ပြိုကျနိုင်သည့် အနေအထားရှိကြောင်း ဒေသခံ ဆို
-------- -------- --------
ဖားကန့်မြို့နယ်အတွင်း လူရာချီ သေဆုံးခဲ့သည့် မြေစာပုံပြိုကျသည့် နေရာအနီးတွင်
စွန့်ပစ်မြေစာပုံ ထပ်မံပြိုကျခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ကြောင်း လတ်တလော အခြေ
အနေတွင် မြေစာပုံ ထပ်မံပြိုကျနိုင်သည့် အနေအထားတွင် ရှိနေခြင်းကြောင်း
ရှာဖွေမှုများ မပြုမလုပ်နိုင်သေးကြောင်း မြေစာပုံပြိုကျသည့် နေရာသို့ ရောက်ရှိနေ
သည့် ဖားကန့်ဒေသခံတစ်ဦးက ဇန်န၀ါရီ ၁၃ ရက်တွင် The Ladies သို့ပြောသည်။
ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု အတွင်းရှိ ကန်ခမ် စုပေါင်းမြေစာပုံ မှာ ဇန်န၀ါရီ ၁၂
ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်က ပြိုကျခဲ့ခြင်းဖြစ်ပြီး အဆိုပါမြေစာပုံသည် လေးကြိမ်
မြောက် ပြိုကျခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စုအတွင်း
အမြင့်ပေ တစ်ထောင် ခန့်ရှိ စွန့်ပစ်မြေစာပုံ ပြိုကျကာ ရေမဆေးကျောက် ရှာဖွေသူ
၁၁၄ ဦး ထက်မနည်း သေဆုံးခဲ့ပြီး လေးရက်အကြာတွင် ပေလေးဆယ်ခန့်အမြင့်ရှိ
မြေဇာပုံ ထပ်မံပြိုကျ၍ လူ နှစ်ဆယ်ဦး သေဆုံးခဲ့သည်။ ယင်းနောက်တွင် ဒီဇင်ဘာ
၁၀ ရက်က မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု မရှိခဲ့သော်လည်း
အဆောက်အအုံ တစ်လုံး ပျက်စီးခဲ့သည်။
သတင်း - ဇော်မင်းထွန်း
Photo - MMK
The Ladies News Jour

No comments:
Post a Comment