Monday, January 18, 2016

မလုံ့တလုံ အေစီမီလန် အင်္ကျီနဲ့ အီတလီက အမျိုးသမီးဒိုင်လူကြီး

       သူမရဲ့ ဆန္ဒက ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး ဘောလုံးဒိုင်လူကြီး တစ်ဦး ဖြစ်ချင်တာပါ။


အီတလီဘောလုံးပွဲတွေကို ကိုင်တွယ်ရမယ့် အမျိုးသမီးဒိုင်လူကြီးတစ်ဦးက အေစီမီလန်အင်္ကျီတွေ ဝတ်ပြီး မလုံ့တလုံပုံတွေ ရိုက်ခဲ့တာကြောင် ဝေဖန်ခံရနေရပါတယ်။ ရိုမာနီလို့ ခေါ်တဲ့ သူမက အီတလီ စီးရီးအေနဲ့ စီးရီးဘီ ဘောလုံးပွဲတွေကို ကိုင်တွယ်ခွင့် လက်မှတ်ရထားပြီးသူ ဖြစ်ပါတယ်။

အပေါ်က အေစီမီလန် အင်္ကျီ၊ အောက်က ဘစ်ကနီနဲ့ ရိုက်ခဲ့တဲ့ ပုံတွေကို အင်စတဂရမ်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်တစ်ဦးအနေနဲ့ အသင်းတစ်သင်းရဲ့ အင်္ကျီကို ဝတ်ဆင်ပြီး လူသိရှင်ကြား ထုတ်ပြတဲ့အတွက် ဘက်လိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဝေဖန်ကြပါတယ်။ ဒီပုံတွေ တင်လိုက်ပြီးတဲ့နောက် သူ့ရဲ့ အင်စတဂရမ်အကောင့်က မူလမှာ Follower ခြောက်သောင်း ကျော်ရှိတာကနေ အခု တစ်သိန်းခုနှစ်သောင်းကျော် အထိ ဖြစ်လပါတယ်။

သူမကိုယ်တိုင်က ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးဒိုင်လူကြီးတစ်ယောက်ဖြစ်ချင်တာလို့ ဆိုပြီး အေစီမီလန်ကို နှစ်သက်ကြောင်းလည်း ဝန်ခံထားပါတယ်။ ဒီအတွက် သူမအေစီမီလန်အသင်းရဲ့ ပွဲစဉ်ကို ကိုင်တွယ်ရတဲ့အခါ အငြင်းပွားမှုတွေ ဖြစ်လာနိုင်တယ်လို့ ပရိသတ်တွေက လူမှုကွန်ရက်မှာ ဝေဖန်ကြပါတယ်။

Source & Photos : Mir

No comments: