Monday, January 18, 2016

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံခြင်းမှာ စီးပွားရေး သက်သက် သာဖြစ် ဟု တရုတ် ကုမ္ပဏီကဆို ++++++++++++++++++++

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံခြင်းမှာ စီးပွားရေး သက်သက် သာဖြစ် ဟု တရုတ် ကုမ္ပဏီကဆို +++++++++++++++++++++++++++++++++++++++++++++++++++ ပေကျင်း၊ ဇန်နဝါရီ ၁၇ ။ ။ မြန်မာနိုင်ငံ ကျောက်ဖြူ မြို့ တွင် အထူး စီးပွားရေးဇုန် ဆောင် ရွက်ရန် စီမံကိန်းနှစ်ခုရှိသည်။ ထို စီမံ ကိန်းနှစ် ခု သည် မြန်မာ နိုင်ငံနှင့် မြန်မာပြည် သူလူထု အကျိုးစီးပွား ကိုဖြစ် ထွန်းစေလိမ့်မည်ဟု ကုမ္ပဏီ တစ်ခုမှ အရာရှိတစ်ဦးက ဆင်ဟွာ သို့ မကြာသေးမီကပြောကြားခဲ့သည်။ တရုတ်ဆောက်လုပ်ရေးကုမ္ပ ဏီဖြစ်သော China International Trust and Investment Corporation (CITIC) သည် တခြားတရုတ် ကုမ္ပဏီလေး ခုတို့နှင့် အတူ ထိုင်းကုမ္ပ ဏီတစ်ခုနှင့် ကွန်ဆော်တီယမ် (consortium)ဖွဲ့ထားသည်။ ထိုကွန်ဆော် တီယမ်၏ သည် ကျောက်ဖြူ စက် မှု ဇုန် နှင့် ရေနက် ဆိပ်ကမ်းစီမံကိန်း ဆောက် လုပ်ရေးအတွက် ၂၀၁၅ ခုနှစ် ဒီဇင် ဘာ ၃၀ ရက်၌ တင်ဒါအောင် ခဲ့ခြင်း ဖြစ်သည်။ ကျောက်ဖြူစီမံကိန်းနှစ်ခုတွင် CITIC နှင့် တခြားလုပ်ဖော်ကိုင် ဖက်များ ရင်းနှီးမြှုပ်နှံခွင့်ရခြင်းမှာ စီးပွားရေးလုပ်ငန်းသက်သက်ဖြစ် သည်ဟု CITIC ဒုတိယ ဥက္ကဋ္ဌ ယွမ်န် ရှောင်ပင်က ဆင်ဟွာသို့ပြောပြသည်။ ကျောက်ဖြူစီမံကိန်း အခြေခံ အဆောက် အအုံများ ဆောက်လုပ် ရာတွင် ပတ်ဝန်းကျင်ကို မထိခိုက် စေသောနည်းလမ်းကို ရှာဖို့လိုသည် ဟု ၎င်းကဆိုသည်။ Ref: Xinhua #Democracytoday

No comments: