Sunday, January 3, 2016

အိုဘားမားဖိတ်ကြားချက်ဖြင့် သမ္မတဦးသိန်းစိန် အမေရိကန်သို့သွားမည် ***************************************************************

အိုဘားမားဖိတ်ကြားချက်ဖြင့် သမ္မတဦးသိန်းစိန် အမေရိကန်သို့သွားမည်
***************************************************************************

စိုးမြင့်နိုင် ၊ ရန်ကုန်၊ ဇန်နဝါရီ ၂-

အမေရိကန် သမ္မတအိုဘားမား၏ ဖိတ်ကြားချက်ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အ မေရိကန်နိုင်ငံသို့ ဖေဖော်ဝါရီလထဲတွင် သွား ရောက်ရန်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကျင်းပမည့် အမေရိကန်-အာဆီယံ ထိပ် သီး အစည်းအဝေးသို့ အခြား အာဆီယံ ခေါင်းဆောင်များနှင့်အတူ သမ္မတဦးသိန်း စိန်လည်း တက်ရောက်မည်ဖြစ်ကြာင်း နိုင်ငံတော်သမ္မတရုံးမှ အတည်ပြု ပြော ကြားသည်။

''အမေရိကန်လုံခြုံရေးကောင် စီက ထုတ်ထားတဲ့အတိုင်း သွားမယ်ဆို တာကတော့ ဟုတ်ပါတယ်။ ခရီးစဉ်က ဝေးသေးတဲ့အတွက် ခရီးစဉ် အသေးစိတ် ကိုတော့ မသိသေးပါဘူး''ဟု နိုင်ငံတော် သမ္မတရုံးမှ ဦးဇော်ဌေးက ပြောသည်။

အာဆီယံဒေသပြင်ပတွင် ပ ထမဆုံးအကြိမ်အဖြစ် ကျင်းပမည် ဖြစ် သည့် အမေရိကန်-အာဆီယံ ထိပ်သီးအ စည်းအဝေးသို့ အာဆီယံ ထိပ်သီးခေါင်း ဆောင်များအားလုံး ထိပ်သီးအစည်းအ ဝေးသို့ တက်ရောက်ရန် သဘောတူညီမှု ရထားပြီးဖြစ်ကြောင်း အမေရိကန်ပြည် ထောင်စု လုံခြုံရေးကောင်စီက ထုတ်ပြန် ထားသည်။

''အာရှမှာ အာဆီယံက စီးပွား ရေးညွှန်းကိန်းအရ နံပါတ်လေးလောက် ဖြစ်လာပြီဆိုတော့ ဘဏ်နဲ့ပတ်သက်တဲ့ ပေါ်လစီတစ်ခု လုပ်နေတာရှိတယ်။ အ မေရိကန်ကုမ္ပဏီတွေ အာဆီယံမှာ ဝင် ရောက် ရင်းနှီးမြှုပ်နှံနိုင်ဖို့ပေါ့။ အဲဒီပေါ် လစီကို အဓိက ဆွေးနွေးဖြစ်လိမ့်မယ်ထင် တယ်''ဟု အမေရိကန်-အာဆီယံ စီးပွား ရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ စီး ပွားရေးအကြံပေး ဦးချစ်ထွန်းဖေက ပြော သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ¤င်း၏ သမ္မတသက်တမ်းအတွင်း ၂ဝ၁၃ ခုနှစ် မေလက အိမ်ဖြူတော်သို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်သ ကဲ့သို့ ယခု အမေရိကန်နိုင်ငံသို့ ဒုတိယ အကြိမ်အဖြစ် သွားရောက်မည်ဖြစ်ပြီး သမ္မတအိုဘာမားနှင့်လည်း လေးကြိမ် ထက်မနည်း တွေ့ဆုံခဲ့ကြသည်။

(Flower News Journal, 12-1)
Ref:https://m.facebook.com/story.php?story_fbid=1097625776923008&substory_index=0&id=334119789940281

No comments: