မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
ရှစ်ပြည်နယ်မူ (သို့ မဟုတ် ) ရှမ်းမူ အရှုပ်တော်ပုံ ( ပထမပိုင်း )
ရှစ်ပြည်နယ်မူ (သို့ မဟုတ် ) ရှမ်းမူ အရှုပ်တော်ပုံ ( ပထမပိုင်း )
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၄ ရက်နေ့  ...
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ....
SNLD ပါတီက ဗဟိုကော်မတီဝင် ဦးစိုင်းထွန်းအေးက ...
ဖက်ဒရယ်စနစ်မှာ အခြေခံရမယ့် မူတွေနဲ့ ပတ်သက်ပြီး ...
အဆိုတင်သွင်းတဲ့  အချိန်မှာ ...
လက်ရှိ ပြည်နယ်နဲ့  တိုင်း ၁၄ခုအစား ...
ပြည်နယ် နဲ့ တိုင်း ရှစ်ခုပဲ ထားရှိမယ့် စနစ်
ရှစ်ပြည်နယ် မူ ( ရှမ်းမူ ) လို့  လူသိများတဲ့  ....
စနစ်ကို ကျင့်သုံးဖို့  အဆိုတင်သွင်းခဲ့ပါတယ် ...
ရှစ်ပြည်နယ်မူု ဆိုတာဘာလဲ
----------------------------------
ရှစ်ပြည်နယ်မူ ဆိုတာဟာ ...
တိုင်းရင်းသားအားလုံး တန်းတူ ဖြစ်ရမယ် ...
ဗမာတိုင်း ၇ခု နဲ့  တိုင်းရင်းသားတွေက တစ်ပြည်နယ်စီ ...
ပြည်နယ် ၇ခု ဖြစ်နေတာ မမျှတဘူး ...
ဒါကြောင့် ဗမာတိုင်းအားလုံးကို စုပေါင်းပြီး ...
ပြည်နယ်တစ်ခုအဖြစ် အဖြစ်သာ သတ်မှတ်ဖို့  ...
တောင်းဆိုတဲ့  အယူအဆဖြစ်ပါတယ် ...
ရှစ်ပြည်နယ်မူကို ထောက်ခံသူတို့ ရဲ့  အယူအဆအရ ....
ဗမာပြည်နယ်တွေများတဲ့  အခါ ...
ပါလီမန်အတွင်းမှာ လွှတ်တော်အတွင်းမှာ ...
ကိုယ်စားလှယ်တွေများလာတဲ့ အတွက် ...
တိုင်းရင်းသားတွေဘက်က အမြဲရှုံးနိမ့်ရတယ် ...
ဒါကြောင့် ဗမာတွေဟာလဲ ပြည်နယ်တစ်ခုအနေနဲ့  ...
ကျန်တဲ့  တိုင်းရင်းသားပြည်နယ်တွေနဲ့  ...
ကိုယ်စားလှယ်အရေအတွက် အတူတူသာ ...
ထားရှိရမယ် ဆိုတဲ့  အယူအဆဖြစ်ပါတယ် ...
ရှစ်ပြည်နယ်မူ ဘယ်တုန်းကစလဲ
--------------------------------------
ရှစ်ပြည်နယ်မူဟာ မြန်မာ့သမိုင်းမှာတော့ ....
နာမည်ကြီး ဖက်ဒရယ်မူ တစ်ရပ် ဖြစ်ပါတယ် ...
ရှမ်းတိုင်းရင်းသားတွေ ရေးဆွဲတင်ပြတဲ့  မူဖြစ်လို့  ...
ရှမ်းမူလို့ လဲ လူသိများကြပါတယ် ...
ရှစ်ပြည်နယ်မူ နာမည်ကြီးရတဲ့  အကြောင်းအရင်းက ...
ဒီမူကြောင့် ၁၉၆၂ ခုနှစ်မှာ ...
အာဏာသိမ်းခံလိုက်ရလို့  ဖြစ်ပါတယ် ....
ဖက်ဒရယ်စနစ်ကိုတောင်းဆိုခဲ့လို့  ...
တော်လှန်ရေးကောင်စီက အာဏာသိမ်းလိုက်ရတယ်လို့  ....
လူသိများခဲ့ပေမယ့်  ...
တကယ့် တကယ်ကတော့ ....
ရှစ်ပြည်နယ်သာ ထားရှိမယ့် ဖက်ဒရယ်စနစ်ကို ....
တောင်းဆိုခဲ့လို့  အာဏာသိမ်းမူ ဖြစ်ခဲ့ရတယ်ဆိုရင် ...
ပိုပြီး တိကျမှန်ကန်မှာ ဖြစ်ပါတယ် ....
ပြည်နယ်ကိစ္စ ဘယ်လိုတွေ အငြင်းပွားခဲ့ကြသလဲ
--------------------------------------
ပင်လုံစာချုပ် ချုပ်ဆိုအပြီး လွတ်လပ်ရေးရတဲ့ အချိန် ...
၁၉၄၇ ခုနှစ် အခြေခံ ဥပဒေအရ ...
ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ်
ကရင်နီ (ကယား) ပြည်နယ် နဲ့  ချင်းဝိသေသတိုင်းဆိုပြီး ...
ပြည်နယ် ၅ခုသာ ရှိပါတယ် ...
၁၉၄၈ အောက်တိုဘာ၅ရက်မှာ ဖွဲ့ စည်းခဲ့တဲ့  ...
ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်
စုံစမ်းရေးကော်မရှင်ဟာလဲ ...
ပြည်တွင်းစစ်မီး အကြီးအကျယ်
တောက်လောင်နေတဲ့ အတွက် ...
၁၉၅၂ မှာမှ အစီရင်ခံစာ ထုတ်ပြန်နိုင်ခဲ့ ပါတယ် ...
၁၉၄၇ အခြေခံဥပဒေ ပုဒ်မ ၁၉၉ နဲ့  ၂၀၀ အရ ....
ပြည်နယ်အသစ်တွေ ဖွဲ့ စည်းခွင့်ပြုထားတဲ့ အတွက် ...
လွတ်လပ်ရေး ရပြီးချိန်မှာ ...
ရခိုင်ပြည်နယ် နဲ့  မွန်ပြည်နယ် တောင်းဆိုမှုတွေ ...
တောက်လျောက် ဖြစ်ပေါ်ခဲ့သော်လည်း ....
ဖဆပလ ဦးနုအစိုးရရဲ့ သဘောထားဟာ ...
ပြည်နယ်အသစ်တွေ ဖွဲ့ စည်းဖို့  ....
မလိုလားတဲ့ အတွက် မအောင်မြင်ခဲ့ပါဘူး ...
ဒီအခြေအနေဟာ ...
၁၉၅၈ ဖဆပလ နှစ်ခြမ်းကွဲချိန်မှာ ...
စတင်ပြောင်းလဲ သွားခဲ့ပါတယ် ...
ဆွေငြိမ်းအုပ်စု နဲ့  နုတင်အုပ်စုတို့  ...
ရွေးကောက်ပွဲ အတွက် ပြင်ဆင်လာကြချိန် ....
နှစ်ဘက်အုပ်စုဟာ ပါလီမန်အတွင်းမှာ ...
အပြိုင်အဆိုင် စည်းရုံးကြပါတယ် ...
နုတင်အုပ်စုက စည်းရုံးရာမှာ ...
သူအနိုင်ရခဲ့ရင် ...
မွန်ပြည်နယ်ဖွဲ့ စည်းဖို့ သဘောတူသူများပါက ...
ဖွဲ့ စည်းခွင့်ပေးမယ်လို့  ထုတ်ပြောခဲ့တဲ့ အပြင် ....
ပေါ်လစီလေးရပ်ကို ထုတ်ပြန်ရာမှာ ...
ပြည်နယ်အခွင့်အရေးတွေရဖို့ ဆောင်ရွက်ပေးမယ်ဆိုတဲ့  ...
အချက်တစ်ခုပါဝင်လာတဲ့ အတွက် ....
ပမညတရဲ့  ထောက်ခံမှုကို ရရှိခဲ့ပါတယ် ...
ပါလီမန်မှာ အမတ် ၆နေရာရထားတဲ့  ....
ရတညအဖွဲ့ ကို စည်းရုံးရာမှာလဲ ...
သူတို့ နိုင်ရင် ရခိုင်ပြည်နယ် ဖွဲ့ စည်းပေးမယ်လို့  ...
ထပ်မံ ကတိပြုခဲ့တဲ့ အတွက် ...
ရတည အဖွဲ့ ဟာလဲ .....
နုတင်အုပ်စုကို ထောက်ခံခဲ့ပါတယ် ...
၁၉၅၈ ဇွန်လ၉ ရက်နေ့  ...
ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ ...
ဦးဗဆွေက ....
ဦးနုဟာ အရင်က ....
ပြည်နယ်တွေ အသစ်ဖွဲ့ ခွင့်မပေးဘူးလို့ 
တွင်တွင်ပြောခဲ့ပေမယ့်  ...
အခု ဖဆပလ နှစ်ခြမ်းခွဲချိန် ...
သူအာဏာတည်မြဲဖို့  အတွက် ....
ပြည်နယ်အသစ်တွေ
ခွင့်ပြုပေးခဲ့တယ်လို့  စွပ်စွဲပြောဆိုရင်း ...
အစိုးရအပေါ် အယုံအကြည်မရှိ အဆိုကို ...
တင်သွင်းခဲ့သော်လည်း ....
ပမညတ နဲ့ ရတည ရဲ့ ထောက်ခံမဲတွေကြောင့်
နုတင် အုပ်စုကပဲ အနိုင်ရရှိသွားခဲ့ပါတယ် ....
ဦးနု အစိုးရဟာ ....
၁၉၆၀ ဧပြီ ၂၉ မှာ ပြည်နယ်တွေ ဖွဲ့ စည်းဖို့  ...
ဒေါက်တာဘဦးခေါင်းဆောင်တဲ့  ...
ငါးဦး အကြံပေးကော်မရှင် အဖွဲ့ ကို ဖွဲ့ စည်းခဲ့ပါတယ် ...
ဒီကော်မရှင်က ...
ရခိုင်ပြည်နယ် ၊ မွန်ပြည်နယ်နဲ့  ချင်းဝိသေသတိုင်းကို ...
ပြည်နယ် အဖြစ် တိုးမြှင့်ပေးဖို့  ...
စုံစမ်းလေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ် ...
ရခိုင်ပြည်နယ် ဖွဲ့ စည်းဖို့ စုံစမ်းချိန် ....
အဓိက ကြုံခဲ့ ရတဲ့ ပြသနာတွေက ...
သံတွဲကို ပုသိမ်ခရိုင်ထဲထည့်ဖို့ တောင်းဆိုမှု
ဘူးသီးတောင် မောင်တော နယ်မြေကို ...
ရခိုင်ပြည်နယ်ထဲ မထည့်ဘဲ ထားဖို့  ...
မေယုခရိုင်က ကျေးရွာ ၂၉ ရွာကို ...
သူတို့ သဘောတူမှသာ ရခိုင်ပြည်ထဲ ထည့်ဖို့  ...
ရခိုင်ပြည် အနေနဲ့  ...
ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိတယ်ဆိုတဲ့  ....
အချက်ကို ထည့်သွင်းဖို့ 
တောင်းဆိုမှုတွေ ဖြစ်ပါတယ် ...
မွန်ပြည်နယ် ဖွဲ့ စည်းဖို့ စုံစမ်းချိန် ...
အဓိက ကြုံခဲ့ရတဲ့  ပြသနာတွေကတော့ ...
ပဲခူးခရိုင်ကို
မွန်ပြည်နယ်ထဲ မထည့်ဖို့  ကန့် ကွက်တဲ့ကိစ္စ
ထားဝယ် နဲ့  မြိတ်ခရိုင်က ....
မွန်ပြည်နယ်ထဲ မပါလိုဟု တောင်းဆိုတဲ့  ကိစ္စ ....
မော်မြိုင် နဲ့ သထုံကို
မွန်ပြည်ထဲ မထည့်ဖို့ တောင်းဆိုတဲ့ ကိစ္စ ...
ကရင်ပြည်နယ်ထဲရောက်နေတဲ့  ...
မွန်ကျေးရွာ ၅၈ ရွာကို
မွန်ပြည်ထဲ ပြန်ထည့်ပေးဖို့ ကိစ္စ ...
စတဲ့ အချက်တွေ ဖြစ်ပါတယ် ....
ချင်းပြည်နယ်တိုးမြှင့်ရေး တောင်းဆိုတဲ့ ကိစ္စမှာတော့ ...
ယောနယ်က လူထုက ...
ယော ဒေသကို ချင်းပြည်ထဲ မထည့်ဖို့  ...
တောင်းဆိုမှုတွေ ရှိခဲ့ပါတယ် ....
ဒီပြည်နယ်တွေ အသစ်ပေးဖို့ လုပ်တဲ့ ကိစ္စတွေဟာ ...
၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီက ...
အာဏာသိမ်းလိုက်တဲ့ အတွက် ...
ခေတ္တရပ်တန့် သွားခဲ့ရပါတယ် ....
----------------------------------------------
( ရှမ်းမူ ဘယ်လိုအစပြုခဲ့လဲ ...
ရှမ်းမူကို ဘယ်သူတွေက မထောက်ခံခဲ့သလဲ ...
ရှမ်းမူမှာ ပြည်ပပယောဂ ပါနေလားလို့  ...
ဦးနုက ဘာကြောင့်မေးခဲ့တာလဲ ....
ဒေါက်တာဘဦး ခေါင်းဆောင်တဲ့  ငါးဦးကော်မရှင်က ...
ရှမ်းမူကို ဘယ်လိုသုံးသပ် အကြံပြုခဲ့သလဲ ...
ပြည်နယ်ဝန်ကြီးတွေထဲက ဘယ်သူတွေက ...
ရှမ်းမူဟာ လက်တွေ့ ကျင့်သုံးဖို့ မဖြစ်နိုင်ဘူးလို့ 
ထုတ် ပြောခဲ့တာလဲ ....
ဗမာ ၆၈ ရာခိုင်နူန်းရှိတဲ့ နိုင်ငံမှာ ...
ဗမာတွေက ကိုယ်စားလှယ်အရေအတွက်
အတူတူပဲ ထားရမယ်ဆိုတာ တရားမျှတရဲ့ လား ?
ရှမ်းမူကို ဆွေးနွေးနေတုန်း ...
တပ်မတော်က ဘာကြောင့်
အာဏာသိမ်းတဲ့ အထိ ဖြစ်သွားခဲ့ရတာလဲ ?
စတဲ့ အချက်အလက်တွေကို ...
ဆောင်းပါး ဒုတိယပိုင်းမှာ ဆက်လက်ဖတ်ရူနိုင်ပါတယ် ... )
FROM-NAY YI(YE MOE)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment