Wednesday, January 13, 2016

ရုရှားလေတပ်က နှစ်စတွင် အကြမ်းဖက်အဖွဲ့၏ ပစ်မှတ် ၁၁ဝဝ ခန့်အား ဖျက်ဆီးနိုင်ခဲ့ဟုဆို

 
Over 1,100 Terrorist Targets His by Russian Airstrikes in Syria  
 

မော်စကို ၊ ၁၃-၁-၂ဝ၁၆

ရုရှားလေတပ်သည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၁ဝ ရက်အထိ လေကြောင်း တိုက်ခိုက်မှု များတွင် ဆီးရီးယားနိုင်ငံ အတွင်းရှိ အကြမ်းဖက် သမားများ၏ ပစ်မှတ် ၁၁ဝဝ ခန့်အား ဖျက်ဆီး နိုင်ခဲ့ကြောင်း ရုရှားဒုတိယ ဗိုလ်ချုပ်ကြီး ဆာဂျီရတ်စ်ကွိုင်း က ပြောကြား ကြောင်း Sputnik သတင်းတစ်ရပ် အရ သိရသည်။

ရုရှားလေတပ်သည် ၂ဝ၁၆ ခုနှစ်၏ နှစ်စတွင် ဒမတ်စကပ်၊ အလက်ပို၊ အိုင်ဒလစ်ဘ်၊ လတ်တာကီးယား၊ ဟားမား၊ ဒီယာအက်ဇော၊ ဟာဆာကာ၊ ဒါရားနှင့် ရက္ကာပြည်နယ် အတွင်းရှိ ကျေးလက်ဒေသ များမှ အကြမ်းဖက်သမား များ၏ပစ်မှတ် ၁ဝ၉၇ ခုအား ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်သမား များအား ချေမှုန်းရေး တိုက်ပွဲအတွင်း သိသာထင်ရှား ဆုံးသော အောင်မြင်မှု များသည် အလက်ပို၊ လတ်တာကီးယား၊ ဟားမား၊ ဟွမ်းစ်နှင့် ရက္ကာပြည်နယ် တို့တွင် ရရှိခဲ့ခြင်း ဖြစ်ပြီး ဆီးရီးယား ကြည်းတပ်သည် ရုရှားလေတပ်၏ အကူအညီဖြင့် မြို့နှင့် ကျေးရွာပေါင်း ၁၅၃ ခုအား ပြန်လည် ထိန်းချုပ် နိုင်ခဲ့သည်။

ဆီးရီးယားနှင့် ရုရှားနိုင်ငံတို့ အကြား လက်မှတ်ရေးထိုး ခဲ့သည့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအား ချေမှုန်းရေး သဘောတူ စာချုပ်အရ ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၃ဝ ရက်မှစ၍ ရုရှားလေတပ်က ဆီးရီးယားနိုင်ငံ အတွင်းရှိ အကြမ်းဖက်သမား နေရာများအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။


https://www.youtube.com/watch?v=E9d4FyjtkDA

#PyiChitThar

No comments: