Wednesday, January 13, 2016

ပြည်ထောင်စု ၀န်ကြီးသုံးဦးက အနိုင်ရ ဒီချုပ် ကိုယ်စားလှယ်များကို ကန့်ကွက်

ပြည်ထောင်စု ၀န်ကြီးသုံးဦးက အနိုင်ရ ဒီချုပ် ကိုယ်စားလှယ်များကို ကန့်ကွက်
Tuesday, January 12, 2016

ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေး ကောက်ပွဲရှုံးနိမ့်သောပြည်ထောင် စုဝန်ကြီးသုံးဦးက ၎င်းတို့ကိုနိုင် ထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်သုံးဦးကို ကန့်ကွက်လွှာတင်ထားကြောင်း ရွေးကောက်ပွဲခုံရုံးဌာနမှ သိရ သည်။

သမ္မတရုံးဝန်ကြီး ဦးစိုးမောင် က ၎င်းရှုံးနိမ့်ခဲ့သော မဲဆန္ဒနယ် တွင် အနိုင်ရသွားသည့် ဒီချုပ် ကိုယ်စားလှယ် ဦးတိုးရွှေကိုလည်း ကောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၀န်ကြီးဦးအုန်းမြင့်က ဒီချုပ်ကိုယ်စားလှယ် ဒေါ်အေးမြ မြမျိုးကိုလည်းကောင်း၊ လျှပ်စစ် ၀န်ကြီးဦးခင်မောင်စိုးက ဒီချုပ် ကိုယ်စားလှယ် ဦးသိန်းတန်ကို လည်းကောင်း အသီးသီးကန့်  ကွက်ထားခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်နေရာ ၀င်ပြိုင်သော အဆိုပါဝန်ကြီးသုံး ဦးစလုံးသည် မဲရလဒ်များအရ ဒီ ချုပ်ကိုယ်စားလှယ်များ၏ နောက် ဒုတိယနေရာတွင် ရှိနေကြသည်။

ထို့အပြင် ဘူးလက်လှဆွေ ဟု နာမည်ကြီးသော ပြည်ခိုင်ဖြိုး အမတ် ဦးလှဆွေကလည်း ၎င်း ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် အ နိုင်ရထားသည့် ဒီချုပ်ကိုယ်စား လှယ် ဦးပြူးလွင်ကို ကန့်ကွက် ထားသည်။

အဆိုပါပြည်ခိုင်ဖြိုးပါတီဝင် များ၏ ရွေးကောက်ပွဲကန့်ကွက် လွှာအမှုများကို စစ်ဆေးဆဲဖြစ်ပြီး ရုံးချိန်းများလည်း အသီးသီးချိန်း ဆိုထားသည်။

လက်ရှိအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီး ၁၈ ဦးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ဦး သာအနိုင်ရရှိခဲ့သည်။

7Day Daily

No comments: