မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
ထိုင်ဝမ် အမျိုးသမီးသမ္မတတက်လာပြီးနောက် တရုတ်နဲ့ ဆက်ဆံရေး တင်းမာ
သတင်း
ထိုင်ဝမ် အမျိုးသမီးသမ္မတတက်လာပြီးနောက် တရုတ်နဲ့ ဆက်ဆံရေး တင်းမာ
ဧရာဝတီ၊ ဇန်န၀ါရီ ၁၈ ၊ ၂၀၁၅
ထိုင်ဝမ်ပြည်သူတွေက သူတို့ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် အသက် ၆၀ အရွယ် Tsai Ing-wen ကို ရွေး ကောက် တင်မြှောက်လိုက်ပြီးတဲ့နောက် ထိုင်ဝမ်နဲ့ တရုတ်အစိုးရအကြား ဆက်ဆံရေး တင်းမာ လာပါတယ်။
ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး ကို အဓိက ဦးစားပေးတဲ့ Democratic Progressive Party (DPP) ဟာ ပထမဆုံးအကြိမ်အဖြစ် အမတ်နေရာ အများစု အနိုင်ရရှိပြီး Tsai Ing-wen သမ္မတဖြစ် လာတာ ဖြစ်ပါတယ်။
၈ နှစ်ကျော်ကြာအောင် အာဏာ ရယူခဲ့တဲ့ Nationalist Party က DDP ပါတီကို ရှုံးနိမ့်သွားတာမို့ ထိုင်ဝမ်နဲ့တရုတ် အဆင်ပြေနေမှုတွေ တခန်းရပ်သွားတော့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ လည်းရှိနေပါတယ်။
တရုတ်နိုင်ငံဘက်ကတော့ ထိုင်ဝမ်ဘက်က လွတ်လပ်ရေး ရဖို့ ကြိုးစားတဲ့ ဆောင်ရွက်မှုတွေ မလုပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပြီဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment