ကလိုဝီကာဒါရှီယန်ဟာ အေးမြလာတဲ့ ရာသီကြောင့်
လုံလုံခြုံခြုံဝတ်ထားပေမယ့်လည်း သူမရဲ့ ဆက်စီအလှကို တစ်နည်းတစ်ဖုံ
ပြသခဲ့ပြန်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ကလိုဝီဟာ သူမရဲ့ ကောက်ကြောင်းအလှကို အထင်းသား ဖော်ပြထားတဲ့ ဝတ်စုံကို အပေါ်ကနေ ကုတ်အင်္ကျီထပ်ပြီး ဝတ်ဆင်ထားတာကို နယူးယော့ခ်က Trump International Hotel & Tower ထဲက အထွက်မှာ မြင်တွေ့ခဲ့ရတာပါ။
လှတာကတော့ လှပေမယ့် အရမ်းအေးတဲ့ ရာသီမှာ သူမ ဒီလိုဝတ်ဆင်တာ နည်းနည်းတော့ လွန်တယ်လို့ ဆိုရမှာပါပဲ။
နောက်ပြီး ပါးလွှာတဲ့ချည်သားအောက်မှာ သူရဲ့ ရင်သားအလှကို ဖော်ပြထားပုံက အတွင်းခံဝတ်မထားသရောင် ထင်ရပါတယ်။
အားလုံးက မျက်လုံးအပြူးသားဖြစ်သွားချိန်မှာတော့ ကလိုဝီကတော့ ဆရာမကြီးအလား သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိရှိစတိုင်နဲ့ပါပဲ။
Source & Photos : Hollywood Life
No comments:
Post a Comment