Wednesday, January 13, 2016

အုတ်တွင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌအကြောင်း မမှန်သတင်းအွန်လိုင်းတင်သူကို အမှုဖွင့်

အုတ်တွင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌအကြောင်း မမှန်သတင်းအွန်လိုင်းတင်သူကို အမှုဖွင့်
-----------------------------------------
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဒေါ်ချိုချိုက ဒေသခံအမျိုးသမီးတစ်ဦးကို ပါးရိုက်ဆဲဆိုခဲ့သည်ဟုဆိုသော မဟုတ်မမှန်သတင်းကို လူမှုကွန်ရက်စာမျက်နှာတွင်တင်ခဲ့သည့် Nay Kar Yan(နတ်သျှင်နောင်) အကောင့်ပိုင်ရှင် ကျွဲပွဲမြို့ဒေသခံတစ်ဦးကို ဇန်နဝါရီ ၁၁ ရက်က ကျွဲပွဲနယ်မြေစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း NLD ပါတီအတွင်းရေးမှူး ဦးမြင့်ဦးက ဆိုသည်။
"ကျွဲပွဲမြို့နယ် ခင်ကြီးရပ်ကွက်မှာနေတဲ့ ဦးလွင်မြင့်ဆိုသူက ဇန်နဝါရီ ၉ ရက် ည ၇ နာရီလောက်က အွန်လိုင်းစာမျက်နှာမှာ ကျွန်တော်တို့ ဥက္ကဋ္ဌကို မမှန်သတင်းထုတ်လွှင့်ခဲ့တယ်။ သက်သေတွေနဲ့ သွားရောက်စစ်ဆေးတဲ့အခါမှာလည်း ဝန်ခံထွက်ဆိုခဲ့တာကြောင့် ကနဦးအနေနဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ ကျွဲပွဲနယ်မြေစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အုတ်တွင်းမြို့နယ် NLDပါတီ ဥက္ကဋ္ဌ ဒေါ်ချိုချိုသည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အုတ်တွင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံထားရသူဖြစ်သည်။

No comments: