခဲ့တဲ့ ပါးစပ်တွေက အခုတော့ ကပ်စေးနှဲ အပုံးတစ်ရာလောက်စားပြီး ဟက်နီးပလက် ပလာစတာ အခုတစ်သိန်းလောက် ထပ်အုပ်ထားသလား ထင်ရပါတယ်။ အာဏာရှင်ကိုမုန်းတယ်၊ ဒီမိုကရေစီရအောင် ဖော်ဆောင်ပေးပါ့မယ်ဆိုတဲ့ မြန်မာ့ဒီမိုကရေစီ အိုင်ကွန်ကြီးက အခုတော့ အာဏာရှင်တစ်ဝက် ငါမိုခရေစီတစ်ဝက်နဲ့ အာဏာလက်ထဲမရောက်သေးဘူး မာမွတ်တို့ကလွဲရင် ကျန်တဲ့ပြည်သူကို အာဏာပါးကွက်သားလို ဆက်ဆံနေတာတွေ့လာရပါတယ်။ NLDပါတီမှာ ဗဟိုအုပ်ချုပ်ရေးစနစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတစ်ခွန်းနဲ့ ပါတီတစ်ခုလုံး လည်ပတ် နေတာဖြစ်ပါတယ်။ အထက်အောက် အပြန်အလှန် ထိန်းကျောင်းပြီး သွားနေတာမျိုး မဟုတ်ပါဘူး။ ပါတီထဲကလူတွေအချင်းချင်း သူတစ်လူငါတစ်မင်းနဲ့ အာဏာလုနေတဲ့ အဖြစ်အပျက်တွေ၊ ပါတီအရေး ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက်မရှိရင် ဘယ်လိုဆက်ပြီးသွားလဲဆိုတာ ကြည့်ချင်ပါသေးတယ်။ ဒီအရိပ်အယောင်တွေ မြင်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အဖွဲ့အစည်းတွေက ကောင်းကောင်း စောင့်ကြည့်လေ့လာနေပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေက NLD အစိုးရအသစ်ရယ်လို့ စပြီးတာဝန်လွှဲပြောင်းလက်မခံရသေးဘူး တိုင်းရင်းသားအဖွဲ့အစည်းတွေက သူတစ်လူငါတစ်မင်း စပြီး တောင်းဆိုမှုတွေက စလာပါပြီ။ NLD ပါတီရဲ့ ၅ နှစ်တာ သက်တမ်းအတွင်းမှာ မြန်မာနိုင်ငံဟာ အစိတ်စိတ် အမွှာမွှာဖြစ်သွားပြီး တိုင်းတစ်ပါးရဲ့ အမြတ်ထုတ်ပြီး တိုင်းပြည်သိမ်းသူကျွန်ဘ၀ ထပ်ရောက်သွားမှာကိုတော့ စိုးရိမ်မိပါတယ်။ တက်လာတဲ့ NLD အစိုးရသစ်က ငြိမ်းချမ်းကိုအကြောင်းပြ လူ့အခွင့်အရေးပေတံနဲ့တိုင်းတာပြီး နိုင်ငံကို အပေါစားစည်းရုံး အုပ်ချုပ်မှုတွေနဲ့သာဆိုရင်တော့ ပြည်နယ် (၇) ခုက လွတ်လပ်တဲ့ နိုင်ငံ (၇) နှစ်နိုင်ငံအဖြစ်ကို ပြောင်းလဲသွားမှာကို မြင်ယောင်မိပါတယ်။ အုံးညို

No comments: