Monday, January 18, 2016

အစိုးရနိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှုအထောက် အကူပြုကော်မတီနှင့် NLD အသွင်ကူးပြောင်းရေးအဖွဲ့တို့ လာမည့်သီတင်းပတ်တွင် တွေ့ဆုံနိုင်ဖွယ်ရှိ +++++++++++++++++++++++++++++++++++++++++++++

အစိုးရနိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှုအထောက် အကူပြုကော်မတီနှင့် NLD အသွင်ကူးပြောင်းရေးအဖွဲ့တို့ လာမည့်သီတင်းပတ်တွင် တွေ့ဆုံနိုင်ဖွယ်ရှိ +++++++++++++++++++++++++++++++++++++++++++++ ရန်ကုန်၊ ဇန်နဝါရီ ၁၇- အစိုးရ၏နိုင်ငံတော် အကြီးအကဲတာဝန်လွှဲ ပြောင်းမှု အထောက်အကူပြုကော်မတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ အသွင်ကူးပြောင်းရေးအဖွဲ့တို့ လာမည့် သီတင်းပတ်တွင်တွေ့ဆုံနိုင် ဖွယ်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်ဦးဝင်းထိန်၏ ပြောကြားချက်အရသိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏အသွင်ကူးပြောင်းရေးအဖွဲ့မှ ဦး ဝင်းထိန်က ''ဒေါ်အောင်ဆန်းစု ကြည်အဆင်သင့်ဖြစ်တဲ့ အချိန်မှာ ကျွန်တော်တို့ကို သူတို့ကအချိန်မရွေး တွေ့လို့တော့ ပြောထားပြီးပြီ။နောက် အပတ် ပဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်''ဟုပြောသည်။ ယင်းတွေ့ဆုံမှုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူးပြောင်း ရေး အဖွဲ့မှ မေးမြန်းထားသည့်ဝန်ကြီး ဌာနများ၏ ဘတ်ဂျက်များနှင့်ပတ် သက်ပြီး ပြန်လည်ဖြေကြားသွားဖွယ်ရှိကြောင်း သိရသည်။ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီ တွင်ပါဝင်သည့် နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူးဦးဇော်ဌေး ထံ ဆက်သွယ်မေးမြန်းရာ ''ကျွန် တော်တို့သတင်းထုတ်ပြန်ပါ့မယ်'' ဟု ပြောကြားခဲ့သည်။ နိုင်ငံတော်အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အသွင်ကူးပြောင်းရေး အဖွဲ့တို့အကြား ပထမအကြိမ်ညှိ နှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်နေ့ တွင် နေပြည်တော်၌ပြုလုပ်ခဲ့သည်။ ယင်းပထမအကြိမ်ညှိနှိုင်းအ စည်းအဝေးတွင် နိုင်ငံတော်အကြီး အကဲလွှဲပြောင်းသည့် အခမ်းအနား ကို နိုင်ငံတော်သမ္မတအိမ်တော်တွင် ကျင်းပရေးဆိုင်ရာ လျာထားချက် များ၊ ဝန်ကြီးဌာနများအလိုက် စနစ် တကျ လွှဲပြောင်းရေးဆိုင်ရာလုပ်ငန်း စဉ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၂၀၁၅ အထွေထွေရွေးကောက် ပွဲရလဒ်အရ နေရာအများစုအနိုင် ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဦးဆောင်မည့် အစိုးရသစ်အား အာဏာ လွှဲပြောင်းနိုင်ရန်နိုင်ငံ တော်အကြီးအကဲ တာဝန်လွှဲပြောင်း မှုအထောက် အကူပြု ကော်မတီကို အစိုးရဘက်မှ ဒီဇင်ဘာ၁ဝရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီ တွင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦး လှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတ ရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ အသွင်ကူးပြောင်းရေးအဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦး ဝင်းထိန်၊ ဒေါက်တာမျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာအောင်သူ တို့ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။ HM #Democracytoday

No comments: