မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, January 15, 2016
အိမ်ထောင်ရှင်မိခင်အားလုံး နေ့စဉ်လုပ်သင့်တဲ့အချက် (၈) ချက်
အိမ်ထောင်ရှင်မိခင်အားလုံး နေ့စဉ်လုပ်သင့်တဲ့အချက် (၈) ချက်
နေ့စဉ်နေ့တိုင်း အသီးအရွက်ကြော်တစ်ခွက် အမြဲကြော်ကြွေးပါ။
၁ - ကလေးတွေကို သူတို့ဆယ်ကျော်သက်အရွယ်ထိ ပွေ့ဖက်တာမျိုး လုပ်ပေးပါ။ တစ်ပတ်တစ်ခါ မွှေးမွှေးပေးပါ။
၂ - ဘယ်အလုပ်ပဲလုပ်နေပါစေ ကလေးတွေဝင်လာတဲ့အခါ လုပ်နေတာကိုရပ်ပြီး သူတို့ကို ပြုံးပြပါ။
၃ - ကလေးတွေနဲ့ အတူစားပါ။ ညစာမှ အတူစားရမှာမျိုး မဟုတ်ပါဘူး။
play
၎- ကလေးတွေထက် အမြဲစောထပါ။
၅ - နေ့စဉ်နေ့တိုင်း အသီးအရွက်ကြော်တစ်ခွက် အမြဲကြော်ကြွေးပါ။
၆ - ခင်ပွန်းနဲ့အတူ စကားပြောပါ၊ လမ်းလျှောက်ပါ။
play
၇ - မိတ်ဆွေတွေပေါ် ခင်မင်တဲ့စကားပြောပါ။ လူကိုယ်တိုင်ပြောလို့ရရင် ပြောပါ။ ဖေ့ဘွတ်ပေါ်မှာပဲ မလုပ်ပါနဲ့။
၈ - ရယ်ပါ။ ရယ်စရာမရှိရင် ဟာသဗီဒီယိုလေးတွေ ဖုန်းထဲထည့်ထားပါ။ ည ၈ နာရီမှ ရယ်စရာမရှိရင် ဒီဗီဒီယိုလေးတွေကြည့်ပါ။
**တကယ်တော့ နေ့စဉ်လုပ်စရာတွေဟာ ရာချီနေတာပါ။ အဓိကကတော့ သင့်ပတ်ဝန်းကျင်နဲ့ သင့်ကိုသင်အလေးထားဖို့ မမေ့ပါနဲ့။ သင့်အတွက် အရေးကြီးတဲ့လူတွေကို ဂရုစိုက်ဖို့မမေ့ပါနဲ့။
Photos & Source: Huffignton
Credit: Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment