Monday, January 18, 2016

မြန်မာနိုင်ငံ၏ အနာဂတ်

မြန်မာနိုင်ငံ၏ အနာဂတ် ~~~~~~~~~~~~~~~~~~~~ မောင်ဒီ ~~~~~~~~~~~~~~~~~~~~ ယခုတလော ကျွန်တော့်မှာ မေးခွန်းတွေကိုတစ် ခုပြီးတစ်ခု အမေးခံနေရ သည်။ မေးခွန်းများကို တစ်ခု ပြီးတစ်ခုဆင့် ကာဆင့်ကာ မေးနေ သူ မှာ လည်း အခြား သူမဟုတ်၊ မိမိကိုယ်တိုင်သာလျှင်ဖြစ်နေသည်။ လူကြီးလူကောင်းဆို သည်မှာ အဘယ်နည်း။ မည် ကဲ့သို့သော ပုဂ္ဂိုလ်တို့ သည် လူကြီးလူကောင်းတွေဖြစ် ကြသနည်း။ ငွေကြေး ဓန ပစ္စည်း ဥစ္စာကြွယ် ဝချမ်းသာကြသည့် ခရိုနီခေါ် သူဌေးကြီးတွေကို လူကြီးလူကောင်းတွေလို့ ခေါ်ဝေါ်ကြသည်လား။ သို့တည်းမဟုတ် အာဏာရှိသူ တွေကို လူကြီးလူကောင်းတွေဟု သတ်မှတ်ကြသည် လား။ သို့တည်းမဟုတ် စစ်ဗိုလ်ချုပ်ကြီးတွေလား။ တရားသူကြီးတွေလား။ ကျောင်းဆရာတွေလား။ ဆရာဝန်တွေလား။ အလုပ်သမားတွေလား။ လယ်သ မားဦးကြီးတွေလား။ ရုပ်ရှင်မင်း သား၊ မင်းသမီးတွေလား။ အဆိုတော်တွေလား။ ကာတွန်းဆရာတွေလား။ ပန်းချီ ဆရာတွေလား။ ကဗျာဆရာတွေလား။ စာရေးဆရာ တွေ လား။ နိုင်ငံရေး သမားတွေလား။ လွှတ်တော်ကိုယ် စားလှယ်ကြီးတွေလား။ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ ထဲမှာဆိုလျှင်လည်း မစ္စတာ အိုဘားမားလို ပုဂ္ဂိုလ်ကြီးတွေလား။ ရုရှားသမ္မ တကြီးပူတင်ကရော လူကြီးလူကောင်း လား။တရုတ်ပြည် မှ သမ္မတကြီး ရှီကျင့်ဖျင်ကရော လူကြီးလူကောင်းလား စသည်ဖြင့် ကျွန်တော့်မှာ မေးခွန်းတွေက တစ်ခုပြီးတစ် ခုဆင့်ကာဆင့်ကာ အမေးခံနေရသည်။ နောက်ပြီးတော့ ကမ္ဘာပေါ်မှာ လူကြီးလူကောင်း ဆိုသူတွေကလည်း ဘယ်နှယောက်လောက်ရှိပါမည် နည်း။ ကျွန်တော်တို့၏ နိုင်ငံမှာရော၊ လူကြီးလူကောင်း တွေ ဘယ်နှယောက်ရှိပါမည်နည်း။ ဥပမာဆိုပါတော့ ဘယ်သူတွေကို လူကြီးလူကောင်းတွေ လို့ ပြောလိုပါသ လဲ စသည်ဖြင့် ကျွန်တော့်မှာ မေးခွန်းတွေကို အမေးခံ နေရပါသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ကျွန်တော်တို့၏ နိုင်ငံမှ ရွေးကောက်ပွဲကြီးတွင် NLD ပါတီကို ပြည်သူတွေက တစ်ခဲနက်မဲတွေကို စုပုံပြီးပေး ခဲ့ကြ သည်။ ထိုကိစ္စတွေ ကတော့ ရှင်းလောက်သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ သီလ၊ သမာဓိ၊ ပညာနှင့်မေတ္တာစေတနာ တို့ကိုယုံ ကြည်လေးစားကြ၍ ဖြစ်ပုံရပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးနို ဘယ်ဆုရှင်တစ် ဦး လည်းဖြစ် ၍ ပြည်တွင်းမှာသာမက ကမ္ဘာ့နိုင်ငံတွေအားလုံးလိုလို ကလည်း ချစ်ခင်လေးစား ယုံကြည်ကြသည်ဖြစ်ရာ ပြည်သူတွေကလည်း နှစ်ပေါင်း များစွာခါးစည်းခံနေခဲ့ကြရသည့် ပြည်တွင်း ငြိမ်းချမ်းရေး နှင့်၎င်း တို့၏ဆင်းရဲဒုက္ခအပေါင်းကိုလည်း ဒေါ်အောင် ဆန်းစုကြည်က ဖယ်ရှားပေးပြီး ၎င်းတို့၏ဘဝတွေကို လည်း ငြိမ်းချမ်းအောင်ဆောင် ရွက်ပေးလိမ့်မည်ဟု ယုံ ကြည်နေကြပုံရပါသည်။ ဤကိစ္စမှာ အလွယ်ပြော၍ကတော့ မရလောက်။ ဒေါ်အောင်ဆန်း စုကြည် တစ်ဦးတည်းနှင့်လည်း မဖြစ် လောက်။ အားလုံးစုပေါင်းပြီး ညီညီညွတ် ညွတ်ဖြင့်လုပ် ဆောင်ကြမှသာ အောင်မြင်နိုင်လိမ့်မည်ဟု ထင်မိ သည်။ နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ ဖူးသည့် စ ကားတစ် ခုရှိသည်။ ''မြန်မာပြည်၏ နိုင်ငံရေးကို သိလို လျှင် ကမ္ဘာ့နိုင်ငံရေး ကိုသိမှမြန်မာပြည်၏ နိုင်ငံရေးကို သိလို့ရသည်'' ဟု ပြောခဲ့ဖူး သည်။ ဤစကားကိုတကယ် နားလည်သိရှိသဘောပေါက်ကြ ဖို့လိုအပ်သည်။ တစ်ခါက ပုပ္ပားတောင်မကြီးပေါ်သို့ ကျွန်တော်ရောက် ခဲ့ဖူးသည်။ ထိုစဉ်က ပုပ္ပားတောင်မကြီး၏ အရှေ့ဘက်ရှိ တောင်ပေါ်ရွာကလေးမှ ရွာသားအချို့မှာ တောင်ထိပ် ပေါ်တွင်လိပ်ပြာကလေးများကို ပိုက်ခြင်းလေးများနှင့် လိုက်ဖမ်းနေကြသည်။ ၎င်းတို့၏ လက်ထဲတွင် တြိဂံပုံစာအိတ်လေးတွေ လည်း ပါရှိကြသည်။ လိပ်ပြာတစ်ကောင်ဖမ်းမိလျှင် ထိုစာအိတ်ငယ်လေးများထဲတွင် ထည့်ကြရ သည်။ လိပ်ပြာတစ်ကောင်လျှင် ငွေငါးကျပ်ရ သည်ဟုလည်း သိရသည်။ ၎င်းတို့ကို ဇရပ်ထဲတွင် အိပ်နေကြ သည့် ဂျပန်တွေက အဖမ်းခိုင်း ထားခြင်းဖြစ် သည်။ ထို လိပ်ပြာငယ်လေးများကို သုတေသနလုပ်ကြည့် ကြသည့်အခါ ပုပ္ပားတောင်မကြီးမှ မည်ရွေ့မည် မျှ မိုင်အကွာအဝေး အတွင်းတွင် ဘာအပင်တွေ ပေါက်ရောက်နေကြသည်။ ဘာသီးနှံတွေကို စိုက် ပျိုးလို့ရသည် စသည်ဖြင့်သိလို့ရသည့်အကြောင်း များကိုလည်း သိရှိခဲ့ရဖူးပါသည်။ ဆိုလိုသည်မှာ ကျွန်တော်တို့ လိပ်ပြာတစ် ကောင်ကို သာမန်မျက်စိဖြင့် ကြည့်မြင်ပုံနှင့်က တော့ အလုပ်မဖြစ်၊ ဉာဏ်မျက်စိဖြင့် ကြည့်မြင် တတ်ဖို့လိုအပ်သည်။ ထိုနည်း၎င်းပင် ကျွန်တော် တို့၏နိုင်ငံကိုလည်း ကွက်ကွက်ကလေးကြည့်လို့ မရဆိုသည်ကိုလည်း သိဖို့လိုအပ် သည်။ ယနေ့ခေတ်၏ အလျင်နှုန်းတွေကလည်း ယခင်ကနှင့်မတူကြတော့ ။ ဝေါဟာရတွေ ကစပြီး ပြောင်းသွားကြပြီဖြစ် သည် Globalization, Global Village ၊ ပထဝီနိုင်ငံရေး စသည်ဖြင့်ဖြစ်သည်။ အိုင်တီနည်းပညာတွေကလည်း ကမ္ဘာကြီးမှာ အံ့မခန်းပင် တိုးတက်ပြောင်း လဲလို့နေကြ သည်။ သင်တို့၏လက်ထဲ မှာကလည်း မိုဘိုင်းဖုန်းတွေနှင့်ဖြစ်နေကြပြီ။ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန် စ သည့်ဖြင့် နိုင်ငံ တို့တွင်ရှိကြသည့် သင်တို့၏မိတ်ဆွေ များထံကိုလည်း စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း၌ပင်စ ကားပြောလို့ရသည်။ အလုပ်အကိုင်များနှင့် ကိစ္စအဝ၀ တို့ကိုလည်း တိုင်ပင်ဆွေးနွေးပြောဆိုကြ၍ရသည်။ သို့ရာတွင် အလုပ်ကိစ္စတစ်ခုအတွက် သင့်မှာဆုံး ဖြတ်ချက်က ချလို့မရဖြစ်နေသည်။ သင့်လက်ထဲမှာမို ဘိုင်းဖုန်းကလည်း သင့်ကိုယ်စား ဆုံးဖြတ်ပေးလို့ကမရ၊ မိုဘိုင်းဖုန်း၏ အလျင်နှုန်းကတစ်မျိုး၊ သင်၏အသိဉာဏ် အလျင်နှုန်းကတစ်မျိုး၊ နှစ်မျိုးဖြစ်နေသည်။ ဤနေရာတွင် အစ်ကိုဗဂျီအောင်စိုး(ပန်းချီဦးအောင် စိုး)အသက်ရှိစဉ်က ကျွန်တော့်အား ပြောပြခဲ့ဖူးသည့် စကားတစ်ခုကိုလည်း သတိရမိသည်။ ''မောင်ဒီရာ တချို့လူတွေက ငါတို့ရဲ့အတွေးအခေါ်တွေ၊ အနုပညာတွေ က သိပ်ပြီးခေတ်ရှေ့ကို ရောက်လွန်းနေတယ်လို့ပြော ကြတယ်ကွ။ တကယ်တော့ သူများနိုင်ငံတွေက အနု ပညာရှင်တွေနဲ့ ယှဉ်လိုက်ပြန်တော့ ငါတို့ရဲ့အတွေးအ ခေါ်တွေ၊ အနုပညာတွေက သိပ်ပြီးခေတ်နောက်ကျ ကျန်နေကြပြန်တယ်ကွာ''လို့ပြောပြခဲ့ဖူးသည်။ ထိုစဉ်က တစ်နေ့တွင် ကျွန်တော်ရန်ကုန်မြို့ထဲမှအ ပြန် ကျောက်မြောင်း ရပ်ကွက်မှာနေသည့် အစ်ကိုဗဂျီ အောင်စိုး၏အိမ်သို့ ဝင်ဖြစ် သည်။ အစ်ကိုက တံတား ကလေးစိတ္တဇဆေးရုံမှ အရက်ဖြတ်ပြီး အိမ်ပြန်ရောက် နေသည်ကိုတွေ့ရသည်။ အစ်ကိုက ဇရပ်လိုလို သူ့အိမ် လေး ၏ ဘုရားစင်ရှေ့မှာ ပက်လက်ထိုင်ခုံပေါ်၌ ပုတီး စိပ်နေသည်။ ထိုအချိန်တွင် အစ်ကို့သားကြီး မောင်မြင့်စိုးနှင့် သူငယ်ချင်းဖြစ်သူ ကိုသီတာတို့နှစ်ဦးမှာ အိမ်ခန်းထဲ၌ အရက်သောက်နေကြရာမှ ကျွန်တော့်ကိုမြင်တော့ လက်ပြ ၍ လှမ်းခေါ်ကြသည်။ ဒါနဲ့ကျွန်တော်လည်း အစ်ကိုအောင် စိုးအနားယူရင်းအေးအေးဆေးဆေး ပုတီးစိပ်နေသည် ကိုလည်း အနှောင့်အယှက်မဖြစ်စေရန် မောင်မြင့်စိုး နှင့် ကိုသီတာတို့ရှိရာအခန်းထဲသို့ရောက်ရှိသွားခဲ့သည်။ ကိုသီတာက ဖန်ခွက်လွတ်ထဲတွင် ရမ်အရက်နှစ် ပက်ခန့်နှင့် ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ''ကိုဒီ အဲဒါ ကိုမော့ချလိုက်''လို့ပြောရင်း လှမ်းပေးတော့ကျွန်တော် လည်း မော့သောက်ချလိုက်ပါသည်။ တစ်ဆက်တည်းဆိုသလိုပင် ကိုသီတာက ''ကိုဒီရာ ကျွန်တော်အစ်ကိုအောင်စိုးကို မကျေနပ်ဘူးဗျာ။ အကို့ ကြောင့် အကို့မိသားစုမှာ အခုလိုဆင်းဆင်းရဲရဲနဲ့ဖြစ်နေ ကြရတာဗျ''လို့ပြောပါသည်။ ဒါနဲ့ ကျွန်တော်က ''ကိုသီတာ အဲဒါမဟုတ်ဘူးနော်။ တကယ်တမ်းက အကိုဟာ အဲသလိုနေနေရမည့်သူလဲ မဟုတ်ဘူး။ အဲဒါဦးနေဝင်းကြောင့် အစ်ကိုအခုလိုဆင်း ဆင်းရဲရဲနဲ့ နေနေရတာဗျ''လို့ပြန်ပြောပြဖြစ်သည်။ ထိုအခါတွင် ကိုသီတာက ''အဲဒါဦးနေဝင်းနဲ့ဘာမှ မပတ်သက်ဘူး။ ဘာမှမသက်ဆိုင်ဘူး။ ဘာမှအဓိပ္ပာယ် မရှိဘူး''လို့ ခါးခါး သီးသီးငြင်း ပါ သည်။ ''အဲဒါဆိုရင် ကျွန်တော်လည်းရှင်းမပြတတ်တော့ဘူး ကိုသီတာ။ ကျွန်တော် တို့အဲဒီအကြောင်းကို ထပ်ပြီး မဆွေးနွေးကြနဲ့တော့၊ အေး အေးဆေးဆေး အရက်ကိုပဲ သောက်ကြရအောင်ဗျာ'' လို့ပြောကာ စကားစကိုဖြတ်၍ အလ္လာပ သလ္လာ ပ စကား များ ကိုသာလျှင် ပြောကြရင်း အရက်ကိုဆက်ပြီးသောက် ခဲ့ကြပါသည်။ ထိုစဉ်က ဘေးတွင်ရှိသည့် အစ်ကိုအောင် စိုး၏ သားကြီးဖြစ် သူ မောင်မြင့်စိုးမှာဘာမျှဝင်ရောက် မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာဖြင့်နားထောင်ရင်း အရက်ကိုသာ လျှင်သောက်နေပါသည်။ နောက်အကိုအောင်စိုးမှာလည်း ကွယ်လွန်သွားခဲ့ ပြီးသုံးလေးနှစ်လောက် ကြာတော့ ကိုသီတာကကျွန်တော့် အား ''ကိုဒီတစ်ချိန်က အစ်ကိုတို့မိသား စုကိစ္စနဲ့ပတ်သက် ပြီး ဦးနေဝင်းကြောင့်လို့ ကိုဒီပြောပြခဲ့ဖူးတဲ့စကားကို ကျွန်တော်လက်မခံနိုင်ခဲ့ဘူးဗျာ။ အခုမှ သဘောပေါက် တော့ တယ်ဗျာ''လို့တောင်း ပန် စကားဆိုပါသည်။ တစ် နှစ်လောက်ကြာတော့ မိတ်ဆွေကြီး ကိုသီတာမှာလည်း ကွယ်လွန်သွားခဲ့ပြီး မောင်မြင့်စိုးလည်း မကြာမီကွယ်လွန် သွားခဲ့ပါသည်။ ဦးနေဝင်းကိုယ်တိုင်ကလည်း မကွယ်လွန်မီသူ၏ ဘဝနေဝင်ချိန်တွင် ''အစကဒီလိုမှန်းသိရင် ဦးနုအစိုးရ ထံမှ အာဏာကို မသိမ်းခဲ့ပါ ဘူးကွာ''ဟူ၍ ပြောခဲ့ဖူး သည်ကို ဆရာမင်းယုဝေ၏မြတ်မင်္ဂလာ စာစောင် ထဲမှ ဖတ်ရသူတို့ထံက တစ်ဆင့်ကြားသိရဖူးပါသည်။ ယူကရိန်းနိုင်ငံမှ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှား တို့ မသိမ်းယူခင်က ရုရှားသမ္မတပူတင်၏ တရုတ်ပြည် ခရီးစဉ်ကို မှတ်မိကြလောက်ဦး မည်ဟု ထင်မိသည်။ ထိုအချိန်တွင်တရုတ်ပြည်ကြီးမှာလည်း ဆန်ပြုတ် ကိုသာလျှင် နှစ်ပေါင်းများ စွာသောက်နေခဲ့ကြရသည့် ဘဝမှတံခါးဖွင့်ဝါဒကို ကျင့်သုံးလိုက် သည်ဖြစ်ရာ နိုင် ငံတကာမှ စီးပွားရေးရင်းနှီးမြှုပ်နှံလာကြခြင်းများဖြင့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံကြီး အဆင့်သို့ရောက်ရှိ လာခဲ့ ပြီဖြစ်သည်။ ရုရှားသမ္မတပူတင်မှာလည်း တရုတ်ပြည်မှ အပြန်မကြာမီပင် ယူကရိန်းနိုင်ငံ၏ ခရိုင်းမီးယားကျွန်း ဆွယ်ကို သိမ်းယူလိုက်သည်။ မကြာမီဆိုသလိုပင် တရုတ်ပြည်ကြီးကလည်း တောင်း တရုတ်ပင်လယ်ထဲမှ ကျွန်းငယ်များကို သူပိုင်သည်ဟုဆို ကာ သိမ်းယူ လိုက်ပြန်လေ သည်။ ထိုအခါ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စသည့်နိုင်ငံတွေက ကန့် ကွက်ကြ၍ အမေရိကန်နိုင်ငံ ကြီး ကလည်း နိုင်ငံတကာ ရေပိုင်နက်ဟုဆိုကာ ၎င်းတို့၏ စစ်သင်္ဘောကြီး များနှင့် ဝေဟင်မှ လည်း လေယာဉ်များပါ ဝင်ရောက်လာကြ သည်။ ထိုအခါတွင် တရုတ်အစိုးရကလည်း ၎င်းတို့၏ လေပိုင် နက်၊ ရေပိုင်နက်ဖြစ်သည် ဟုဆိုကာ ပြင်းထန်စွာကန့်ကွက် လေ သည်။ နောက်ပြီး အိုင်အက်စ်စစ်သွေးကြွတို့ ကိစ္စ တွေက လည်းရှိကြသေးသည်။ ယခုအခါ ကျွန်တော်တို့၏ နိုင်ငံမှာလည်း မဲအပြတ် အသတ်ဖြင့်အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကြီးသို့ သမ္မတကြီးဦးသိန်းစိန် ဦး ဆောင်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရမှ အာဏာကိုလွှဲ ပြောင်းပေးရတော့မည့်အချိန်လည်းဖြစ်နေသည်။ ထိုအချိန်တွင်လက်ရှိအာဏာရှိနေသေးသည့် ဦး သိန်းစိန်အစိုးရအား တရုတ်သံအမတ်ကြီးက ၎င်းတို့၏ တောင်တရုတ်ပင်လယ်ကိစ္စကို မည်ကဲ့သို့ သဘောထား ကြောင်း လာရောက်တွေ့ဆုံဆွေးနွေးမေးမြန်း နိုင်သည်။ ထိုအခါတွင် သမ္မတကြီးဦးသိန်းစိန်တို့ မည်ကဲ့သို့ပြော ကြားလိမ့်မည်နည်း။ တစ်ဖန်တရုတ်သံအမတ်ကြီးမှာ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသည့် NLD ပါတီ ကြီးကိုလည်း သွားရောက်တွေ့ ဆုံကာတောင်တရုတ်ပင် လယ်ကိစ္စကို ဆွေးနွေးမေးမြန်းနိုင်သည်။ ထိုအခါတွင် NLD ပါတီကြီးမှ ဒေါ်အောင် ဆန်းစုကြည် တို့ကလည်း မည်ကဲ့သို့ပြောကြားလေမည်နည်း။ အလားတူပင်အမေရိကန်သံအမတ်ကြီးကလည်း ထိုကိစ္စကို NLD တီကြီးနှင့်ရော လက်ရှိအစိုးရအဖွဲ့ ကြီးနှင့် ပါ တွေ့ဆုံဆွေးနွေးမေးမြန်း နိုင် သည်။ထိုအခါ တွင်လည်း မည်ကဲ့သို့ပြောဆိုကြလေမည်နည်း။ ကျွန်တော်တို့၏ နိုင်ငံမှာလည်း အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်နေ၍ ထိုကိစ္စမှာ မိမိတို့နှင့်ဘာမျှမ ပတ်သက်ဟု သဘောထား၍မရ။ အပေးအယူကိစ္စတွေ ကလည်း ရှိကြသေးသည်။ နောက်ကျွန်ုပ်တို့၏နိုင်ငံမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်းဖြစ်နေရာ ခရိုင်း မီးယား အရေးကို လည်း မည်ကဲ့သို့သဘောထားကြောင်း ရုရှားသံအမတ်ကြီး ကလည်း ဆွေးနွေးမေးမြန်း နိုင်သည်။ တစ်ဖန်အီးယူနိုင်ငံတွေကလည်း ခရိုင်းမီးယားနှင့် ယူကရိန်းနိုင်ငံတို့၏ ကိစ္စတို့ကို ၎င်းတို့၏လုံခြုံရေးအတွက် ဆွေးနွေးမေးမြန်းလာနိုင် သည်။ ကျွန်တော်တို့၏ နိုင်ငံ မှာလည်း အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်၊ ဂျ ပန်စသည့်နိုင်ငံများနှင့်လည်း စီးပွားရေးလုပ်ကိုင်ကြ ရန် ကိစ္စတွေက လည်း ရှိနေကြသည်။ ထိုကိစ္စတို့မှာ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် ''မြန်မာပြည်၏ နိုင်ငံရေးကို သိလိုလျှင် ကမ္ဘာ့နိုင်ငံရေး ကိုသိမှ မြန်မာပြည် နိုင်ငံရေးကို သိလို့ရ သည်ဆိုသည့် အတိုင်းဖြစ်နေပုံရပါသည်။ သို့ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းပြောကြားထားခဲ့ သည့် ထိုစကားကိုတကယ် သဘောပေါက်နားလည်သိရှိကြ မည့် ယနေ့မြန်မာနိုင်ငံ၏ တာဝန်ရှိသော ပုဂ္ဂိုလ်ကြီးတွေ ထဲ မှာရော ဘယ်နှယောက်လောက် ရှိကြလေမည်နည်း။ ဒီမိုကရေစီအရ လူ့အခွင့် အရေးတန်းတူအခွင့် အရေး နှင့် လွတ်လပ်စွာပြော ဆိုပိုင်ခွင့်ဆိုတာတွေကလည်း မိမိ တို့တွင်ရှိနေကြသည့် အသိဉာဏ်အဆင့် အတန်းအရသာ လျှင် ပြောဆိုလုပ်ကိုင်နေကြရခြင်းဖြစ်ပုံရပါသည်။ ၎င်းမှာ မြန်မာနိုင်ငံ၏အနာဂတ်လည်းဖြစ်ပုံရလေသည်။ ။ #Democracytoday

No comments: