Wednesday, January 13, 2016

အစိုးရသစ်အဖွဲ့စာရင်း ယခုလကုန်ပိုင်းခန့်တွင် သိနိုင်မည်ဟု NLD နာယကဦးတင်ဦးပြော

အစိုးရသစ်အဖွဲ့စာရင်း ယခုလကုန်ပိုင်းခန့်တွင် သိနိုင်မည်ဟု NLD နာယကဦးတင်ဦးပြော
Wednesday, January 13, 2016

ရန်ကုန်၊ ဇန်နဝါရီ ၁၂-အစိုးရအဖွဲ့ ဝင် ဝန်ကြီးများအား မည်သူ့ကိုခန့် အပ်မည်ကို ဇန်နဝါရီလကုန်ပိုင်းခန့် တွင် သိနိုင်မည်ဟု အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြော သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ဦးတင်ဦးအား ယနေ့တွေ့ဆုံ မေးမြန်း စဉ် အထက်ပါ အတိုင်း ပြော ကြားလိုက်ခြင်းဖြစ်သည်။
''ဒေါ်အောင်ဆန်းစုကြည်ပြော တာ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်မို့ ဖြစ်ရမယ်လို့ သူမပြောဘူး။ ရှင်းနေတာပဲ၊ ဒီအပြင်လူတွေ လည်း ဖြစ်ကြမှာပဲ။ ဘယ်သူဘယ်ဝါဖြစ်မယ် ဆိုတာကိုတော့ မပြောနိုင်ဘူး။ သူတို့ ဟာသူတို့ ကြိတ်ဆွဲနေတယ်။ ဇန်နဝါ ရီလကုန်လောက်ဆိုရင် ဘယ်သူတွေ ဘယ်ဝါတွေဖြစ်မယ်ဆိုတာ ပေါ်လာ လိမ့်မယ်'' ဟု ဒီမိုကရေစီတူဒေး သို့ ပြောသည်။
အစိုးရအဖွဲ့ဝင်များအဖြစ် တာ ဝန်ပေးအပ်ရေးကို အမျိုးသားဒီမို က ရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သော ပါတီဗဟိုအ လုပ်မှုဆောင်အဖွဲ့ဝင်များ ဇန်နဝါရီ ၁၀ ရက်က တွေ့ ဆုံဆွေးနွေး ခဲ့ပြီး အ ဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဖေဖော် ဝါရီ ၁ ရက်၌ ဒုတိယအကြိမ် လွှတ် တော်ပုံမှန်အစည်းအဝေး စတင်သည့် အချိန်တွင် သမ္မတရွေး ချယ်ရေးနှင့် အစိုးရအဖွဲ့ ဖွဲ့စည်းရေး ဆောင်ရွက် ရတော့ မည်ဖြစ်သောကြောင့် အဖွဲ့ ချုပ်မှတင်သွင်းမည့် သမ္မတလောင်း များနှင့် အစိုး ရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အစိုးရအ ဖွဲ့ဝင်များအဖြစ်လျာထားမည့် အခြေ အနေများကို ဆွေးနွေးကြကြောင်း သိရသည်။
လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ တင်မြှောက်ခြင်းနှင့် အစိုးရအဖွဲ့ ဖွဲ့ စည်းရာ တွင် အဆင်ပြေချောမွေ့စေ ရေး၊ အစိုးရအဖွဲ့ ဖွဲ့စည်းပါက ခန့် အပ်ရန်လျာ ထားသည့် ပုဂ္ဂိုလ်များအ နေနှင့် ပါတီမှလျာထားသော ရာထူး နေရာတွင် လုပ်ချင်၊ မလုပ်ချင်ဆိုသည့် ၎င်းတို့၏ဆုံးဖြတ်ချက်များကို မသိရှိ ရသေးကြောင်း ဒီချုပ်ပြော ခွင့်ရ ဦး ဉာဏ်ဝင်းက ဇန်နဝါရီ ၁၀ ရက် ဆွေး နွေး ပွဲအပြီးတွင် မီဒီယာများအား ပြောခဲ့သည်။
အခြေခံဥပဒေအရ ဒေါ်အောင် ဆန်းစုကြည် သမ္မတမဖြစ်နိုင်သဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီချုပ်အပြတ်အသတ် အနိုင် ရရှိကြောင်း သိရှိ ပြီးနောက်တွင် ဒီချုပ်တင်မြှောက်မည့် သမ္မတ မည်သူဖြစ်မလဲဆိုသည့်မေး ခွန်းမှာ ပြည် တွင်းရော၊ ပြည်ပ ပါ အ ထူးစိတ်ဝင်စားခဲ့သည်။ ၂၀၁၆ နှစ် သစ်သို့ရောက်လာချိန်တွင် ဒီချုပ်တင် မြှောက်မည့် သမ္မတနှင့် အစိုးရအဖွဲ့ ဝင်များအဖြစ် မည်သူ့ကိုခန့်အပ်မလဲ ဆိုသည့်မေးခွန်းမှာ ကျယ်လောင်လာ ခဲ့သည်။

Democracytoday

No comments: