Wednesday, January 13, 2016

ဖမ်းဆီးထားသော သင်္ဘောသားများအတွက် အမေရိကန်နိုင်ငံ၏ တောင်းပန်မှုများ ကို အီရန် လိုလားလျက်ရှိနေ



ဖမ်းဆီးထားသော သင်္ဘောသားများအတွက် အမေရိကန်နိုင်ငံ၏ တောင်းပန်မှုများ
ကို အီရန် လိုလားလျက်ရှိနေ
------- -------- ----------

အီရန်နိုင်ငံသည် ၄င်းတို့ရေပိုင်နက် အတွင်းသို့ ရောက်ရှိလာသော အမေရိကန်
လှေ နှင့် သင်္ဘောသား ဆယ်ဦးကို ဖမ်ဆီးပြီးနောက် အမေရိကန်နိုင်ငံ၏ ကျုးကျော်မှု
များအတွက် ပြန်လည်တောင်းပန်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံမှ ကင်းလှည့်လှေ နှစ်စီး နှင့် သင်္ဘောသားများမှာ ပြီးခဲ့သော
ရက်ပိုင်းတွင် အီရန်နိုင်ငံ ရေပိုင်နက်အတွင်း၌ ဖမ်းဆီးခံထားရသည်။

အမေရိကန်နိုင်ငံကမူ ဖမ်းဆီးခံထားရသော ၄င်းတို့ နိုင်ငံသားများကို အီရန် နိုင်ငံက
မကြာမီ ပြန်လွှတ်ပေးမည်ဟု မျှော်လင့်လျက်ရှိနေသည်။ အမေရိကန်နိုင်ငံ မှာ
သင်္ဘောသားများ ဖမ်းဆီးခံရပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အီရန်
နိုင်ငံခြားရေးဝန်ကြီးထံ ဆက်သွယ် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ဖ် က အီရန် ရေပိုင်နက်ကို ကျုးကျော်မှု
အတွက် အမေရိကန်နိုင်ငံက ပြန်လည်တောင်းပန်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း
ပြောဆိုထားသည်။

ဖမ်းဆီးခံထားရသော သင်္ဘောသားများမှာ အမျိုသား ကိုးဦး နှင့် အမျိုးသမီးတစ်ဦး
ဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံမှာ လက်ရှိအချိန်တွင် အမေရိကန် သင်္ဘောသားများကို အကျဉ်းထောင်
အတွင်း ဖမ်ဆီးထားကြောင်း ၊ ပြီးခဲ့သော ၂၀၀၇ ခုနှစ်ကလည်း အီရန်နိုင်ငံ
ရေပိုင်နက်အတွင်းကို ရောက်ရှိလာခဲ့သည့် ဗြိတိန်နိုင်ငံမှ သင်္ဘောသားများကို ၁၃
ရက်ကြာ ဖမ်းဆီးထိန်းသိမ်း ထားဖူးကြောင်း သိရသည်။

အမေရိကန်နိုင်ငံက ၄င်းတို့ လှေနှင့်သင်္ဘောသားများမှာ ကူဝိတ်မှ ဘာရိန်းသို့
သွားစဉ် လမ်းကြောင်းမှားပြီး အီရန်နိုင်ငံအတွင်းသို့ ရောက်ရှိသွားဖွယ် ရှိနေကြောင်း
အဆိုပါ လှေများမှာ စက်အင်ဂျင် ချို့ယွင်းချက်များ ရှိနေကြောင်း ပြောဆိုသည်။

အမေရိကန် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ လှေနဲ့အဆက်သွယ် ပြတ်
တောက်မှု ဖြစ်ခဲ့တယ်။ အီရန်နိုင်ငံက ဖမ်းဆီး ထိန်းသိမ်းထားတယ်” ဟု
ပြောဆိုသည်။

အီရန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ် အလီဖာဒီဗီက အမေရိကန်နိုင်ငံ
လုပ်ရပ်မှာ ပရော်ဖက်ရှင်နယ် ပီသသော လုပ်ရပ်မျိုး မဟုတ်ကြောင်း စွပ်စွဲပြစ်တင်
ထားသည်။

အီရန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့မှာ နျူကလီယားစာချုပ် ချုပ်ဆိုရေးအတွက်
သဘောတူညီမှုများ ရရှိထားသော်လည်း လက်ရှိအချိန်တွင် တင်းမာမှုများ ရှိနေခဲ့
ကြောင်း သိရသည်။

အီရန် နိုင်ငံမှာ ပြီးခဲ့သောနှစ် ဒီဇင်ဘာလတွင် အမေရိကန် စစ်သင်္ဘောများအနီး
ဒုံးကျည်များ စမ်းသပ်ခဲ့ဖူးရာ အမေရိကန်နိုင်ငံက အီရန်နိုင်ငံမှ ဟော့မုဒ်ကျွန်းအနီး
လုပ်ရပ်မှာ ကျူးကျော်မှုဖြစ်ကြောင်း ပြောဆိုဖူးသည်။

သတင်း - ဇော်မင်းဦး
The Ladies News Journal

No comments: