Monday, January 18, 2016

ကြောက်စရာကောင်းသော ဆင်ခြေထောက်ရောဂါ

ကြောက်စရာကောင်းသော ဆင်ခြေထောက်ရောဂါ ကျမအသက်က(42)ပါ၊ ဒီရောဂါစဖြစ်တော့ အသက်(30)ဝန်းကျင်ပေါ့၊ ညာခြေထောက် ကတဖြည်းဖြည်းနဲ့ ကြီးကြီးလာလိုက်တာ - ခုမြင်တဲ့အတိုင်းပါပဲ။ ရှင် ! ဘယ်နေမလဲ ၊ ကုတာပေါ့ ၊ ရိုးရိုးဆရာ ဝန်အစ တိုင်းရင်းဆေးဆရာအလယ် အထူး ကုဆရာဝန်အဆုံး အားလုံးကုခဲ့ပေမယ့်ရော ဂါနဲ့ဆေးမတွေ့လေတော့ အချိန်ကုန်ငွေကုန် တာပဲအဖတ်တင်ခဲ့ပါတယ်။ ဒီနေ့ မြို့နယ်/ခရိုင်နဲ့ဗဟိုကကျန်းမာရေးဝန် ထမ်းတွေကျမအိမ်ကိုလာတယ်၊ ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေနဲ့ဆွေမျိုးရင်းချာတွေလိုပါပဲ။ ကျမမှာဖြစ်နေတာဆင်ခြေထောက်ရောဂါ- တဲ့၊ တစ်ကြိမ်သောက်တစ်ပြား တစ်နေ့သုံး - ကြိမ် (12)ရက်ဆေးသောက်ရမယ်တဲ့ ။ ထူးထူးခြားခြားဖြစ်ရင် ဆက်သွယ်လို့ရအောင် Ph. No. တွေလည်းပေးသွားကြပါတယ်။ ဘာကြောင့်မှန်းတော့မသိဘူး မျက်ရည်တွေ ကျမပါးပြင်ပေါ်ကိုလိမ့်ဆင်းကျလာပါရော လား ။ အရင်တုံးကမရှိခဲ့တဲ့ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးစီမံချက် အခုရှိပြီရှင့်၊ အရင်တုံး က မသောက်ခဲ့ရတဲ့ ဆင်ခြေထောက်ရောဂါ- ကာကွယ်ဆေးတွေ အိမ်တိုင်ယာရောက် - လိုက်လံတိုက်ကျွေးနေတာ ဒီနှစ်ပါဆို (3)နှစ် ရှိပြီလေ။ ကျမလိုအဖြစ်မျိုး မကြုံကြရလေအောင် အခါ အခွင့်ကြုံကြိုက်ခိုက်မှာ တစ်နှစ်တစ်ကြိမ် - ဆေးမှန်မှန်သောက်ကြပါလို့ ဘဝနဲ့ရင်းပြီး - လေးလေးနက်နက်တိုက်တွန်းပါရစေရှင်။ " ဆင်ခြေထောက်ရောဂါကင်းဝေးဖို့ ၊ လူသားအားလုံးဆေးသောက်စို့ " Credit to Min Naing မူရင်းလင့် = https://www.facebook.com/permalink.php?story_fbid=1739962349560217&id=100006394065716

No comments: