Monday, October 12, 2015

ရေဘေးသင့်ဒေသလေးခုအတွက် WFP မှတစ်ဆင့် ဂျပန်အစိုးရ ဆန်လှူမည်

ရေဘေးသင့်ဒေသလေးခုအတွက် WFP မှတစ်ဆင့် ဂျပန်အစိုးရ ဆန်လှူမည်

Monday, October 12, 2015

တီးတိန်မြို့နယ်သို့ အလှူပစ္စည်းများ သွားရောက်လှူဒါန်းရန် ခက်ခက်ခဲခဲသွားနေရသော ကားတစ်စီး (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဂျပန်အစိုးရက ရေလွှမ်း မိုးမှုဒဏ် အများဆုံးခံရသည့် ရေ ဘေးသင့်ဒေသလေးခုအတွက် ဆန်မက်ထရစ်တန်ချိန် ၁,၉၀၀ ကျော်ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ မှတစ်ဆင့် ထောက်ပံ့ကူညီမည် ဟု သတင်းရရှိသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ရေဘေးကယ်ဆယ်ရေး စားနပ် ရိက္ခာထောက်ပံ့ရေး အရေးပေါ် ရန်ပုံငွေတွင် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၁၃ သိန်း ကျော် လှူဒါန်းခဲ့ပြီး အဆိုပါရန်ပုံ ငွေဖြင့် ဆန်တန်ချိန်မက်ထရစ် တန် ၁,၉၀၀ ကျော် ထောက်ပံ့ လှူဒါန်းခြင်းဖြစ်ကာချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသကြီးတို့တွင် ကူ ညီထောက်ပံ့မည်ဖြစ်သည်။

‘‘ဟားခါး၊ တီးတိန်နဲ့ ထန် တလန်မှာရှိတဲ့ ရေဘေးဒုက္ခသည် တွေက WFP ဆီကနေ ရေဘေး ခွဲတမ်း တစ်ရက် နို့ဆီနှစ်ဘူး လောက်ပဲရတယ်။ သူတို့အတွက် ပြည့်စုံလုံလောက်တဲ့ ထောက်ပံ့မှုမဟုတ်ဘူး။ သူတို့အများဆုံးရနေတာက ပြည်တွင်းအလှူရှင် တွေဆီကပဲ’’ ဟု အဆိုပါမြို့နယ်များတွင် ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောသည်။

ရေဘေးကယ်ဆယ်ရေးအ တွက် WFP ၏ စားနပ်ရိက္ခာ ထောက်ပံ့မှုသည် အခြားထောက် ပံ့သူများထက်နည်းသဖြင့် ဒေသ ခံပြည်သူများ လုံလောက်မှုမရှိဟု ဆိုသည်။

WFP အဖွဲ့အတွင်း ရန်ပုံငွေ လိုအပ်မှုနှင့် စားနပ်ရိက္ခာရရှိနိုင် မှု အကန့်အသတ်ဖြင့်ရှိနေ၍ အ ခြားဒေသများတွင် ကူညီထောက် ပံ့နေသော စားနပ်ရိက္ခာ အမျိုးအစားများကိုလျှော့ချပြီး ရေဘေး ကယ်ဆယ်ရေး ဆောင်ရွက်နေရ သည်။

အောက်တိုဘာနှင့် ဒီဇင်ဘာ တွင် ရေဘေးဒဏ်ခံစားရသော ဒေသများ၌ စားနပ်ရိက္ခာလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ်က ဒေါ်လာ ၁၀ ဒသမ ၇ သန်း အရေးတကြီးလိုအပ် နေသည်ဟု ဆိုသည်။

ရေဘေးသင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးအစီ အစဉ်များကို ဩဂုတ် ၂ ရက်မှစ၍ WFP က စတင်ဆောင်ရွက်ခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကို ၂၀၁၆ ဇူလိုင်လကုန်ထိ ဆောင်ရွက်မည်ဟု သိရသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: